0 Shares 372 Views

Huawei Mate 10 ရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ် ဒေါ်လာ ၁၀၅၀ ကျော် ကုန်ကျ

Oct 03, 2017
0 372

ပြင်သစ်မှ သတင်း ပေးပို့မှု တစ်ခုအရ Huawei Mate 10 ရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ဒေါ်လာ ၁၀၅၀ ကျော် ကုန်ကျမှု ရှိနိုင်ကြောင်း သိရပါတယ်။ အဆိုပါ Mate 10 စမက်ဖုန်းသစ်တွင် Samsung တွင် ပါဝင်သော DeX လိုမျိုး ကွန်ပြူတာပုံစံ ပြောင်းလဲ အသုံးပြုနိုင်သည့် features တွေ ပါဝင်လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ Mate 10 flagship စမက်ဖုန်းသစ်တွင် Huawei မှ နောက်ဆုံး ထုတ်လုပ်ထားသော Kirin 970 processor ကို အသုံးပြုမှာဖြစ်ပြီး Desktop တစ်လုံးကဲ့သို့ အသုံးပြုနိုင်တဲ့ လုပ်ဆောင်ချက်တွေကို ထောက်ပံ့ ပေးထားတယ်လို့ ဆိုပါတယ်။

သတင်းတွေအရ အဆိုပါ DeX ကဲ့သို့ Features ကို DisplayPort တစ်ကနေတစ်ဆင့် USB Type-C ကနေပဲ တိုက်ရိုက်ချိတ်ဆက်မှု ပြုလုပ်နိုင်မယ်လို့ ဆိုပါတယ်။ သေချာတာကတော့ အဆိုပါ လုပ်ဆောင်ချက်ကို Huawei အနေဖြင့် မူပိုင် သူ့ထုတ်ကုန် တစ်ခုတည်းနဲ့ ချိတ်ဆက်နိုင်တာမျိုးမဟုတ်ပဲ ဘယ်လိုမျိုး DisplayPort Dock ကနေမဆို ထောက်ပံ့ပေးနိုင်မယ်လို့ ဆိုပါတယ်။ ဒါကြောင့် အခြားသော third-party လိုမျိုး DisplayPort Dock တွေကနေလည်း ချိတ်ဆက်မှုတွေ လုပ်နိုင်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်လောက်က Huawei Twitter ကနေ ကြော်ငြာခဲ့တဲ့ promo video မှာတော့ Huawei Mate 10 ဟာ စမက်ဖုန်းတစ်လုံး မဟုတ်ဘဲ အသိညဏ်ရှိတဲ့ စက် ဆိုပြီး ဖော်ပြခဲ့ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် တကယ်တမ်း ထွက်လာရင်တော့ Mate 10 ဟာ ဈေးနှုန်းချိုသာမယ့် ဖုန်း မဟုတ်တာတော့ သေချာသလောက်ပါပဲ။ ကျွန်တော်တို့ ကြားမိသလောက်ကတော့ (ဖြစ်ချင်မှာလည်း ဖြစ်နိုင်မယ်) Mate 10 ရဲ့ တကယ်ရောင်းချမယ့် ဈေးနှုန်းဟာ ဥရောပဈေးကွက်မှာ ဒေါ်လာ ၁၀၉၀ ကနေ ၁၁၀၀ အတွင်းလောက် ကျသင့်နိုင်ပါတယ်။ အဆိုပါ ဈေးနှုန်းဟာ Samsung Galaxy Note 8 ရဲ့ ဈေးနှုန်းနဲ့ သိပ်မကွာလှသလို iPhone X ရဲ့ ဈေးနှုန်းလောက်အထိ ကျသင့်နေပါတယ်။

တကယ်လို့သာ အဲလောက်အထိ ဈေးနှုန်းကျသင့်မယ်ဆိုရင် Mate 10 မှာ ပါဝင်မယ့် ကင်မရာဟာ dual ကင်မရာဟာ Leica နှင့် ပူးပေါင်းထားတဲ့ ကင်မရာမျိုးဖြစ်နိုင်ပြီး ကင်မရာနှစ်ခုစလုံးမှာ f1.6 အထိ ရိုက်နိုင်မယ့် apacture ပါဝင်လာဖွယ် ရှိနေပါတယ်။
Ref : GSMArena

You may be interested

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်
Android, HUBS, Mobiles & Tablets
0 shares0 views

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်

Ko Thuya - May 26, 2019

OPPO Reno 10x Zoom ကို ကြေညာစဉ်မှာ Ocean Green နဲ့ Jet Black အရောင်နှစ်ခုသာ ထုတ်လုပ်ထားပါတယ်။ အခုတော့ အမျိုးသမီးများ နှစ်သက်တဲ့ ပန်းရောင် မော်ဒယ်ကို ထုတ်လုပ်ပေးတော့မှာ ဖြစ်ပါတယ်။ တရုတ်မှာ ၁၈ ရက်နေ့တွင်…

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares15 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares382 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

Leave a Comment

Most from this category