192 Shares 54 Views

V7+ ရဲ့ အကောင်းဆုံး အရာက ဘာလဲ

Oct 04, 2017
192 54

လတ်တလောမှာတော့ V7+ အကြောင်းက လူပြောသူပြောများနေပါတယ်။ မီဒီယာတွေမှာလည်း V7+ အကြောင်း အတော်လေး ရေးသားဖော်ပြနေကြသလို စမတ်ဖုန်းအသုံးပြုသူတွေကြားမှာလည်း V7+ အကြောင်းကို ပြောဆိုမှု များနေကြပါတယ်။ ဒါဖြင့်ရင် V7+ က အခုလိုပြောလောက်စရာ အကြောင်းအရာ ဘာတွေများ ရှိနေလို့လဲ။ လေ့လာကြည့်ကြပါစို့။

V7+ မှာ ပိုကောင်းလာတာတွေက မျက်နှာပြင်၊ ကင်မရာ၊ Hi-Fi audio၊ Android 7.1၊ Funtouch OS 3.2၊ Qualcomm octa-core CPU စတာတွေပါပဲ။ ပြီးတော့ Game mode၊ မျက်နှာအလှ ပြုပြင်စနစ်၊ နောက်ခံဝေဝါးပေးတဲ့ စနစ်၊ အလိုအလျောက် မျက်နှာပြင် ပိုင်းခြားစနစ် စတာတွေလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အားလုံးထဲမှာမှ အကောင်းဆုံး အရာက ဘာလဲလို့ မေးရင် ပြောစရာ အချက်က နှစ်ချက် ရှိတယ်လို့ ဆိုရမှာပါ။

Vivo စမတ်ဖုန်းတွေရဲ့ တိုးတက်ပြောင်းလဲမှုတွေထဲမှာမှ သိသိသာသာ ပြောင်းလဲသွားတာက မျက်နှာပြင်ပါပဲ။ အရွယ်အစားက V5 နဲ့ အတူတူပဲ ဆိုပေမယ့် V7+ ရဲ့ မျက်နှာပြင်ကတော့ 5.99 လက်မ ဖြစ်သွားပါတယ်။ မျက်နှာပြင်ကျယ်ရုံနဲ့ ကောင်းတယ်လို့ ပြောရမှာလားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ ဒီမေးခွန်းအတွက် လက်ခံနိုင်စရာအဖြေက မျက်နှာပြင် အချိုးပဲလို့ ဆိုရမှာပါ။ သမားရိုးကျ မျက်နှာပြင်တွေက 16:9 ဖြစ်ပေမယ့် V7+ ကတော့ 18:9 ဖြစ်သွားပါတယ်။ ဒီအချိုးက ဗွီဒီယိုကြည့်တဲ့အချိန်၊ ဂိမ်းကစားတဲ့အချိန်၊ စာဖတ်တဲ့အချိန်တွေမှာ ပိုပြီးကောင်းမွန်တဲ့ အရသာကို ပေးအပ်ပါတယ်။ မြင်ကွင်းကျယ် အမျိုးအစားကို စမတ်ဖုန်းမှာ ရယူခံစားနိုင်တာပါ။

နောက်ထပ် ကောင်းမွန်တဲ့ ပြောင်းလဲမှုက အရှေ့ကင်မရာပါပဲ။ 24MP အရှေ့ကင်မရာကတော့ စမတ်ဖုန်းလောကမှာ ပထမဦးဆုံးဖြစ်ပါတယ်။ Vivo က သူတို့ရဲ့ ထုတ်ကုန်တွေကို Selfie အတွက် သိသိသာသာ အာရုံစိုက်လေ့ရှိတဲ့အတိုင်း အခု V7+ မှာလည်း selfie အတွက် အကောင်းဆုံး ဖန်တီးထားတာကို တွေ့ရပါတယ်။ တစ်ဦးချင်း အတွက်လည်း ကြည်လင်ပြတ်သားတဲ့ ပုံရိပ်ကို ရယူပေးသလို အဖွဲ့လိုက် Selfie ရိုက်ရာမှာလည်း ပိုပြီးကောင်းမွန်တဲ့ ပုံရိပ်ကို ရယူနိုင်တာကိုတွေ့ရပါတယ်။ တစ်ယောက်ချင်းစီတိုင်းရဲ့မျက်နှာ၊ နောက်ခံအရာဝတ္ထုတွေကအစ ကြည်လင်ပြတ်သားစွာ ဖမ်းယူနိုင်တာကတော့ မိုက်တယ်လို့ ဆိုရမှာပါ။

တခြားအချက်တွေကို မကြည့်ဘူး၊ power user မဟုတ်ဘူး၊ Selfie lover ဆိုရင်တော့ အထက်ဖော်ပြပါ အချက်နှစ်ချက်နဲ့တင် V7+ ကို ရွေးချယ်ဖို့ စဉ်းစားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဈေးနှုန်းချင်း မတိမ်းမယိမ်း အခြားအမှတ်တံဆိပ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် V7+ က 24MP အရှေ့ကင်မရာ၊ FullViewTM Display ဆိုတဲ့ အချက်နှစ်ချက်နဲ့တင် သာတယ်လို့ ဆိုရပါလိမ့်မယ်။

ref : Vivo

You may be interested

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO
Android, FEATURES, Games
0 shares0 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO

Ko Thuya - May 26, 2018

World of Warships Blitz: Naval War MMO ဟာ အသစ်ထွက်ရှိလာတဲ့ စစ်တိုက်တဲ့ ဂိမ်း ဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲမှာ တိုက်ရေယာဉ်များဖြင့် တိုက်ခိုက်ကြရမှာပါ။ သင့်ရဲ့ သင်္ဘောနဲ့ သင့် တပ်သားများကို ထိန်းချုပ် ကွပ်ကဲရမှာ ဖြစ်ပါတယ်။ Strategy…

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8
Mobile & Tablets, NEWS
0 shares0 views

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8

Nwe Oo - May 26, 2018

[Zawgyi] Xiaomi Mi 8 နဲ့ပတ်သတ်ပြီး feature အမိုက်စားကြီးတွေပါမယ်လို့သတင်းထွက်ထားတဲ့အတွက် အားလုံးရင်ခုန်နေကြပါပြီ။ in-display fingerprint sensor, ထွင်းဖောက်မြင်နိုင်တဲ့ကျောဘက်ကိုယ်ထည်၊ 3D face unlock, screen, internal အစိတ်အပိုင်းတွေနဲ့ ဈေးနှုန်းကစလို့ စိတ်ဝင်စားစရာဖြစ်နေတဲ့အပြင် နောက်ထပ် feature တစ်ခုထပ်ပါလာပြန်ပြီဆိုတော့…

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?
FEATURES, HOW TO, Mobile & Tablets
196 shares43 views

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?

Ko Thuya - May 26, 2018

သင့် Android ကို ပြန်ရောင်းချင်လို့ပဲ ဖြစ်ဖြစ်၊ အခြားလူကို ပေးချင်လို့ပဲ ဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ ဒေတာများကို ရှင်းလင်းပြီး Factory Reset ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Factory Reset ချလိုက်ရုံနဲ့ သင့် ဒေတာများကို…

Leave a Comment

Most from this category