0 Shares 27 Views

သိပ္ပံပညာရှင်များက လူ့ရဲ့ မျက်ရည်နဲ့ တံတွေးများကနေ လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်တဲ့ နည်းလမ်းကို တွေ့ရှိ

Oct 04, 2017
0 27

သိပ္ပံပညာရှင်များက လူ့ရဲ့ မျက်ရည်၊ တံတွေးနဲ့ အခြားနေရာများမှထွက်တဲ့ အရည်များကနေ လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်တဲ့ နည်းလမ်းကို တွေ့ရှိခဲ့ပါတယ်။ ဒါဟာ Lysozyme အမည်ရ ပရိုတိန်းကြောင့် ဖြစ်ပြီး သူ့ကို ဖိအားပေးလိုက်ရင် လျှပ်စစ်စွမ်းအင် ထွက်ရှိပါတယ်။ ဒီလိုသာ လူကနေ လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်တယ်ဆိုရင် ခန္တာကိုယ်ထဲမှာ မြှပ်နှံမယ့် အီလက်ထရောနစ် ကိရိယာများအတွက် အလွန် အသုံးဝင်လာမှာ ဖြစ်ပါတယ်။

အဲဒီ ပရိုတိန်းကို မျက်ရည်၊ တံတွေး၊ နို့များမှာ တွေ့ရှိရပါတယ်။ ယခု သုတေသနကို အိုင်ယာလန်မှ University of Limerick ကနေ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ယခုတွေ့ရှိချက်ကို အခြေခံ၍ အနာဂတ်မှာ ခန္တာကိုယ်တွင်းမှာ ကိုယ်ပိုင် စွမ်းအင်ဖြင့် လည်ပတ်နိုင်တဲ့ ကျန်းမာရေး အထောက်အကူပြု အီလက်ထရောနစ် ကိရိယာများကို ထည့်သွင်းဖို့အတွက် ပညာရှင်များက ဆက်လက်ဖန်တီးကြမှာ ဖြစ်ပါတယ်။

အဲဒီ အီလက်ထရောနစ် ကိရိယာများထဲမှာ ခန္တာကိုယ်ထဲမှာ ဆေးဝါးများ ထုတ်လုပ်ပေးခြင်း၊ Lysozyme ကို အာရုံခံနိုင်တဲ့ Sensors များပါတဲ့ ကိရိယာများလည်း ပါဝင်လာနိုင်ပါတယ်။ အဲဒီ ပရိုတိန်းကို လူတွေတွေ့ရှိခဲ့တာ ကြာပြီ ဖြစ်ပေမယ့် အခုလို လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်တယ်ဆိုတာ မသိရှိခဲ့ပါဘူး။

Alexander Fleming ဟာ ပင်နီဆလင်ကို မတွေ့ရှိခင်မှာ အဲဒီ ပရိုတိန်းကို ပိုးသတ်ဆေးအဖြစ် အသုံးချဖို့ ရည်ရွယ်ခဲ့ပါသေးတယ်။ သူဟာ ၁၉၆၅ ခုနှစ်မှာ သုံးဖက်မြင် ပုံဖော်နိုင်တဲ့ ပထမဆုံး ပရိုတိန်းများထဲမှ တစ်ခုလည်း ဖြစ်ပါတယ်။

ref : sciencealert

You may be interested

Dell က ကမ္ဘာ့ ပထမဆုံး ၄၉ လက်မ Ultra-wide QHD Monitor ကို ပြသ
Dell, HUBS, NEWS
0 shares0 views

Dell က ကမ္ဘာ့ ပထမဆုံး ၄၉ လက်မ Ultra-wide QHD Monitor ကို ပြသ

Ko Thuya - Oct 16, 2018

Dell UltraSharp U4919DW ဟာ ကမ္ဘာ့ ပထမဆုံး ၄၉ လက်မ Ultra-wide QHD Monitor ဖြစ်လာပါတယ်။ ဈေးကွက်ထဲမှ အခြား Ultra-wide Display များဟာ Full HD Resolution သာ ရှိပါတယ်။ ဒါ့အပြင်…

၂၀၁၉ ခုနှစ်မှာ အာကာသကို ခရီးသည် ပို့ဆောင်ပေးမယ့် Jeff Bezos
NEWS, Tech Update
0 shares0 views

၂၀၁၉ ခုနှစ်မှာ အာကာသကို ခရီးသည် ပို့ဆောင်ပေးမယ့် Jeff Bezos

Ko Thuya - Oct 16, 2018

Amazon CEO Jeff Bezos က ကုန်ပစ္စည်းများ ရောင်းချတဲ့ လုပ်ငန်း အပြင် Blue Origin အမည်ရ အာကာသ နည်းပညာ ကုမ္ပဏီကိုပါ တည်ထောင်ထားပါတယ်။ ဒီကုမ္ပဏီဟာ သူ့အတွက် အရေးအကြီးဆုံးလို့တောင် သူက ပြောပါတယ်။ သူက အာကာသ…

Microsoft က ပန်းရောင် Surface Laptop 2 ကို ပြသ
HUBS, Microsoft, NEWS
0 shares5 views

Microsoft က ပန်းရောင် Surface Laptop 2 ကို ပြသ

Ko Thuya - Oct 16, 2018

Microsoft က ပန်းရောင် Surface Laptop 2 ကို ပြသလိုက်ပြီး တရုတ်မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Surface ဌာနရဲ့ အကြီးအကဲ ဖြစ်သူ Panos Panay က အဲဒီ အရောင်ကို ဘေဂျင်းမှာ ပြသလိုက်တာပါ။ တရုတ်မှာသာ…

Leave a Comment

Most from this category