202 Shares 55 Views

လာမယ့်နှစ်ထုတ် ဖုန်းများရဲ့ GPS ဟာ တစ်ပေ အကွာအဝေးအတွင်း တိကျလာမည်

Oct 02, 2017
202 55

လာမယ့်နှစ်ထုတ် စမတ်ဖုန်းများရဲ့ GPS စနစ်ဟာ အလွန် တိကျလာတော့မှာ ဖြစ်ပါတယ်။ IEEE Spectrum ရဲ့ အဆိုအရ Broadcom ဟာ ဖုန်းရဲ့ တည်နေရာကို တစ်ပေ သို့မဟုတ် ၃၀ စင်တီမီတာ အကွာအဝေးအတွင်းမှာ တိကျစွာ ခြေရာခံနိုင်တဲ့ GPS Chip များကို စတင် ထုတ်လုပ်နေပြီလို့ သိရပါတယ်။ ယခု စမတ်ဖုန်းများမှာ ပါတဲ့ GPS ကတော့ ၅ မီတာ သို့မဟုတ် ၁၆ ပေ အကွာအဝေးအတွင်းမှာသာ ဖုန်းကို ခြေရာခံနိုင်တာ ဖြစ်ပါတယ်။

ယခု GPS စနစ်များရဲ့ အကွာအဝေးတွက်ချက်မှု မှားယွင်းတဲ့ အတိုင်းအတာဟာ ဖုန်းမှ မြေပုံလမ်းညွှန်စနစ်များမှာ လမ်းမှားများကို ရောက်သွားစေနိုင်တဲ့ ပြဿနာများ ရှိနေပါတယ်။ GPS Chip အသစ်က ဒီပြဿနာများကို ဖြေရှင်းပေးနိုင်တော့မှာ ဖြစ်ပါတယ်။ Broadcom က လာမယ့်နှစ်ထုတ် ဖုန်းအချို့မှာ GPS Chip အသစ်ကို ထည့်သွင်းပေးထားမယ်လို့ IEEE Spectrum ကို ပြောပါတယ်။ ဒါပေမယ့် ထည့်သွင်းထားမယ့် စမတ်ဖုန်းများကိုတော့ ပြောကြားခြင်း မရှိသေးပါဘူး။

GPS Chip အသစ်ရဲ့ တိုင်းတာမှု တိကျလာရခြင်းမှာ GPS ဂြိုလ်တုက ဖုန်းရဲ့ သတင်းအချက်အလက်များကို ပိုမို ထုတ်လွှင့်နိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ Broadcom က စံနှုန်းအသစ်ကို ထောက်ပံ့တဲ့ ဂြိုလ်တုပေါင်း ၃၀ ရှိပြီိလို့ ပြောပါတယ်။

လူဦးရေထူထပ်တဲ့ မြို့များမှာ GPS စနစ်ဟာ တိကျမှု နည်းပါးတဲ့အတွက် ဒီနည်းပညာ အသစ်ဟာ ပိုမို အဆင်ပြေလာတော့မှာ ဖြစ်ပါတယ်။ စမတ်ဖုန်းများရဲ့ GPS Chip ကို အဓိက ထုတ်လုပ်ပေးနေတဲ့ Qualcomm ကလည်း ဒီနည်းပညာပါတဲ့ Chip ကို ဖန်တီးလာနိုင်ပါတယ်။

ref : theverge

You may be interested

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2
Android, HUBS, Mobiles & Tablets
0 shares0 views

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2

Ko Thuya - Jun 19, 2018

ရှောင်မီက ဧပြီလမှာ Mi 6X ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Android One Version ကို မကြေညာခဲ့ပါဘူး။ အခုတော့ Swiss Online Store တစ်ခုမှာ Xiaomi Mi A2 ကို…

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်
FEATURES, HOW TO, Mobile & Tablets
147 shares668 views

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်

Ko Thuya - Jun 19, 2018

ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး စမတ်ဖုန်းများကို အသုံးပြုနေကြပါပြီ။ စမတ်ဖုန်းများရဲ့ ဘက်ထရီ သက်တမ်းဟာ များသောအားဖြင့် ၈ နာရီ ၀န်းကျင် ဖြစ်ကြပါတယ်။ ဒါပေမယ့် စမတ်ဖုန်းများရဲ့ ဘက်ထရီဟာ အသုံးပြုတာ ကြာလာတာနဲ့အမျှ စွမ်းရည် နည်းပါးလာကြပါတယ်။ အဲဒီအတွက် သင့် စမတ်ဖုန်း ဘက်ထရီ…

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple
Uncategorized
375 shares1150 views

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple

Nwe Oo - Jun 19, 2018

[Zawgyi]  Apple က တခြား Third-Party ဆားဗစ်သမားတွေပြင်ပြီးသား iPhone တွေ iPad တွေကိုပြင်ဆင်ပေးဖို့ ငြင်းဆန်တဲ့အတွက် သြစတေးလျတရားရုံးက Apple ကို A$9သန်း (ကန်ဒေါ်လာ၆.၅သန်း[or] ယူရို၅သန်း) ဒဏ်ငွေတပ်လိုက်ပါတယ်။ မနှစ်ကလည်း ဒီလိုပဲ အမှားအယွင်းဖြစ်နေတဲ့ iPhone, iPad…

Leave a Comment

Most from this category