257 Shares 85 Views

၂၀၁၈ ခုနှစ်ထုတ် စမတ်ဖုန်းများမှာ လက်ဗွေရာ အာရုံခံ ကိရိယာဟာ ပုံသေစံနှုန်းအဖြစ် ပါလာမည်

Oct 01, 2017
257 85

လက်ဗွေရာ၊ မျက်နှာ၊ မျက်လုံး အာရုံခံ စနစ်များကို စမတ်ဖုန်းများမှာ ထည့်သွင်းလာကြပါတယ်။ အခုတော့ Counterpoint Research က လာမယ့်နှစ်ထုတ် စမတ်ဖုန်ုး ၁ ဘီလီယမ်ကျော်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားမယ်လို့ တွက်ချက်လိုက်ပါတယ်။

စမတ်ဖုန်းများမှာ မိုဘိုင်းဘဏ်စနစ်၊ အွန်လိုင်း ဈေးဝယ်ခြင်း၊ အလုပ်ကိစ္စများ၊ အီးမေးများကို အသုံးပြုလာကြတဲ့အတွက် လုံခြုံရေးဟာ အရေးကြီးလာပါတယ်။ PIN Codes နဲ့ Patterns များကို လုံခြုံရေးအတွက် နှစ်များစွာ အသုံးပြုခဲ့ကြပါတယ်။ အခုတော့ သူတို့ နေရာကို လက်ဗွေရာ အာရုံခံ စနစ်များက အစားထိုးနေရာယူလာကြတော့မှာ ဖြစ်ပါတယ်။

Counterpoint Research က စမတ်ဖုန်းများအတွက် လက်ဗွေရာ လုံခြုံရေး စနစ်ဟာ ပုံသေစံနှုန်း ဖြစ်လာမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ ဒစ်ဂျစ်တယ် ငွေပေးချေမှု စနစ်များ၊ မိုဘိုင်းဘဏ်စနစ်များကို အသုံးပြုမှုဟာ အလွန် မြင့်မားလာတဲ့အတွက် PIN Codes, Patterns များထက် ပိုမိုလုံခြုံတဲ့ လက်ဗွေရာ လုံခြုံရေး စနစ်ကို အဆင့်မြှင့်တင်ရခြင်း ဖြစ်တယ်လို့ သုတေသန အဖွဲ့အစည်းက တွက်ချက်ထားပါတယ်။

Counterpoint Research မှ Parv Sharma က လာမယ့်နှစ်မှာ ရောင်းချမယ့် စမတ်ဖုန်း ၄ လုံးမှာ ၃လုံးဟာ လက်ဗွေရာ လုံခြုံရေး စနစ်ပါလာမယ်လို့ ပြောပါတယ်။ ဒီနည်းပညာကို လူတွေ ပိုမို အသုံးပြုလာကြပြီး ပိုမို ဈေးသက်သာလာတဲ့ အချိန်မှာ တန်ဖိုးနည်း စမတ်ဖုန်းများမှာတောင် ဒီနည်းပညာကို ထည့်သွင်းပေးကြတော့မယ်လို့ သူက ပြောပါတယ်။

ref : androidheadlines

You may be interested

တန်ဖိုးနည်း Asus ROG Gaming Phone လာမည်
Android, ASUS, HUBS
0 shares0 views

တန်ဖိုးနည်း Asus ROG Gaming Phone လာမည်

Ko Thuya - Aug 22, 2018

Asus ROG Phone မှာ စွမ်းရည်မြင့် Snapdragon 845 Chipset နဲ့ 8GB RAM ထည့်သွင်းထားပါတယ်။ အခုတော့ RAM ပမာဏ လျှော့ထည့်ထားတဲ့ တန်ဖိုးနည်း မော်ဒယ်များကို ထုတ်လုပ်ရောင်းချမယ့် သတင်းထွက်လာပါတယ်။ တရုတ် ဆက်သွယ်ရေး ကော်မရှင်မှ…

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9
Android, HUBS, Mobiles & Tablets
464 shares63 views

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9

Ko Thuya - Aug 21, 2018

Samsung က မကြာခင်ကပဲ စွမ်းရည်မြင့် Galaxy Note 9 ကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ကို တောင်ကိုရီးယားမှာ ကြိုတင်မှာယူခွင့် ပြုလိုက်ပါပြီ။ အခုတော့ တောင်ကိုရီးယားမှ Carrier တစ်ခုရဲ့ သတင်းအချက်အလက်များ အရ Note 9 ရဲ့ ကြိုတင်မှာယူမှုများဟာ…

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei
Huawei, HUBS, Mobiles & Tablets
1274 shares179 views

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei

Creepy Tyler - Aug 21, 2018

[Zawgyi] စမတ်ဖုန်းကင်မရာတွေ တဖြည်းဖြည်းနဲ့ ပိုကောင်းလာတယ်ဆိုပေမယ့် တကယ့် DSLR ကင်မရာကြီးတွေကိုတော့ ဘယ်လိုမှ မယှဉ်နိုင်သေးဘူးဆိုတာ အားလုံးသိကြမှာပါ။ Huawei လည်း ဒါကို သိပုံပေါ်ပါတယ်။ ဘာလို့လည်းဆိုတော့ မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တဲ့ Nova 3 ဖုန်း ကြော်ငြာဗီဒီယိုမှာ Huawei ဟာ…

Leave a Comment

Most from this category