451 Shares 141 Views

Gadget of the Year ဆုရတဲ့ Samsung Galaxy Note 8

Oct 02, 2017
451 141

အိန္ဒိယက သူ့ရဲ့ ပထမဆုံး အကြိမ်အဖြစ် India Mobile Congress 2017 ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာ ၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Gadget အဖြစ် Samsung Galaxy Note 8 ကို ရွေးချယ်ခဲ့ပါတယ်။ ဒိုင်များက Samsung ဟာ အိန္ဒိယလူမျိုးများရဲ့ လေယူလေသိမ်းများကို နားလည်အောင် Bixby ကို ဖန်တီးထားတဲ့အတွက် Galaxy Note 8 ဟာ ဆု ရရှိခဲ့ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။ Galaxy Note 8 ရဲ့ Specifications များကို စာဖတ်သူများ ပြန်လည်လေ့လာနိုင်အောင် အောက်မှာ ဖော်ပြလိုက်ပါတယ်။

Galaxy Note 8 မှာ ၆.၃ လက်မ Infinity Display တပ်ဆင်ထားတဲ့ Galaxy Note 8 ကို မိတ်ဆက်လိုက်ပါတယ်။ QHD+ Resolution ပါတဲ့ Super AMOLED အမျိုးအစား စကရင် ဖြစ်ပါတယ်။ Note 8 နဲ့ S Pen တို့ဟာ ရေစိုခံပါတယ်။ S Pen ကနေရေးသားထားတဲ့ စာများ၊ ပုံများကို ပေးပို့နိုင်တဲ့ Live Message စွမ်းဆောင်ချက်လည်း ပါပါတယ်။

Note 8 ရဲ့ အနောက်ဘက်မှာ 12MP Camera ၂ လုံး တပ်ဆင်ထားပြီး ၂ လုံးစလုံးမှာ Optical Image Stabilization နည်းပညာပါပါတယ်။ ကင်မရာများမှာ Background Blur ကို ဓါတ်ပုံ မရိုက်ခင်မှာ ချိန်ညှိနိုင်တဲ့ Live Focus စွမ်းဆောင်ချက် ပါပါတယ်။ App တစ်ခုကို ပွားသုံးနိုင်တဲ့ စွမ်းဆောင်ချက်လည်း ပါပါတယ်။ 6GB RAM ထည့်သွင်းထားပြီး နိုင်ငံအပေါ် မူတည်၍ Snapdragon 835 နဲ့ Exynos 8895 Chipset များ ထည့်သွင်းရောင်းချမှာ ဖြစ်ပါတယ်။

Android 7.1 Nougat မောင်းနှင်ပြီး Samsung ရဲ့ Bixby ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် ထည့်သွင်းထားပါတယ်။ Note 8 ဟာ Gear VR နဲ့ DeX Workstations များကိုလည်း ထောက်ပံ့ပါတယ်။ Cat. 16 LTE နဲ့ WiFi 802.11ac MIMO များကို ထောက်ပံ့ပါတယ်။ 3300mAh Battery ထည့်သွင်းထားပြီး ကြိုးမဲ့အားသွင်းစနစ်ပါပါတယ်။ USB-C Port တပ်ဆင်ထားပါတယ်။

ref : gsmarena

You may be interested

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2
Android, HUBS, Mobiles & Tablets
0 shares0 views

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2

Ko Thuya - Jun 19, 2018

ရှောင်မီက ဧပြီလမှာ Mi 6X ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Android One Version ကို မကြေညာခဲ့ပါဘူး။ အခုတော့ Swiss Online Store တစ်ခုမှာ Xiaomi Mi A2 ကို…

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်
FEATURES, HOW TO, Mobile & Tablets
147 shares668 views

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်

Ko Thuya - Jun 19, 2018

ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး စမတ်ဖုန်းများကို အသုံးပြုနေကြပါပြီ။ စမတ်ဖုန်းများရဲ့ ဘက်ထရီ သက်တမ်းဟာ များသောအားဖြင့် ၈ နာရီ ၀န်းကျင် ဖြစ်ကြပါတယ်။ ဒါပေမယ့် စမတ်ဖုန်းများရဲ့ ဘက်ထရီဟာ အသုံးပြုတာ ကြာလာတာနဲ့အမျှ စွမ်းရည် နည်းပါးလာကြပါတယ်။ အဲဒီအတွက် သင့် စမတ်ဖုန်း ဘက်ထရီ…

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple
Uncategorized
375 shares1172 views

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple

Nwe Oo - Jun 19, 2018

[Zawgyi]  Apple က တခြား Third-Party ဆားဗစ်သမားတွေပြင်ပြီးသား iPhone တွေ iPad တွေကိုပြင်ဆင်ပေးဖို့ ငြင်းဆန်တဲ့အတွက် သြစတေးလျတရားရုံးက Apple ကို A$9သန်း (ကန်ဒေါ်လာ၆.၅သန်း[or] ယူရို၅သန်း) ဒဏ်ငွေတပ်လိုက်ပါတယ်။ မနှစ်ကလည်း ဒီလိုပဲ အမှားအယွင်းဖြစ်နေတဲ့ iPhone, iPad…

Leave a Comment

Most from this category