894 Shares 325 Views

Samsung က Galaxy S9 ကို ဖန်တီးနေပြီ

Oct 02, 2017
894 325

Samsung က Galaxy S9 ကို စတင် ဖန်တီးနေပြီလို့ စမတ်ဖုန်းလောကကနေ သတင်းထွက်လာပါတယ်။ ကုမ္ပဏီက Galaxy S9 စမတ်ဖုန်း နှစ်လုံးအတွက် Firmware ကို ရေးနေပြီလို့ သိရပါတယ်။ Samsung က Galaxy S8 ကို မတ်လနှောင်းပိုင်းမှာ မိတ်ဆက်ခဲ့ပြီး ဧပြီလ၀က်မှာ ရောင်းချပေးခဲ့ပါတယ်။ Galaxy S9 အတွက် Firmware ကို ယခု ဖန်တီးနေပြီ ဖြစ်တဲ့အတွက် Galaxy S8 ထက်စောစွာ Galaxy S9 ကို နောက်နှစ်မှာ မိတ်ဆက်နိုင်ပါတယ်။

Samsung ဟာ Galaxy S Series များကို ဖေဖော်ဝါရီလမှာ ကျင်းပတဲ့ Mobile World Congress (MWC) မှာ မိတ်ဆက်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ Note 7 ပြဿနာကြောင့် Galaxy S8 စမတ်ဖုန်းများကို နောက်ကျပြီးမှ မိတ်ဆက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

Samsung Galaxy S9 မှာ Qualcomm Snapdragon 845 Chipset နဲ့ Samsung Exynos 9810 SoC တို့ မောင်းနှင်မယ်လို့ တွက်ချက်ထားပါတယ်။ အနည်းဆုံးအနေဖြင့် 6GB RAM, 64GB Internal Storage တပ်ဆင်ထားနိုင်ပြီး microSD Card Slot လည်း ပါမှာ ဖြစ်ပါတယ်။

Galaxy Note 8 မှာ မိတ်ဆက်ခဲ့တဲ့ အနောက်ကင်မရာ ၂ လုံးတပ်စနစ်ကိုလည်း Galaxy S9 စမတ်ဖုန်းများမှာ ထည့်သွင်းထားဖို့ သေချာနေပါတယ်။ Galaxy S8 , S8 Plus , Note 8 စမတ်ဖုန်းများမှာလို ဘေးဘောင်မဲ့ မျက်နှာပြင်များ တပ်ဆင်ထားနိုင်ပါတယ်။

ref : androidheadlines

You may be interested

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ
Facebook, HUBS, NEWS
0 shares0 views

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ

Ko Thuya - Apr 23, 2018

New York Times ရဲ့ သတင်းအရ သီရိလင်္ကာမှ လူများစု ဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် Sinhalese လူမျိုးများနဲ့ လူနည်းစု ဖြစ်တဲ့ မူဆလင်များအကြားမှာ Facebook မှ အမုန်းစကားများကြောင့် တင်းမာမှုများ ပိုမို ဆိုးရွားလာတယ်လို့ သိရပါတယ်။ သီရိလင်္ကာ လူမျိုးအများစုဟာ…

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ
Android, HUBS, Meizu
0 shares0 views

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ

Ko Thuya - Apr 23, 2018

မီဇူးက ၅.၉၅ လက်မ အရွယ် AMOLED Display တပ်ဆင်ထားတဲ့ 15 Plus ကို မိတ်ဆက်လိုက်ပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ QHD ဖြစ်ပါတယ်။ ခေတ်စားနေတဲ့ 18:9 မျက်နှာပြင် အချိုးကို မသုံးထားဘဲ 16:9 ကိုသာ သုံးထားပါတယ်။…

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့
NEWS, Tech Update
230 shares41 views

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့

Nwe Oo Thant - Apr 22, 2018

နေ့စဉ်ယူဆောင်သွားလာနေရတဲ့လျှပ်စစ်ပစ္စည်းတွေမှာ ပြန်လည်အားသွင်းအသုံးပြုရတဲဘက်ထရီတွေကို built-in ထည့်သွင်းထားပါတယ်။ စမတ်ဖုန်း၊ တက်ဘလက်နဲ့ vape တွေမှာတောင် ဘက်ထရီတွေနဲ့အသုံးပြုရတာဖြစ်လို့ တစ်ခုခုအမှားအယွင်းဖြစ်ရင်(ဥပမာ- အပူလွန်တာမျိုးဖြစ်ခဲ့ရင်) သုံးနေရင်လက်ထဲမှာတင် ပေါက်ကွဲတာ လောင်ကျွမ်းတာတွေကို  ဗီဒီယိုတွေမှာလည်း မြင်ဖူးပြီးသားဖြစ်မှာပါ။ ဒါကြောင့်လည်း လျှပ်စစ်ပစ္စည်းတွေဝယ်ရင်လည်း စိတ်ချတဲ့ဘက်ထရီတွေကို ရွေးဝယ်ဖို့အရေးကြီးပါတယ်။ အခုလည်း သုတေသီတွေ သိပ္ပံပညာရှင်တွေပူးပေါင်းပြီး…

Leave a Comment

Most from this category