0 Shares 56 Views

PlayStation ရဲ့ ဥက္ကဌ ဖြစ်သူ Andrew House ယခုနှစ်ကုန်တွင် Sony မှ ထွက်ခွာတော့မည်

Oct 03, 2017
0 56

၂၀၁၁ ခုနှစ်အတွင်း Sony ရဲ့ CEO ဖြစ်သူ Kaz Hirai လက်ထက်မှာ PlayStation brand နဲ့ ပတ်သက်ပြီး ပြဿနာတွေ တက်ပြီးတဲ့နောက်မှာတော့ Game industry ရဲ့ ခေါင်းဆောင်နေရာကို Andrew House အား အစားထိုး ခန့်အပ်ခဲ့ပါတယ်။

ယခုအချိန်မှာတော့ Sony Interactive Entertainment ရဲ့ CEO ရာထူးနေရာကနေ နုတ်ထွက်တော့ မည်ဖြစ်ကြောင်း Sony က တရားဝင် သတင်းထုတ်ပြန် ကြေညာခဲ့ပါတယ်။ Sony Interactive Entertainment(SIE) ကို ကယ်လီဖိုးနီးယားတွင် အခြေစိုက်ကာ Sony ရဲ့ PlayStation နှင့် Sony Network ပိုင်းဆိုင်ရာများကို ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့ပြီး ထုတ်လုပ်မှုအပိုင်းမှာ တာဝန်ယူထုတ်လုပ်ခဲ့ပါတယ်။

အဆိုပါ သတင်းထုတ်ပြန်ချက်အရ Sony Interactive Entertainment(SIE) ရာထူးနေရာတွင် လက်ရှိ ဒု-ဥက္ကဌဖြစ်သူ John(Tsuyoshi) Kodera ကို ချက်ချင်းအစားထိုး ခန့်အပ်မှာဖြစ်ပါတယ်။ ဒါပေမယ့် ရာထူးသစ် ဖြစ်တဲ့ ဥက္ကဌရာထူးကို ယခုနှစ်ကုန်မှာ တရားဝင် စတင်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

Mr.Kodera ဟာ Sony ကို ၁၉၉၂ ခုနှစ်မှာ စတင်ရောက်ရှိလာခဲ့ပြီး Andrew House ကတော့ Sony မှာ လုပ်သက် ၂၇ နှစ်အထိ ရှိပါတယ်။ Andrew House လက်ထက်မှာ လက်ရှိမျိုးဆက်ဖြစ်သော PlayStation 4 လိုမျိုး ဗီဒီယိုဂိမ်းစက်တွေကို ကုမ္ပဏီမှ ထုတ်လုပ်ရောင်းချနိုင်ခဲ့ပါတယ်။ အဆိုပါ PS4 ဟာ စတင်ရောင်းချချိန်မှ စပြီး လက်ရှိအချိန်အထိ အလုံးရေ ၇၈ သန်းကျော် ရောင်းချထားပြီး ဖြစ်ပါတယ်။

ဒီနေ့မှာတော့ Sony ရဲ့ PlayStation 4 ဟာ ဂိမ်းစက်များရဲ့ ရောင်းအားမှာ ထိပ်ဆုံးကနေ ရပ်တည်နေတဲ့ ထုတ်ကုန်တစ်ခု ဖြစ်နေပါတယ်။ ယခုဆိုရင် နည်းပညာသစ် VR လိုမျိုးတွေကိုတောင် ရောက်ရှိလာနေပြီ ဖြစ်ပါတယ်။
Ref : engadget

You may be interested

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares0 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares94 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း Lenovo ထုတ်ပြန်
NEWS
0 shares10 views

၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း Lenovo ထုတ်ပြန်

Nigma - May 25, 2019

တရုတ်နည်းပညာကုမ္ပဏီတခုဖြစ်တဲ့ Lenovo က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် စီးပွားရေးရလဒ်တွေကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Lenovo အတွက် မျှော်မှန်းထားတာထက်ကို အခြေအနေကောင်းတဲ့ ဘဏ္ဍာရေးနှစ်လို့ ဆိုရမှာပါ။ Intelligent Transformation လို့ အမည်ပေးထားတဲ့ စီးပွားရေးဗျူဟာနဲ့ လုပ်ငန်းလည်ပတ်မှုစွမ်းဆောင်ရည် ကောင်းမွန်မှုတို့ကြောင့် ကုမ္ပဏီအနေနဲ့ စံချိန်တင်ဝင်ငွေ ရရှိခဲ့တာ…

Leave a Comment

Most from this category