106 Shares 36 Views

အီလက်ထရစ် ခရီးသည်တင် လေယာဉ်များကို လာမယ့် ၁၀ နှစ်အတွင်းမှာ စီးနိုင်တော့မည်

Oct 01, 2017
106 36

သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ခရီးသွားနိုင်မယ့် သယ်ယူပို့ဆောင်ရေး စနစ်များကို အနာဂတ်မှာ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ Wright Electric နဲ့ လေကြောင်းလိုင်း EasyJet တို့က လာမယ့် ၁၀ နှစ်အတွင်းမှာ အီလက်ထရစ် ခရီးသည်တင်လေယာဉ်များကို ၀န်ဆောင်မှုပေးဖို့အတွက် ပူးပေါင်းလိုက်ပါတယ်။

Wright Electric က ယခုနှစ် မတ်လမှာ ဆီလီကွန်တောင်ကြားမှာ ပြုလုပ်ခဲ့တဲ့ Y Combinator Demo Day မှာ အဲဒီ အိုင်ဒီယာကို စတင် ရှင်းပြခဲ့ခြင်း ဖြစ်ပါတယ်။ လေယာဉ်များရဲ့ ဘက်ထရီများဟာ EasyJet ရဲ့ ခရီးတိုများအတွက် သင့်တော်တဲ့အတွက် Wright Electric က သူနဲ့ ပူးပေါင်းခဲ့ခြင်း ဖြစ်ပါတယ်။

Wright Electric ဟာ လက်ရှိမှာ လူနှစ်ဦးစီးနင်းနိုင်တဲ့ အီလက်ထရစ် လေယာဉ်ပျံကို တီထွင်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် လူများစွာ စီးနင်းမယ့် လေယာဉ်ပျံအတွက် အဆင့်မြင့်တဲ့ ဘက်ထရီ နည်းပညာကို တီထွင်ရမှာ ဖြစ်ပါတယ်။ Wright Electric က အနာဂတ်မှာ ခရီးတိုများတွင် အီလက်ထရစ် လေယာဉ်ပျံများဖြင့် ခရီးသည် ၁၅၀ ကို သယ်ယူပို့ဆောင်ပေးဖို့ ရည်ရွယ်ထားပါတယ်။

လက်ရှိမှာ စံချိန်တင်ထားတဲ့ အီလက်ထရစ် လေယာဉ်ပျံရဲ့ အများဆုံး ပျံသန်းနိုင်တဲ့ အကွာအဝေးမှာ မိုင် ၁၀၀၀ ဖြစ်ပြီး အဲဒီလေယာဉ်မှာ လူတစ်ဦး လိုက်ပါစီးနင်းခဲ့ပါတယ်။ အီလက်ထရစ် စွမ်းအင်သုံး ယာဉ်များဟာ ကုန်ကျစားရိတ် သက်သာပြီး သဘာဝပတ်ဝန်းကျင်အတွက် ဆိုးကျိုး မဖြစ်စေတဲ့အတွက် ကမ္ဘာကြီးအတွက် အလွန် အကျိုးရှိစေပါတယ်။

ref : mashable , travelandleisure

You may be interested

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ရောင်းပြီ
Android, HUBS, Mobiles & Tablets
0 shares0 views

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ရောင်းပြီ

Ko Thuya - Jan 18, 2019

ZTE ရဲ့ ကုမ္ပဏီခွဲတစ်ခု ဖြစ်တဲ့ Nubia က နိုဝင်ဘာလမှာ Gaming Phone ဖြစ်တဲ့ Red Magic Mars ကို ကြေညာခဲ့ပါတယ်။ 6/64GB Model ကို ယွမ် ၂၇၀၀ ၊ 8/128GB ကို…

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်

Ko Thuya - Jan 18, 2019

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ အင်တာနက်မှာ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်လာပါတယ်။ ရှောင်မီက တရားဝင် ထုတ်ပြန်လိုက်တဲ့ ဓါတ်ပုံတွေတော့ မဟုတ်ပါဘူး။ ဓါတ်ပုံများမှာ Mi 9 ကို ရှုထောင့်မျိုးစုံကနေ မြင်ရပါတယ်။ အနောက်ဘက်မှာ 48MP Main…

ဘာသာစကား သင်ကြားပေးမယ့် Drops
Android, FEATURES, HUBS
47 shares20 views

ဘာသာစကား သင်ကြားပေးမယ့် Drops

Ko Thuya - Jan 17, 2019

Drops : Learn 31 new languages ဟာ Google Play Store ရဲ့ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး App စာရင်းထဲမှာ ပါဝင်ပါတယ်။ သူက ဘာသာစကား သင်ကြားပေးတဲ့ App ဖြစ်ပါတယ်။ ပျော်ရွှင်စွာဖြင့်…

Leave a Comment

Most from this category