228 Shares 54 Views

16MP Selfie Camera ပါမယ့် HTC U11 Life ရဲ့အချက်အလက်များပေါက်ကြား

Oct 04, 2017
228 54

HTC ကနေအသစ်ထွက်လာမယ့် စမတ်ဖုန်းဖြစ်တဲ့ U11 Life ရဲ့အချက်အလက်များပေါက်ကြားထွက်ပေါ်လာပါတယ်။ သင်တင့်တဲ့ ဈေးနှုန်းအတိုင်းအတာနဲ့အတူ android One UI နဲ့ထွက်လာမယ့်ဖုန်းလို့သတ်မှတ်ထားပါတယ်။ လတ်တလောထွက် ထားတဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ Xiaomi Mi A1နဲ့ Moto X4 တို့ကလည်း android One ရဲ့ဈေးကွက်လှိုင်းထဲကို ဝင်ရောက်လာခဲ့ပြီးနောက်ပိုင်းမှာတော့ HTC U11 Life နဲ့ပေါင်းစပ်သွားပါလိမ့်မယ်။

Google ရဲ့ android One အစီအစဉ်ဟာသုံးစွဲသူအများစုရဲ့ နှစ်သက်မှုရရှိနေပြီး နိုင်ငံတကာမှာရှိတဲ့ မိုဘိုင်းဖုန်းထုတ်လုပ်သူအများစုနဲ့ ပူးပေါင်းနေပါတယ်။ HTC U11 Life ရဲ့ အဓိကင်မရာဟာ 16MP အရည်အသွေးနဲ့ဖြစ်ပြီး ပုံရိပ်တွေကို အကောင်းဆုံးရိုက်ကူးနိုင်ပါလိမ့်မယ်။ Selfie ကင်မရာကိုတောင် အရှေ့ဘက်မှာ 16MP အမျိုးအစားပဲတပ်ဆင်ပေးထားပါတယ်။ နောက်ဆုံးထွက်ပေါ်ထားတဲ့ တိုင်းတာချက်တွေအရ မူရင်း HTC U11 ရဲ့ single ကင်မရာဟာနောက်ဆုံးထွက်ထားတဲ့ စမတ်ဖုန်းတွေမှာပါတဲ့ dual-Camera ကိုတောင်ယှဉ်နိုင်တယ်လို့ဆိုပါတယ်။

HTC U11 Life မှာ ပါဝါပိုင်းအတွက်တော့ Qualcomm Snapdragon 630 SoC ထည့်သွင်းထားပြီး Moto X4 နဲ့တူညီပါတယ်။ ဘက်ထရီပိုင်းမှာတော့ 2,600 mAh စွမ်းအားနဲ့ဖြစ်ပါတယ်။ အချက်အလက်သိုလှောင် နိုင်စွမ်းနဲ့ RAM ပိုင်းမှာတော့ ၂မျိုးရွေးချယ်နိုင်မှာဖြစ်ပါတယ်။ 3GB RAMနဲ့ဆိုရင် 32GB သိုလှောင်မှုနဲ့ ရနိုင်မှာဖြစ်ပြီး၊ 4GBRAM ကိုရွေးချယ်မယ်ဆိုရင်တော့ 64GB သိုလှောင်မှုနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။ အချက်အလက်တွေထပ်မံတိုးမြင့်နိုင်စွမ်းလည်း ရှိပြီး SD card ကိုသုံးကာ 2TB အထိ တိုးနိုင်ပါလိမ့်မယ်။

Edge sense လုပ်ဆောင်ချက်နဲ့အတူ Usonic နားကျပ်၊ ဖုန်ဒဏ်နဲ့ ရေစိုခံနိုင်စွမ်းအတွက် IP တို့ကိုထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ Android OS 8.0 Oreo နဲ့ဖြစ်ပါတယ်။ဈေးနှုန်းကတော့ Moto X4 ဈေးနှုန်းနဲ့ သိပ်မကွာလှဘူးလို့ဆိုပါတယ်။ ဒီသတင်းအရဆိုရင်တော့ဒေါ်လာ ၃၉၉ ဝန်းကျင်လောက်သာရှိမှာဖြစ်ပါတယ်။ HTC စမတ်ဖုန်းနှစ်သက်သူတွေအတွက်ကတော့ အမှန်တကယ်ကောင်းတဲ့ လုပ်ဆောင်ချက်တွေနဲ့ထွက်ပေါ်လာမှာပဲ ဖြစ်ပါတယ်။

You may be interested

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ
FEATURES, Softwares & Application
177 shares54 views

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ

Ko Thuya - Jun 20, 2018

Google ရဲ့ Gmail, Maps စတဲ့ Apps များကိုတော့ စာဖတ်သူများ သိရှိကြပါတယ်။ ဒါပေမယ့် Google ဟာ Android Apps များစွာကို ဖန်တီးပေးထားပါတယ်။ အဲဒီအထဲကမှ သင် မသိတဲ့ Google ရဲ့ အကောင်းစား Android…

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ
Mobiles & Tablets, NEWS
260 shares55 views

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ

Ko Thuya - Jun 20, 2018

Xiaomi က Mi 8 နဲ့ Mi 8 SE တို့ရဲ့ China Stable Version များအတွက် MIUI 9.5 ROM ကို ဖြန့်ချီပေးလိုက်ပါတယ်။ သူတို့ရဲ့ ဗားရှင်းအမည်များကတော့ V9.5.6.0 (OEACNFA) နဲ့…

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds
Uncategorized
118 shares48 views

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds

Nwe Oo - Jun 20, 2018

[Zawgyi] PUBG Corp. ကတော့ စထွက်ကတည်းက ခုချိန်ထိ PlayerUnknown’s Battleground ဂိမ်းကိုဆော့နေတဲ့သူပေါင်း သန်း ၄၀၀ ရှိနေပြီလို့ ဖော်ပြလိုက်ပါပြီ။ တစ်လတစ်လကို Log in ဝင်ဆော့တဲ့သူပေါင်း ၂၂၇သန်းလောက်တောင်ရှိနေပြီး ဒီထက်ပိုများလာဖို့အတွက် အခုဆို Steam မှာ $29.99…

Leave a Comment

Most from this category