263 Shares 47 Views

Apple က ဖုန်းပြောစဉ် အသံအက်တဲ့ ပြဿနာကို ဖြေရှင်းပေးတဲ့ iOS Update ကို ဖြန့်ချီ

Oct 04, 2017
263 47

Apple က iOS 11.0.2 ကို ဖြန့်ချီပေးလိုက်ပါတယ်။ အဲဒီ Update မှာ အချို့ iPhone 8 နဲ့ iPhone 8 Plus များမှာ ဖုန်းပြောစဉ် အသံအက်တဲ့ ပြဿနာကို အဓိက ဖြေရှင်းပေးထားပါတယ်။ ဒီပြဿနာရဲ့ အကြောင်းအရင်းကိုတော့ မသိရပေမယ့် ဆော့ဖ်ဝဲပြဿနာ ဖြစ်နိုင်ပါတယ်။ ဒီပြဿနာ ဖြစ်တဲ့ iPhones များမှာ Earpiece ဟာ အခြားအချိန်များမှာ ကောင်းစွာ အလုပ်လုပ်ပေမယ့် ဖုန်းပြောတဲ့ အခါမှာတော့ အသံအက်ကွဲတဲ့ ပြဿနာ ဖြစ်ပေါ်လာပါတယ်။

Apple က ဒီပြဿနာကို ပြီးခဲ့တဲ့ တစ်ပတ်က အတည်ပြုပြီးနောက်မှာ ဒီပြဿနာဟာ ဖုန်းအနည်းငယ်မှာသာ ဖြစ်ပွားခြင်းဖြစ်ပြီး ပြုပြင်ပေးတဲ့ Update ကို ဖြန့်ချီပေးမယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ အဲဒီ Update ကို ဒေါင်းလုပ်လုပ်နိုင်ပါပြီ။ iOS 11.0.2 မှာ အခြား ပြဿနာငယ်လေးများကိုလည်း ပြင်ဆင်ပေးထားတယ်လို့ ရေးသားထားပါတယ်။

ဓါတ်ပုံအချို့Hidden ဖြစ်တဲ့ ပြဿနာကို ပြုပြင်ပေးထားပါတယ်။ ဒါ့အပြင် S/MIME Encrypted Emails များမှ Attachments များကို ဖွင့်မရတဲ့ ပြဿနာကိုပါ ဖြေရှင်းပေးထားတယ်လို့ ရေးသားထားပါတယ်။ iOS 11.0.2 ကို ဖုန်းကနေသာမက ကွန်ပြူတာမှ iTunes ကနေလည်း အဆင့်မြှင့်နိုင်ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က ဖြန့်ချီပေးခဲ့တဲ့ iOS 11.0.1 မှာတော့ Widespread Exchange Email Server ပြဿနာကို ဖြေရှင်းပေးထားပါတယ်။

ref : theverge

You may be interested

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား
Apple, HUBS, Mobiles & Tablets
123 shares20 views

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား

Ko Thuya - Aug 21, 2018

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယ်သာလန် နိုင်ငံ အမ်စတာဒမ်မှ Apple Store တစ်ခုမှာ အိုင်ပတ် တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ဘက်ထရီ ပြဿနာ သို့မဟုတ် အပူလွန်ကဲမှုကြောင့် ဖြစ်တယ်လို့ နယ်သာလန်မှ မီဒီယာတစ်ခု ဖြစ်တဲ့ AT5 က…

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23
HUBS, Mobiles & Tablets, NEWS
476 shares89 views

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23

Creepy Tyler - Aug 20, 2018

[Zawgyi] Vivo ရဲ့ ကိုယ်ပိုင် Digital Assistant ဖြစ်တဲ့ Jovi က ပြောထားတဲ့အတိုင်း Vivo X23 ဖုန်းဟာ ယနေ့၊ သြဂုတ်လ ၂၀ ရက်နေ့မှာ တရားဝင်ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Vivo ရဲ့ တရုတ်နိုင်ငံဝဘ်ဆိုဒ်ကနေ တရားဝင်ထွက်ရှိလာတာဖြစ်ပြီး၊…

Leave a Comment

Most from this category