0 Shares 182 Views

iPhone X တစ်လုံးရောင်းရတိုင်းမှာ ဒေါ်လာ ၁၁၀ နီးပါးရရှိမယ့် Samsung

Oct 03, 2017
0 182

Apple ကုမ္မဏီအနေနဲ့ iPhone X မှာထည့်သွင်းထားတဲ့ Samsung အစိတ်အပိုင်းကြောင့် iPhone X တစ်လုံးရောင်းချရတိုင်း တောင်ကိုရီးယား ကုမ္ပဏီအနေနဲ့ ဒေါ်လာ ၁၁၀ ခန့်ရရှိမယ်လို့ သိရပါတယ်။ iPhone X မှာပါဝင်တဲ့ Samsung အစိတ်အပိုင်းဖြစ်တဲ့ OLED မျက်နှာပြင်က ဈေးအကြီးဆုံး ဖြစ်ပါတယ်။ ဒါဟာ Apple ရဲ့စံနှုန်း သတ်မှတ်ချက်နဲ့ ကိုက်ညီအောင် သီးသန့်ပြုလုပ်ထားတဲ့ display ဖြစ်ပါတယ်။ Samsung ဟာ iPhone တွေမှာ အသုံးပြုဖို့ အခြားအစိတ်အပိုင်းတွေကိုလည်း ထုတ်လုပ်ပေးခဲ့ပါတယ်။

ဒါ့အပြင် Samsung ဟာ iPhone X အတွက် ဘက်ထရီတွေနဲ့ capacitor တွေကိုလည်း ထုတ်လုပ်ခဲ့တယ်လို့ The Wall Street Journal ကဖော်ပြခဲ့ပါတယ်။ Wall Street ဖော်ပြချက်ကို ဈေးကွက်သုတေသန Counterpoint Technology က စုစည်းသုံးသပ်ခဲ့ပါတယ်။

Samsung အနေနဲ့ iPhone X အတွက် အစိတ်အပိုင်းတွေ ပြုလုပ်ပေးတာကနေ ဝင်ငွေ ဒေါ်လာ ၄ ဘီလီယံ ရရှိနိုင်ပါတယ်။ အဲဒီပမာဏဟာ ကိုယ်ပိုင် Galaxy S8 ဟန်းဆက်အတွက် အစိတ်အပိုင်း ပြုလုပ်တာထက် သာလွန်နေပါတယ်။

အဲဒီဝင်ငွေကို Samsung ရဲ့ component ဌာနကရရှိမှာ ဖြစ်ပါတယ်။ ဒါဟာ Samsung Mobile ရဲ့အမြတ်ငွေ မဟုတ်ဘဲ Galaxy S8 ရောင်းချရမှသာ Mobile ဌာနက အမြတ်ငွေရရှိမှာ ဖြစ်ပါတယ်။ အခုသုံးသပ်ချက်က iPhone X နဲ့ Galaxy S8 စမတ်ဖုန်းနှစ်မျိုး ရောင်းချမှုကို ခန့်မှန်း ဖော်ပြထားတာ ဖြစ်ပါတယ်။

Apple အနေနဲ့ ၂၀၁၉ ခုနှစ် နွေရာသီမှာ iPhone X အလုံးရေ သန်း ၁၃၀ ရောင်းချနိုင်မယ်လို့ Counterpoint က ခန့်မှန်းထားပြီး Samsung က iPhone X တစ်လုံးအတွက် ဒေါ်လာ ၁၁၀ ရရှိမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ Galaxy S8 ရဲ့ကမ္ဘာတစ်ဝန်းရောင်းချမှုနှုန်းက သန်း ၅၀ ရှိနေချိန်မှာ ပထမဆုံးလ ၂၀ အတွင်း display နဲ့ chip တွေလိုမျိုး အစိတ်အပိုင်းတွေကနေ Samsung က ၂၀၂ ဒေါ်လာ ရရှိမှာလို့ သုံးသပ်ထားပါတယ်။
Ref: 9to5Mac

You may be interested

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares0 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares94 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း Lenovo ထုတ်ပြန်
NEWS
0 shares10 views

၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း Lenovo ထုတ်ပြန်

Nigma - May 25, 2019

တရုတ်နည်းပညာကုမ္ပဏီတခုဖြစ်တဲ့ Lenovo က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် စီးပွားရေးရလဒ်တွေကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Lenovo အတွက် မျှော်မှန်းထားတာထက်ကို အခြေအနေကောင်းတဲ့ ဘဏ္ဍာရေးနှစ်လို့ ဆိုရမှာပါ။ Intelligent Transformation လို့ အမည်ပေးထားတဲ့ စီးပွားရေးဗျူဟာနဲ့ လုပ်ငန်းလည်ပတ်မှုစွမ်းဆောင်ရည် ကောင်းမွန်မှုတို့ကြောင့် ကုမ္ပဏီအနေနဲ့ စံချိန်တင်ဝင်ငွေ ရရှိခဲ့တာ…

Leave a Comment

Most from this category