127 Shares 39 Views

Samsung က Windows 10 အတွက် Odyssey Mixed-Reality Headset ကို မိတ်ဆက်

Oct 04, 2017
127 39

Samsung က Windows 10 အတွက် HMD Odyssey Mixed-Reality Headset ကို ဖန်တီးနေတယ်လို့ ကြေညာလိုက်ပါတယ်။ ယခုကြေညာမှုကို Microsoft ရဲ့ Mixed-Reality Event မှာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပွဲမှာ အခြား Headsets များစွာကိုလည်း ပြသခဲ့ကြပါတယ်။

Samsung ဟာ Apple iPhones အသစ်များအတွက် OLED Panel များကို ထုတ်လုပ်ပေးခဲ့သလို အခုလည်း ၀င်းဒိုး အသုံးပြုသူများရဲ့ ဦးခေါင်းမှာ ၀တ်ဆင် အသုံးပြုနိုင်မယ့် မှော်ဆန်တဲ့ Headset ကို ဖန်တီးပေးလိုက်ပါပြီ။ ပီစီ ပလက်ဖောင်းအတွက် Mixed-Reality Headsets များကို ဖန်တီးနေသူများထဲမှာ HP, Lenovo, Acer, Dell တို့လည်း ပါဝင်ကြပါတယ်။

Samsung Odyssey Headset မှာ Motion Controllers များလည်း ပါဝင်မှာ ဖြစ်ပြီး ၄၉၉ ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်။ သူ့မှာ OLED Display တပ်ဆင်ထားပြီး Screen Resolution မှာ 2880×1600 ဖြစ်ပါတယ်။ ၁၁၀ ဒီဂရီ မြင်ကွင်းကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Samsung Electronics America ရဲ့ ဒုတိယ ဥက္ကဌနဲ့ အထွေထွေ မန်နေဂျာ ဖြစ်သူ Alanna Cotton က “ ကျွန်တော်တို့ Microsoft နဲ့အတူ Samsung HMD Odyssey ကို စတင် ဒီဇိုင်းထုတ်ကတည်းက ရည်မှန်းချက်တစ်ခုထဲ ရှိပါတယ်။ အဲဒါက လူတွေကို မှော်ဆန်တဲ့ Virtual Reality ကမ္ဘာထဲကို ခေါ်ဆောင်သွားဖို့ပါ။ “ လို့ ပြောပါတယ်။

ref : tnw

You may be interested

Huawei က Watch GT စမတ်နာရီကို ကြေညာ
Gadgets, Huawei, HUBS
0 shares0 views

Huawei က Watch GT စမတ်နာရီကို ကြေညာ

Ko Thuya - Oct 17, 2018

Huawei က Watch GT အမည်ရ စမတ်နာရီကို ကြေညာလိုက်ပါတယ်။ နာရီဟာ ဘက်ထရီ သက်တမ်း အလွန်ကောင်းပြီး ကိုယ်လက်လှုပ်ရှားမှုများကို တိုင်းတာပေးနိုင်ပါတယ်။ သူ့မှာ Cortex-M4 Chipset ထည့်သွင်းထားပါတယ်။ နှလုံးခုန်နှုန်း တိုင်းတာခြင်းနဲ့ GPS များကို မသုံးရင် ဘက်ထရီ…

Lenovo က တန်ဖိုးနည်း A5 ကို မိတ်ဆက်
Android, HUBS, Lenovo
0 shares0 views

Lenovo က တန်ဖိုးနည်း A5 ကို မိတ်ဆက်

Ko Thuya - Oct 17, 2018

လီနိုဗိုက အိန္ဒိယမှာ တန်ဖိုးနည်း စမတ်ဖုန်းများကို ကြေညာလိုက်ပါတယ်။ အဲဒီအထဲမှာ A5 လည်း ပါဝင်ပြီး ခေတ်စားနေတဲ့ Notch တော့ မပါပါဘူး။ A5 ရဲ့ 2GB/16GB Model ကို ရူပီး ၆၀၀၀ နဲ့ 3GB/32GB Model…

Huawei Mate 20 X နဲ့ Porsche Design Mate 20 RS တို့ကို ကြေညာ
Android, Huawei, HUBS
0 shares21 views

Huawei Mate 20 X နဲ့ Porsche Design Mate 20 RS တို့ကို ကြေညာ

Ko Thuya - Oct 17, 2018

ဟွာဝေးက အရွယ်ကြီး Mate 20 X နဲ့ တန်ဖိုးကြီး Porsche Design Mate 20 RS တို့ကို ကြေညာလိုက်ပါတယ်။ Mate 20 X မှာ ၇.၂ လက်မ မျက်နှာပြင်၊ 5000mAh Battery…

Leave a Comment

Most from this category