492 Shares 165 Views

သင့် ခန္တာကိုယ်အတွက် အဲကွန်း နာရီ

Oct 02, 2017
492 165

နေအိမ်မှာ တပ်ဆင်ထားတဲ့ အဲကွန်းများလို သင့် ခန္တာကိုယ်ကို လေပူ၊ လေအေးပေးနိုင်မယ့် နာရီကို MIT တက္ကသိုလ်ထွက် သိပ္ပံပညာရှင်များက တီထွင်လိုက်ပါတယ်။ ပူအိုက်တဲ့ နေရာကို ရောက်နေရင် အေးမြစေမှာ ဖြစ်ပြီး အေးမြတဲ့ နေရာကို ရောက်နေရင် သင့်ကို နွေးထွေးစေမှာ ဖြစ်ပါတယ်။ ဒီလို အပူချိန်ပြောင်းဖို့အတွက် နာရီမှ ခလုတ်ကို တစ်ချက်နှိပ်လိုက်တာနဲ့ အိုကေပါပြီ။ အဲကွန်းနာရီရဲ့ အမည်ကတော့ Embr Wave ဖြစ်ပါတယ်။

ခန္တာကိုယ်ကို အေးမြစေဖို့အတွက် နာရီရဲ့ Light Bar မှ ဘယ်ဘက်ခြမ်းကို နှိပ်ရမှာ ဖြစ်ပါတယ်။ ခန္တာကိုယ်ကို နွေးထွေးစေဖို့အတွက် Light Bar ရဲ့ ညာဘက်ခြမ်းကို နှိပ်ရမှာ ဖြစ်ပါတယ်။ နာရီကို လက်ကောက်ဝတ်ရဲ့ အတွင်း သို့မဟုတ် အပြင်ဘက်မှာပါ ၀တ်ဆင်နိုင်ပါတယ်။ နှစ်သက်သလို ၀တ်ဆင်နိုင်အောင် သံလိုက်ပါတဲ့ Stainless Metal လက်ပတ်ကြိုးကို ဖန်တီးပေးထားပါတယ်။

အဲကွန်း နာရီမှာ ပြန်လည်အားဖြည့်နိုင်တဲ့ ဘက်ထရီတစ်ခု တပ်ဆင်ထားပြီး တစ်ခါအားအပြည့်သွင်းထားရင် လေပူ၊ လေအေး စနစ်ကို ၂၅ ကြိမ်တောင် အသုံးပြုနိုင်ပါတယ်။ အဲကွန်း နာရီကို လူပေါင်း ၂၀၀ ကျော် စမ်းသပ် အသုံးပြုပြီးလို့ နှစ်သက်နေကြပြီလို့ တီထွင်သူများက ပြောပါတယ်။

အဲကွန်း နာရီကို ထုတ်လုပ်ရောင်းချဖို့ Kickstarter ၀က်ဆိုက်မှာ ရန်ပုံငွေ ကောက်ခံနေပါတယ်။ ဒေါ်လာ ၁၀၀ ၀၀၀ သိန်းရရှိဖို့ ရည်မှန်းထားပြီး လက်ရှိမှာ ရည်မှန်းတဲ့ ပမာဏထက်များပြားတဲ့ ဒေါ်လာ ၄၃၇ ၀၀၀ ကျော်ကို ရရှိနေပြီ ဖြစ်ပါတယ်။ ဒေါ်လာ ၂၀၀ ၀န်းကျင်ဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။

ref : kickstarter

You may be interested

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard
FEATURES, Games
0 shares0 views

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard

Ko Thuya - Sep 22, 2018

Legend of Solgard ဟာ Candy Crush Series များကို ဖန်တီးထားတဲ့ King ရဲ့ လက်ရာ အသစ်တစ်ခု ဖြစ်ပါတယ်။ RPG Game ဖြစ်ပြီး တိုက်ခိုက်ရေး ဂိမ်း ဖြစ်ပါတယ်။ ဇာတ်ကောင်များကို စုဆောင်းပြီး သူတို့ရဲ့…

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု
Android, FEATURES, HUBS
90 shares24 views

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု

Ko Thuya - Sep 22, 2018

Android မှာ Facebook လို လူမှုကွန်ရက်များ အသုံးပြုခြင်း၊ ၀က်ဆိုက်များကြည့်ခြင်း အပါအ၀င် အင်တာနက် အသုံးပြုတဲ့ လူများအတွက် မိုဘိုင်းဒေတာကို သက်သာစေတဲ့ Apps များ ရှိပါတယ်။ အဲဒီ Apps များထဲမှ သင်နဲ့ သင့်တော်တဲ့ တစ်ခုကို ရွေးချယ်…

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ
Android, HUBS, Mobiles & Tablets
124 shares19 views

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ

Ko Thuya - Sep 22, 2018

ရှောင်မီက မေလမှာ Redmi S2 ကို ကြေညာခဲ့ပါတယ်။ သူ့ကို အိန္ဒိယမှာ Redmi Y2 အမည်နဲ့ ရောင်းချပေးခဲ့ပြီး ရွှေ၊ နှင်းဆီရွှေနဲ့ အညိုရောင်များ ထုတ်လုပ်ပေးခဲ့ပါတယ်။ အခုတော့ Xiaomi India က Redmi Y2 အတွက်…

Leave a Comment

Most from this category