872 Shares 404 Views

Apple ရဲ့ iPhone X နည်းပညာဟာ ပြိုင်ဖက် Android များထက် နှစ်နဲ့ချီ စောနေ

Oct 03, 2017
872 404

iPhone X ရဲ့ TrueDepth ကင်မရာစနစ်ဟာ နက်နဲရှုပ်ထွေးတဲ့အတွက် iPhone X ထုတ်လုပ်ရောင်းချမှုဟာ နှောင့်နှေးမယ်ဆိုတဲ့ သတင်းများထွက်ပေါ်နေပါတယ်။ ဒါပေမယ့် အဲဒီ နည်းပညာဟာ ပြိုင်ဖက် Android စမတ်ဖုန်းများထက် နှစ်နဲ့ချီ စောနေတယ်လို့ ပညာရှင်တစ်ယောက်က သုံးသပ်ပါတယ်။

အဲဒီ ပညာရှင်ကတော့ KG Securities မှ နာမည်ကျော် ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo ဆိုသူ ဖြစ်ပြီး သူက Apple ရဲ့ ပြိုင်ဖက်များဟာ TrueDepth ကင်မရာစနစ်ကို တုပဖို့ အနည်းဆုံး ၂ နှစ်ခွဲလောက် ကြာမြင့်နိုင်တယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ အဲဒီ နည်းပညာဟာ Apple ရဲ့ Face ID လုံခြုံရေး နည်းပညာ၊ Animoji နဲ့ အခြား စွမ်းဆောင်ချက်များကို ပံ့ပိုးပေးခြင်း ဖြစ်ပါတယ်။

Apple က အဲဒီ ကင်မရာစနစ်ကို တရားဝင် သရုပ်ပြသပြီးနောက်မှာ Kuo က ဒီလိုပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ သူက Apple ရဲ့ ပြိုင်ဖက်များဟာ ဒီနည်းပညာကို ဖန်တီးဖို့ အလွန် ခက်ခဲမယ်လို့တောင် ထင်ခဲ့ပါတယ်။ Kuo က Apple iPhone X ရဲ့ ကြိုတင်အမှာစာဟာ သန်း ၄၀ ကနေ ၅၀ ကျော်ရှိမယ်လို့ ယခင်ကလည်း ခန့်မှန်းခဲ့ဖူးပါတယ်။

သူက “ ၂၀၁၄ ခုနှစ်ထုတ် iPhone 6 နောက်ပိုင်းမှာ အထူးခြားအဆန်းသစ်ဆုံးဟာ iPhone X ဖြစ်ပါတယ်။ Apple Fans များဟာ ဖုန်းအသစ်ကို စောင့်မျှော်နေကြပြီး Face ID စွမ်းဆောင်ချက်ကြောင့် ၉၉၉ ဒေါ်လာအကုန်ခံပြီး iPhone X ကို အလိုရှိနေကြပါတယ်။ TrueDepth Camera (3D Sensing) ဟာ Apple ပြိုင်ဖက်များကို နောက်ကောက်ချနိုင်ပါတယ်။ “ လို့ ပြောခဲ့ဖူးပါတယ်။

ref : mashable

You may be interested

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2
Android, HUBS, Mobiles & Tablets
0 shares0 views

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2

Ko Thuya - Jun 19, 2018

ရှောင်မီက ဧပြီလမှာ Mi 6X ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Android One Version ကို မကြေညာခဲ့ပါဘူး။ အခုတော့ Swiss Online Store တစ်ခုမှာ Xiaomi Mi A2 ကို…

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်
FEATURES, HOW TO, Mobile & Tablets
147 shares668 views

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်

Ko Thuya - Jun 19, 2018

ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး စမတ်ဖုန်းများကို အသုံးပြုနေကြပါပြီ။ စမတ်ဖုန်းများရဲ့ ဘက်ထရီ သက်တမ်းဟာ များသောအားဖြင့် ၈ နာရီ ၀န်းကျင် ဖြစ်ကြပါတယ်။ ဒါပေမယ့် စမတ်ဖုန်းများရဲ့ ဘက်ထရီဟာ အသုံးပြုတာ ကြာလာတာနဲ့အမျှ စွမ်းရည် နည်းပါးလာကြပါတယ်။ အဲဒီအတွက် သင့် စမတ်ဖုန်း ဘက်ထရီ…

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple
Uncategorized
375 shares1172 views

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple

Nwe Oo - Jun 19, 2018

[Zawgyi]  Apple က တခြား Third-Party ဆားဗစ်သမားတွေပြင်ပြီးသား iPhone တွေ iPad တွေကိုပြင်ဆင်ပေးဖို့ ငြင်းဆန်တဲ့အတွက် သြစတေးလျတရားရုံးက Apple ကို A$9သန်း (ကန်ဒေါ်လာ၆.၅သန်း[or] ယူရို၅သန်း) ဒဏ်ငွေတပ်လိုက်ပါတယ်။ မနှစ်ကလည်း ဒီလိုပဲ အမှားအယွင်းဖြစ်နေတဲ့ iPhone, iPad…

Leave a Comment

Most from this category