208 Shares 73 Views

V7+ မှာ Face access ကို ဘယ်လိုသုံးမလဲ

Oct 02, 2017
208 73

အသစ်ထွက်ရှိလာတဲ့ V7+ ဟာ မျက်နှာပြင်ပိုမိုကျယ်ပြန့်လာပြီး အရှေ့ကင်မရာ အရည်အသွေးကလည်း ပိုကောင်းလာပါတယ်။ အရှေ့ကင်မရာနဲ့ မျက်နှာပြင်အကြောင်းက အထူးတလည် ရေပန်းစားနေတဲ့အကြောင်း ဖြစ်ပေမယ့် V7+ ရဲ့ feature တစ်ခုဖြစ်တဲ့ Face access ကလည်း စိတ်ဝင်စားစရာအကြောင်း ဖြစ်ပါတယ်။

Face access ဟာ Unbox လုပ်ပြီးတာနဲ့ ချက်ချင်း တန်းပြီး အသုံးပြုလို့မရနိုင်သေးပါဘူး။ သူ့ကို အသုံးပြုဖို့ System update ပြုလုပ်ဖို့ လိုအပ်ပါတယ်။ system update လုပ်ပြီးရင်တော့ Face access လုပ်လို့ရပြီဖြစ်ပါတယ်။ ဒါကြောင့် Face access ပြုလုပ်ဖို့ နည်းလမ်းလေးကို တင်ပြပေးချင်ပါတယ်။

အဆင့် ၁ အနေနဲ့ အရင်ဦးဆုံး setting ထဲကို သွားလိုက်ပါ။ ပြီးရင် Fingerprint, face and password ကိုနှိပ်ရပါမယ်။ ပြီးရင်တော့ face ကို နှိပ်ပါ။

အဆင့် ၂ အနေနဲ့ password/pin ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ password က ဂဏန်း ခြောက်လုံး ဖြစ်ပါတယ်။ password ကို ရိုက်ထည့်ရာမှာ အဓိက သတိပြုရမှာကတော့ ကိုယ်အမြဲတမ်း မှတ်မိနေမယ့် ဂဏန်းမျိုး ဖြစ်ဖို့ လိုအပ်ပါတယ်။ password ရိုက်ထည့်ပြီးရင်တော့ unlock ကို နှိပ်ပြီး ဆက်သွားရပါမယ်။ ဒါဆိုရင် ကိုယ့်မျက်နှာအနေအထားကို မှတ်တမ်းတင်ဖို့ပဲ ကျန်ပါတော့မယ်။

အဆင့် ၃ အနေနဲ့ မျက်နှာကို မှတ်တမ်းတင်ရပါမယ်။ အရှေ့ကင်မရာ ကနေတစ်ဆင့် မျက်နှာကို မှတ်တမ်း တင်ရမှာပါ။ မျက်နှာကို မှတ်တမ်းတင်တဲ့အဆင့်က အရမ်းလွယ်ပါတယ်။ ဖုန်းကို ကိုင်ထားပြီး ငြိမ်ငြိမ်နေရုံပါပဲ။ ကင်မရာက ၁၀၀% မှတ်တမ်းတင်ပြီးသွားတဲ့ အထိ စောင့်နေလိုက်ပါ။ နောက်ဆုံးအဆင့်အနေနဲ့ကတော့ quick recognition ကို သေချာ on ထားဖို့ပါပဲ။

အဆင့် ၄ အဖြစ် Smart motion ကို သွားရပါမယ်။ Smart turn on/off screen ကို ရောက်ရင် Raise to wake ကို activate လုပ်လိုက်ပါ။ ဒါမှ ဖုန်းကို ကိုင်မြှောက်လိုက်တာနဲ့ lock ပွင့်သွားမှာ ဖြစ်ပါတယ်။ ဒီအဆင့်တွေ ပြီးပြည့်စုံအောင် လုပ်ပြီးပြီဆိုရင်တော့ စာဖတ်သူရဲ့ V7+ ကိုဖွင့်ရာမှာ ဘယ် key ကိုမှ နှိပ်စရာမလိုတော့ပါဘူး။ အရမ်းပဲ လွယ်ကူ ရိုးရှင်းပါတယ်။

Face access ကို အသုံးပြုခြင်းက လွယ်ကူပါတယ်။ ပြီးတော့ သမားရိုးကျ ဖုန်းဖွင့်နည်းတွေမဟုတ်ဘဲ ဖုန်းကောက်ကိုင်လိုက်တာနဲ့ ဖွင့်လို့ရတာကြောင့် ဆန်းသစ်တယ်လို့လည်း ပြောရပါမယ်။ သူ့ရဲ့ lock ဖွင့်နှုန်းက အရမ်းကို မြန်ဆန်ပါတယ်။ မျက်နှာက ကင်မရာနဲ့ တည့်တည့်ဖြစ်မနေဘဲ ခပ်စောင်းစောင်း ဖြစ်နေရင်တောင် lock ပွင့်ပါတယ်။ Pattern တွေ၊ တခြား password နံပါတ်တွေကို အသုံးပြုစရာမလိုတဲ့အတွက် ဖုန်းဖွင့်ကာနီး စဉ်းစားနေစရာ မလိုတော့တာကလည်း နှစ်လိုဖွယ်ရာပါပဲ။

You may be interested

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ
FEATURES, Mobile & Tablets, Softwares & Application
0 shares0 views

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ

Ko Thuya - Apr 23, 2018

Desktop Version Website များဟာ Broadband Connection တွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်လို့ မိုဘိုင်းဗားရှင်းဝက်ဆိုက် အပါအ၀င် အခြားဝက်ဆိုက်များထက် အရွယ်အစားကြီးမားပါတယ်။ အဲဒီအတွက် ဖုန်းမှာ Tether ပြုလုပ်ပြီး ကွန်ပြူတာမှာ အင်တာနက် အသုံးပြုရင် တစ်နည်းအားဖြင့် ဖုန်းမှ အင်တာနက်ကို…

အကောင်းဆုံး Offline Android Apps များ
FEATURES, Softwares & Application
112 shares26 views

အကောင်းဆုံး Offline Android Apps များ

Ko Thuya - Apr 23, 2018

အခမဲ့ ၀ိုင်ဖိုင် မရလို့ပဲ ဖြစ်ဖြစ် ၊ မိုဘိုင်းဒေတာ သက်သာစေဖို့ပဲ ဖြစ်ဖြစ်၊ အင်တာနက်လိုင်း မမိတဲ့ နေရာရောက်နေလို့ပဲ ဖြစ်ဖြစ် Offline အသုံးပြုနိုင်တဲ့ Android Apps များစွာ ရှိပါတယ်။ အဲဒီအတွက် အကောင်းဆုံး Offline Android Apps…

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့
NEWS, Tech Update
77 shares48 views

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့

Nwe Oo Thant - Apr 23, 2018

[Zawgyi] ဒီတစ်ပတ်မှာတော့ Wikipedia ကနေ page previews ဆိုတဲ့ အသုံးဝင်တဲ့ feature သစ်လေးကို ထပ်ထည့်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကိုပြန်ကြည့်လိုက်လို့ Desktop Wikipedia တွေမှာ ကြီးကြီးမားမားပြောင်းလဲသွားတာကိုပြပါဆိုရင် ဒီ feature သစ်လေးကိုပြရမှာဖြစ်ကြောင်း Wikimedia ဖောင်ဒေးရှင်းကဆိုခဲ့ပါတယ်။ သူကတော့ စာဖတ်သူတွေအတွက်…

Leave a Comment

Most from this category