466 Shares 102 Views

စက်တင်ဘာလ တစ်လအတွင်း စမတ်ဖုန်းအလုံးရေ ၁၀ သန်းအထိ ရောင်းချခဲ့ရ တဲ့ Xiaomi

Oct 02, 2017
466 102

Xiaomi CEO Lei Jun အနေနဲ့ စက်တင်ဘာလ တစ်လအတွင်း Xiaomi စမတ်ဖုန်း ၁၀ သန်း အထိတင်ပို့ရောင်းချခဲ့ရကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Xiaomi အနေနဲ့ သူတို့ရဲ့သမိုင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ တစ်လတာအတွင်းမှာ စမတ်ဖုန်း အလုံးရေ ၁၀ သန်း ရောင်းချနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတုန်းက Xiaomi ဟာ အိန္ဒိယဈေးကွက်မှာ ၄၈ နာရီအတွင်းမှာ Redmi Note 4 စမတ်ဖုန်း ၁ သန်းအထိ ရောင်းချရတဲ့ စံချိန်ရခဲ့ပါတယ်။ ယခင်တုန်းက အွန်လိုင်းကပဲ စမတ်ဖုန်း ရောင်းချခဲ့ရတဲ့ Xiaomi ဟာ ယခုနှစ် တစ်နှစ်တည်းမှာပဲ တရုတ်နိုင်ငံအတွင်းမှာ အော့ဖ်လိုင်းစတိုးဆိုင်ပေါင်း ၂၀၀ အထိ ချဲ့ထွင်ဖွင့်လှစ်လျက်ရှိနေပါတယ်။

အိန္ဒိယဈေးကွက်ကိုပိုမိုအားစိုက်လာတဲ့ Xiaomi အနေနဲ့ Google နဲ့မိတ်ဖက်ပြုလုပ်ပြီးတောင် Android One ဖုန်းကိုမိတ်ဆက်ပေးခဲ့ပါသေးတယ်။ Xiaomi ဟာ ၂၀၁၅ ခုနှစ်မှာ စမတ်ဖုန်း အလုံးရေ သန်း ၇၀ ရောင်းချခဲ့ရပေမယ့် ၂၀၁၆ ခုနှစ်မှာတော့ ၅၈ သန်းသာ ရောင်းချခဲ့ရပါတယ်။ ကုမ္ပဏီဟာ ၂၀၁၆ ခုနှစ်မှာ အလုံးရေ သန်း ၈၀ ကျော်ရောင်းချရဖို့ မျှော်လင့်ထားခဲ့ခြင်း ဖြစ်ပါတယ်။ ရှောင်မီဟာ ယခုနှစ် ပထမကိုးလအတွင်းမှာ အလုံးရေ ၆၃ သန်းရောင်းချခဲ့ရတယ်လို့ အချို့က ပြောပါတယ်။ အဲဒီအတွက် ယခုနှစ်ကုန်မှာ သန်း ၈၀ ကျော် ရောင်းချရနိုင်ပါတယ်။

ဒါကြောင့် ၂၀၁၇ မှာပိုမိုအရောင်းတက်ဖို့မျှော်လင့်နေတာပါ။ Xiaomi ဟာ အိန္ဒိယဈေးကွက်မှာ အကြီးအကျယ် ရောင်းအား ကောင်းမှုနှင့်အတူ အခုလို စံချိန်သစ် ရရှိခဲ့တာ လည်း ဖြစ်ပါတယ်။

Source (China media)

You may be interested

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ
FEATURES, Softwares & Application
177 shares54 views

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ

Ko Thuya - Jun 20, 2018

Google ရဲ့ Gmail, Maps စတဲ့ Apps များကိုတော့ စာဖတ်သူများ သိရှိကြပါတယ်။ ဒါပေမယ့် Google ဟာ Android Apps များစွာကို ဖန်တီးပေးထားပါတယ်။ အဲဒီအထဲကမှ သင် မသိတဲ့ Google ရဲ့ အကောင်းစား Android…

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ
Mobiles & Tablets, NEWS
260 shares55 views

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ

Ko Thuya - Jun 20, 2018

Xiaomi က Mi 8 နဲ့ Mi 8 SE တို့ရဲ့ China Stable Version များအတွက် MIUI 9.5 ROM ကို ဖြန့်ချီပေးလိုက်ပါတယ်။ သူတို့ရဲ့ ဗားရှင်းအမည်များကတော့ V9.5.6.0 (OEACNFA) နဲ့…

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds
Uncategorized
118 shares48 views

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds

Nwe Oo - Jun 20, 2018

[Zawgyi] PUBG Corp. ကတော့ စထွက်ကတည်းက ခုချိန်ထိ PlayerUnknown’s Battleground ဂိမ်းကိုဆော့နေတဲ့သူပေါင်း သန်း ၄၀၀ ရှိနေပြီလို့ ဖော်ပြလိုက်ပါပြီ။ တစ်လတစ်လကို Log in ဝင်ဆော့တဲ့သူပေါင်း ၂၂၇သန်းလောက်တောင်ရှိနေပြီး ဒီထက်ပိုများလာဖို့အတွက် အခုဆို Steam မှာ $29.99…

Leave a Comment

Most from this category