22 Shares 107 Views

ပြင်သစ်က Photoshop ဖြင့် ပြုပြင်ထားတဲ့ မော်ဒယ်ဓါတ်ပုံများကို ဥပဒေဖြင့် အရေးယူမည်

Oct 03, 2017
22 107

အစားအစာ ထုတ်လုပ်သူများဟာ ပိန်လှီတဲ့ ကိုယ်ခန္တာကို ရစေတယ်လို့ မော်ဒယ်များဖြင့် ကြော်ညာရောင်းချနေကြပါတယ်။ အဲဒီ မော်ဒယ်များရဲ့ ဓါတ်ပုံများကို Photoshop ဖြင့် ပိန်လှီ သို့မဟုတ် ၀ဖြိုးအောင် ပြုပြင်ထားရင်တော့ ပြင်သစ်က ဥပဒေဖြင့် အရေးယူတော့မှာ ဖြစ်ပါတယ်။ ဒီလို ပိတ်ပင်ရခြင်းမှာ မော်ဒယ်များလို ပိန်လှီချင်တဲ့ လူများဟာ အစားအသောက်ပျက်တဲ့ ရောဂါကို ရရှိနေခြင်းကြောင့် ဖြစ်ပါတယ်။ ပြင်သစ်ကတော့ ဒါကို လိမ်ညာရောင်းချနေတာလို့ သတ်မှတ်ပြီး အများပြည်သူ ကျန်းမာရေး ပြဿနာလို့ ယူဆထားပါတယ်။

ကျန်းမာရေး ၀န်ကြီးဌာနရဲ့ အဆိုအရ ပြင်သစ်မှာ အစားအသောက်ပျက်နေတဲ့ လူပေါင်း ၆၀၀ ၀၀၀ ၀န်းကျင်ရှိတယ်လို့ သိရပါတယ်။ ဒစ်ဂျစ်တယ် နည်းဖြင့် ပြုပြင်ထားတဲ့ ဓါတ်ပုံများမှာ ပြုပြင်ထားတယ်ဆိုတာကို လူအများသိအောင် ဖော်ပြထားရမှာ ဖြစ်ပြီး မလိုက်နာရင် အနည်းဆုံး ယူရို ၃၇ ၅၀၀ သို့မဟုတ် ကြော်ညာဖန်တီးခရဲ့ ၃၀ ရာခိုင်နှုန်းကို ဒဏ်ရိုက်မှာ ဖြစ်ပါတယ်။

အာဏာပိုင်များက Photoshop ဥပဒေဟာ ကျန်းမာရေးနဲ့ မညီညွတ်လောက်အောင် ပိန်လှီချင်တဲ့ လူများကို ဟန့်တားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ပြင်သစ်က မော်ဒယ်များဟာ အလွန် မပိန်ဘဲ ကျန်းမာရေးနဲ့ ညီညွတ်ကြောင်း ဆရာဝန်များရဲ့ ထောက်ခံချက်ရယူဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။

ပြင်သစ် မတိုင်ခင် ဒီလို ဥပဒေကို ထုတ်ပြန်ထားတာက အစ္စရေးနိုင်ငံ ဖြစ်ပါတယ်။ ပြင်သစ်က ဓါတ်ပုံများမှာ ဆံပင်အရောင်၊ အရေပြားအရောင်၊ အစက်အပြောက်များနဲ့ နှာခေါင်းပုံသဏ္ဍာန်တို့ကို ပြုပြင်ထားရင်တော့ ခွင့်ပြုတယ်လို့ သိရပါတယ်။

ref : mashable

You may be interested

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ
FEATURES, Softwares & Application
177 shares54 views

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ

Ko Thuya - Jun 20, 2018

Google ရဲ့ Gmail, Maps စတဲ့ Apps များကိုတော့ စာဖတ်သူများ သိရှိကြပါတယ်။ ဒါပေမယ့် Google ဟာ Android Apps များစွာကို ဖန်တီးပေးထားပါတယ်။ အဲဒီအထဲကမှ သင် မသိတဲ့ Google ရဲ့ အကောင်းစား Android…

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ
Mobiles & Tablets, NEWS
260 shares55 views

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ

Ko Thuya - Jun 20, 2018

Xiaomi က Mi 8 နဲ့ Mi 8 SE တို့ရဲ့ China Stable Version များအတွက် MIUI 9.5 ROM ကို ဖြန့်ချီပေးလိုက်ပါတယ်။ သူတို့ရဲ့ ဗားရှင်းအမည်များကတော့ V9.5.6.0 (OEACNFA) နဲ့…

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds
Uncategorized
118 shares48 views

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds

Nwe Oo - Jun 20, 2018

[Zawgyi] PUBG Corp. ကတော့ စထွက်ကတည်းက ခုချိန်ထိ PlayerUnknown’s Battleground ဂိမ်းကိုဆော့နေတဲ့သူပေါင်း သန်း ၄၀၀ ရှိနေပြီလို့ ဖော်ပြလိုက်ပါပြီ။ တစ်လတစ်လကို Log in ဝင်ဆော့တဲ့သူပေါင်း ၂၂၇သန်းလောက်တောင်ရှိနေပြီး ဒီထက်ပိုများလာဖို့အတွက် အခုဆို Steam မှာ $29.99…

Leave a Comment

Most from this category