164 Shares 39 Views

ZTE က အိန္ဒိယမှာ 5G ကို စမ်းသပ်နေ

Oct 03, 2017
164 39

Economic Times ရဲ့ သတင်းအရ ZTE ဟာ အိန္ဒိယမှာ 5G ကို စမ်းသပ်နေတယ်လို့ သိရပါတယ်။ အိန္ဒိယရဲ့ထိပ်တန်း တယ်လီကွန်းများဖြစ်တဲ့ Bharti Airtel, Vodafone India , Reliance Jio တို့ဟာ တရုတ် ကုမ္ပဏီ ZTE နဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။

အိန္ဒိယဟာ ကမ္ဘာ့အကြီးမားဆုံး မိုဘိုင်း ဆက်သွယ်ရေး ဈေးကွက်တစ်ခု ဖြစ်ပါတယ်။ ZTE ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ဌာနမှ ဥက္ကဌ ဖြစ်သူ Fan Xiaobing က “ အိန္ဒိယဟာ ကျွန်တော်တို့အတွက် အလွန် အရေးကြီးတဲ့ ဈေးကွက်ဖြစ်ပါတယ်။ တယ်လီကွန်းနယ်ပယ်ဟာ သုံးစွဲသူ ပမာဏအပေါ် မူတည်ပါတယ်။ အိန္ဒိယဟာ ဈေးကွက်ကြီး ရှိနေပါတယ်။ အိန္ဒိယ တယ်လီကွန်း ဈေးကွက်ဟာ အလွန်လျှင်မြန်စွာ ဖွံ့ဖြိုးနေပါတယ်။ ဒီတိုးတက်မှုကို ထောက်ပံ့ဖို့အတွက် ကျွန်တော်တို့ဟာ အိန္ဒိယမှာ ရင်းနှီးမြှပ်နှံမှုများကို တိုးမြှင့်မှာ ဖြစ်ပါတယ်။ “ လို့ Economic Times ကို ပြောပါတယ်။

Fan က ZTE ဟာ နိုင်ငံနဲ့ သင့်တော်အောင် ဒီဇိုင်းထုတ်ထားတဲ့ တယ်လီကွန်း ကိရိယာများနဲ့ ထုတ်ကုန်များကိုလည်း အိန္ဒိယ Carriers များထံ ယူဆောင်လာမယ်လို့ ပြောပါတယ်။ ZTE က အိန္ဒိယမှာ Huawei, Nokia , Ericsson တို့ကို ယှဉ်ပြိုင်ဖို့ 5G ကွန်ယက်ကို စမ်းသပ်မှာ ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီများဟာ အိန္ဒိယ Carrier များအတွက် တယ်လီကွန်း ကိရိယာများကို ထုတ်လုပ်ပေးနေခြင်း ဖြစ်ပါတယ်။

အိန္ဒိယမှာ 5G ဟာ အလွန် အရေးပါပြီး ၂၀၂၀ ခုနှစ်မှာ 5G ကို ၀န်ဆောင်မှုပေးဖို့ ရည်ရွယ်ထားပါတယ်။ အိန္ဒိယ အစိုးရကလည်း 5G ကို ထောက်ပံ့တဲ့ Spectrum ကို Carriers များအတွက် လေလံပွဲများ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

ref : gsmarena

You may be interested

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ
FEATURES, Mobile & Tablets, Softwares & Application
0 shares0 views

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ

Ko Thuya - Apr 23, 2018

Desktop Version Website များဟာ Broadband Connection တွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်လို့ မိုဘိုင်းဗားရှင်းဝက်ဆိုက် အပါအ၀င် အခြားဝက်ဆိုက်များထက် အရွယ်အစားကြီးမားပါတယ်။ အဲဒီအတွက် ဖုန်းမှာ Tether ပြုလုပ်ပြီး ကွန်ပြူတာမှာ အင်တာနက် အသုံးပြုရင် တစ်နည်းအားဖြင့် ဖုန်းမှ အင်တာနက်ကို…

အကောင်းဆုံး Offline Android Apps များ
FEATURES, Softwares & Application
112 shares26 views

အကောင်းဆုံး Offline Android Apps များ

Ko Thuya - Apr 23, 2018

အခမဲ့ ၀ိုင်ဖိုင် မရလို့ပဲ ဖြစ်ဖြစ် ၊ မိုဘိုင်းဒေတာ သက်သာစေဖို့ပဲ ဖြစ်ဖြစ်၊ အင်တာနက်လိုင်း မမိတဲ့ နေရာရောက်နေလို့ပဲ ဖြစ်ဖြစ် Offline အသုံးပြုနိုင်တဲ့ Android Apps များစွာ ရှိပါတယ်။ အဲဒီအတွက် အကောင်းဆုံး Offline Android Apps…

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့
NEWS, Tech Update
77 shares48 views

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့

Nwe Oo Thant - Apr 23, 2018

[Zawgyi] ဒီတစ်ပတ်မှာတော့ Wikipedia ကနေ page previews ဆိုတဲ့ အသုံးဝင်တဲ့ feature သစ်လေးကို ထပ်ထည့်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကိုပြန်ကြည့်လိုက်လို့ Desktop Wikipedia တွေမှာ ကြီးကြီးမားမားပြောင်းလဲသွားတာကိုပြပါဆိုရင် ဒီ feature သစ်လေးကိုပြရမှာဖြစ်ကြောင်း Wikimedia ဖောင်ဒေးရှင်းကဆိုခဲ့ပါတယ်။ သူကတော့ စာဖတ်သူတွေအတွက်…

Leave a Comment

Most from this category