Nissan က ရေဓါတ်ခမ်းခြောက်မှုကို သိတဲ့ ကားထိုင်ခုံကို ဖန်တီး
Nissan က ချွေးနဲ့ထိတွေ့တဲ့အခါမှာ အရောင်ပြောင်းသွားတဲ့ ကားထိုင်ခုံနဲ့ စတီယာရင်ကို ဖန်တီးနေပါတယ်။ ဒီလိုပြုလုပ်ဖို့အတွက် Nissan က SOAK လို့ခေါ်တဲ့ ချည်သား အမျိုးအစားကို အသုံးပြုထားပါတယ်။ ရည်ရွယ်ချက်ကတော့ ရေဓါတ်ခမ်းခြောက်နေစဉ် ကားမောင်းတဲ့ အန္တရာယ်ကို လူများ သိရှိစေဖို့ ဖြစ်ပါတယ်။
Loughborough University ရဲ့ ၂၀၁၅ ခုနှစ်မှ သုတေသနစစ်တမ်းအရ အနည်းငယ်သာ ရေဓါတ်ခမ်းခြောက်နေခြင်းကတောင် ကားမောင်းစဉ်မှာ အန္တရာယ်ရှိစေနိုင်တယ်လို့ သိရပါတယ်။ Nissan က အဲဒီ ချည်သားကို ကားတိုင်းမှာ ထည့်သွင်းပေးမှာ မဟုတ်ဘဲ အလိုရှိသူများအတွက်သာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ SOAK ချည်သားကို ဒီဇိုင်နာဖြစ်သူ Paulien Routs က ဖန်တီးထားခြင်း ဖြစ်ပြီး သူဟာ ရည်ရွယ်ချက်ရှိရှိဖြင့် ချွေးထွက်ရင် အရောင်ပြောင်းတဲ့ ချည်သားကို ဖန်တီးခဲ့ခြင်း မဟုတ်ဘူးလို့ သိရပါတယ်။
သူက “ ကျွန်တော်က လေ့ကျင့်ခန်းလုပ်သူများအတွက် အဆင်ပြေစေမယ့် ချည်သားကို ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် Nissan က ဒီနည်းပညာကို ဖန်တီးချင်တဲ့ အစီအစဉ်ကို ကျွန်တော့်ကို ပြောပြခဲ့ပါတယ်။ သူတို့က ဒီနည်းပညာကိုလည်း သရုပ်ပြသခဲ့ပါတယ်။ အဓိက အားဖြင့် ရေဓါတ်ပြည့်ဝစွာဖြင့် ကားမောင်းဖို့ လူတွေကို သတိပေးချင်တာ ဖြစ်ပါတယ်။ ဒါဟာ အလွန်ကောင်းတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ “ လို့ ပြောခဲ့ပါတယ်။
ကားထုတ်လုပ်သူများက သူတို့ရဲ့ ကားများဟာ လူသားတွေအတွက် အကျိုးရှိစေဖို့ နည်းပညာများကို ထည့်သွင်းလာကြပါတယ်။ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ အီလက်ထရစ်ကားများ၊ ဘေးအန္တရာယ်ကင်းစေတဲ့ စက်ရုပ်ကားများကို တီထွင်နေကြပါတယ်။
ref : mashable
You may be interested

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ
Ko Thuya - Apr 23, 2018မီဇူးက ၅.၉၅ လက်မ အရွယ် AMOLED Display တပ်ဆင်ထားတဲ့ 15 Plus ကို မိတ်ဆက်လိုက်ပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ QHD ဖြစ်ပါတယ်။ ခေတ်စားနေတဲ့ 18:9 မျက်နှာပြင် အချိုးကို မသုံးထားဘဲ 16:9 ကိုသာ သုံးထားပါတယ်။…

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့
Nwe Oo Thant - Apr 22, 2018နေ့စဉ်ယူဆောင်သွားလာနေရတဲ့လျှပ်စစ်ပစ္စည်းတွေမှာ ပြန်လည်အားသွင်းအသုံးပြုရတဲဘက်ထရီတွေကို built-in ထည့်သွင်းထားပါတယ်။ စမတ်ဖုန်း၊ တက်ဘလက်နဲ့ vape တွေမှာတောင် ဘက်ထရီတွေနဲ့အသုံးပြုရတာဖြစ်လို့ တစ်ခုခုအမှားအယွင်းဖြစ်ရင်(ဥပမာ- အပူလွန်တာမျိုးဖြစ်ခဲ့ရင်) သုံးနေရင်လက်ထဲမှာတင် ပေါက်ကွဲတာ လောင်ကျွမ်းတာတွေကို ဗီဒီယိုတွေမှာလည်း မြင်ဖူးပြီးသားဖြစ်မှာပါ။ ဒါကြောင့်လည်း လျှပ်စစ်ပစ္စည်းတွေဝယ်ရင်လည်း စိတ်ချတဲ့ဘက်ထရီတွေကို ရွေးဝယ်ဖို့အရေးကြီးပါတယ်။ အခုလည်း သုတေသီတွေ သိပ္ပံပညာရှင်တွေပူးပေါင်းပြီး…

iOS နဲ့ Mac OS ကိုပေါင်းမှာမဟုတ်တဲ့ Tim Cook
Nwe Oo Thant - Apr 22, 2018Apple က iOS နဲ့ Mac OS ကိုပေါင်းမယ်ဆိုရင် developer တွေအနေနဲ့ iPhone, iPad, Macbook သုံးမျိုးလုံးမှာသုံးလို့ရမယ့် application ဗားရှင်းတစ်မျိုးထုတ်လို့ရမယ်လို့ bloomberg ကပြောခဲ့ဖူးပါတယ်။ ဒီ app က touch screen နဲ့ပဲဖြစ်ဖြစ်…
Most from this category

ဂဏန်းခြောက်လုံး iPhone Passcode တွေက စိတ်ချရသေးရဲ့လား?
Nwe Oo Thant - Apr 22, 2018
Leave a Comment
You must be logged in to post a comment.