0 Shares 119 Views

Xiaomi Redmi Note 5A Prime ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာ

Oct 02, 2017
0 119

Xiaomi Redmi Note 5A Prime လို့ ထင်ရတဲ့ စမတ်ဖုန်း တစ်လုံးကို အမေရိကန် ဆက်သွယ်ရေး ကော်မရှင် (FCC) မှာ မှတ်ပုံတင်လိုက်ပါတယ်။ သူ့ရဲ့ မော်ဒယ်အမည်ကတော့ MDG6S ဖြစ်ပါတယ်။ သူ့ကို နိုင်ငံအချို့မှာ Xiaomi Redmi Note 5A Plus အမည်ဖြင့် ရောင်းချနိုင်ပါတယ်။

သူ့မှာ Redmi Note 5A Series များရဲ့ ၅.၅ လက်မ မျက်နှာပြင်ထက် ပိုမို ကြီးမားတဲ့ မျက်နှာပြင်တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ သူ့မှာ Qualcomm ရဲ့ စွမ်းဆောင်ရည်သင့် Snapdragon 435 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 4GB RAM, 64GB Internal Storage ထည့်သွင်းထားပါတယ်။ 256GB အထိ ၀င်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။

အနောက်ဘက်မှာ 13 Megapixel Camera နဲ့ အရှေ့ဘက်မှာ 16 Megapixel Camera တပ်ဆင်ထားပါတယ်။ 3080mAh Battery ကို အသေတပ်ဆင်ထားပါတယ်။ အောက်ခြေမှာ စပီကာ နှစ်လုံး နဲ့ အနောက်ဘက်မှာ စက်ဝိုင်းပုံသဏ္ဍာန် လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ ညာဘက်မှာ အသံထိန်းချုပ်ခလုတ်များ တပ်ဆင်ထားပါတယ်။ ဘယ်ဘက်မှာ Hubrid SIM Tray တပ်ဆင်ထာတယ်လို့ ထင်ရပါတယ်။

3.5mm Audio Port ကို ဖုန်းရဲ့ ဘယ်ဘက်ထိပ်ဖက်မှာ တပ်ဆင်ထားနိုင်ပါတယ်။ USB Type-C Port အစား microUSB Port တပ်ဆင်ထားနိုင်ပါတယ်။

ref : androidheadlines

You may be interested

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares0 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares94 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း Lenovo ထုတ်ပြန်
NEWS
0 shares10 views

၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း Lenovo ထုတ်ပြန်

Nigma - May 25, 2019

တရုတ်နည်းပညာကုမ္ပဏီတခုဖြစ်တဲ့ Lenovo က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် စီးပွားရေးရလဒ်တွေကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Lenovo အတွက် မျှော်မှန်းထားတာထက်ကို အခြေအနေကောင်းတဲ့ ဘဏ္ဍာရေးနှစ်လို့ ဆိုရမှာပါ။ Intelligent Transformation လို့ အမည်ပေးထားတဲ့ စီးပွားရေးဗျူဟာနဲ့ လုပ်ငန်းလည်ပတ်မှုစွမ်းဆောင်ရည် ကောင်းမွန်မှုတို့ကြောင့် ကုမ္ပဏီအနေနဲ့ စံချိန်တင်ဝင်ငွေ ရရှိခဲ့တာ…

Leave a Comment

Most from this category