0 Shares 315 Views

ကင်မရာစမ်းသပ်ချက်မှာ iPhone 8 Plus ကို ရင်ဘောင်တန်းလိုက်တဲ့ Samsung Galaxy Note 8

Oct 04, 2017
0 315

ပြီးခဲ့တဲ့လက DxOMark က iPhone 8 Plus ရဲ့ ကင်မရာ အရည်အသွေးကို စမ်းသပ်ခဲ့ရာမှာ ထိပ်တန်း ကင်မရာများပါတဲ့ HTC U11 နဲ့ Google Pixel တို့ကို နန်းချနိုင်ခဲ့တာကို သိခဲ့ရပါတယ်။ iPhone 8 Plus ဟာ စမ်းသပ်မှုမှာ ၉၄ မှတ်ရခဲ့ပါတယ်။ အခုတော့
DxO Labs က Samsung Galaxy Note 8 ရဲ့ ရမှတ်ကိုလည်း ကြေညာလိုက်ပြီး သူလည်း ၉၄ မှတ်ရတဲ့အတွက် iPhone 8 Plus ကို ရင်ဘောင်တန်းလိုက်နိုင်ပါတယ်။

အခုဆိုရင် DxOMark ရဲ့ စမတ်ဖုန်း ကင်မရာစမ်းသပ်မှု စာရင်းမှာ အဲဒီ စမတ်ဖုန်း နှစ်လုံးဟာ ထိပ်ဆုံးနေရာမှာ ပူးတွဲ ပထမဆုကို ရရှိနေပါတယ်။ ဒါပေမယ့် မနက်ဖြန်မှာ Google က Pixel 2 နဲ့ Pixel 2
XL စမတ်ဖုန်းများကို မိတ်ဆက်မှာ ဖြစ်ပြီး ယခင်နှစ်မှာတော့ Pixel ဟာ မိတ်ဆက်တဲ့ နေ့မှာပဲ DxO စာရင်းရဲ့ ထိပ်ဆုံးနေရာကို လုယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နိုဝင်ဘာလမှာ ရောင်းချမယ့် iPhone X ဟာလည်း နံပါတ် ၁ နေရာကို ခြိမ်းခြောက်လာမှာ သေချာပါတယ်။ စမတ်ဖုန်းတစ်လုံးထက်တောင် စွမ်းရည်မြင့်မားတယ်လို့ Huawei က ကြွေးကြော်ထားတဲ့ Mate 10 စမတ်ဖုန်းများလည်း ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။

Note 8 ဟာ ၄ ဆအထိ ရတဲ့ အလွန်ကောင်းတဲ့ Zoom စွမ်းဆောင်ရည်၊ အလင်းရောင်နည်းပါးချိန်မှာ ရုပ်ထွက်ကောင်းမွန်မှု၊ အလွန်မြန်ဆန် တိကျတဲ့ Autofocus ၊ အခန်းတွင်း နဲ့ အလင်းရောင်ကောင်းတဲ့ နေရာများမှာ အလွန် အသေးစိတ်ကျတဲ့ ရုပ်ပုံများကို ဖမ်းယူပေးခြင်း၊ အရောင်များ စုံလင်ခြင်း စတဲ့ စွမ်းရည်များ ရှိတယ်လို့ DxOMark က သုံးသပ်ထားပါတယ်။

ref : gsmarena

You may be interested

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares0 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares94 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း Lenovo ထုတ်ပြန်
NEWS
0 shares10 views

၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း Lenovo ထုတ်ပြန်

Nigma - May 25, 2019

တရုတ်နည်းပညာကုမ္ပဏီတခုဖြစ်တဲ့ Lenovo က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် စီးပွားရေးရလဒ်တွေကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Lenovo အတွက် မျှော်မှန်းထားတာထက်ကို အခြေအနေကောင်းတဲ့ ဘဏ္ဍာရေးနှစ်လို့ ဆိုရမှာပါ။ Intelligent Transformation လို့ အမည်ပေးထားတဲ့ စီးပွားရေးဗျူဟာနဲ့ လုပ်ငန်းလည်ပတ်မှုစွမ်းဆောင်ရည် ကောင်းမွန်မှုတို့ကြောင့် ကုမ္ပဏီအနေနဲ့ စံချိန်တင်ဝင်ငွေ ရရှိခဲ့တာ…

Leave a Comment

Most from this category