0 Shares 54 Views

4K ကင်မရာတပ်ဆင်ထားတဲ့ ဒရုန်း တစ်မျိုးကို Intel မိတ်ဆက်

Jan 06, 2016
0 54

intel-drone-975c327a-8760-4e0c-8da9-dc78fca3f5a6800

 

ချစ်ပ်ပြား ထုတ်လုပ်မှု တွေအပြီးမှာ Intel ကုမ္မဏီဟာ ပျံသန်းကိရိယာတွေနဲ့ စက်ရုပ်တွေဘက်ကို ဦးတည်လာပြန်ပါတယ်။

အဂါင်္နေ့က လတ်စ်ဗီးဂတ်စ် မြို့ မှာကျင်းပခဲ့တဲ့ Consumer Electronics Show(CES) ပွဲတော်အပြီးမှာ Intel ကုမ္မဏီ ရဲ့  အမှုဆောင်အရာရှိချုပ်ဖြစ်သူ Brian Krzanich က Yuneec Typhoon H(ယူနစ်တိုင်ဖွန်းအိပ်ခ်ျရှ်) လို့ခေါ်တဲ့ ဈေးကွက်ဝင် ဒရုန်း တစ်မျိုးကို မိတ်ဆက်ပြသခဲ့ပါတယ်။ ထို ဒရုန်း မှာတော့ Intel ရဲ့  အောက်သို့ချိန်ရွယ်ရိုက်ကူးရတဲ့ ကင်မရာနည်းပညာ RealSense 3D ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

ထို ဒရုန်း မှာတော့ ခေါက်သိမ်းလို့ရနိုင်တဲ့ ဒလက်ပန်ကာ ၊ သိမ်းဆည်းထားနိုင်တဲ့ မြေပြင်ဆင်းသက် စက်ပစ္စည်း ၊ 4K ကြည်လင်ပြတ်သားမှုရရှိမယ့် ကင်မရာ တစ်လုံး တို့အပါအ၀င် ဒရုန်းမောင်းနှင်သူအနေနဲ့ လေယာဉ်မှုးတစ်ယောက်ရဲ့ မြင်ကွင်းလို စစ်မှန်တဲ့ပြသမှုကို မြင်တွေ့နိုင်မယ့် မျက်နှာပြင်ပါ ထိန်းချုပ်စက် တစ်ခုတို့လည်း ပါဝင်ပါတယ်။

ဒီ ထုတ်လုပ်မှုဟာ Intel ကုမ္မဏီက ဂျာမန် ဒရုန်းထုတ်လုပ်ရေး ကုမ္မဏီ Ascending Technologies ကို ၀ယ်ယူလိုက်ကြောင်းကြေညာပြီးတဲ့နောက်မှာ ဖြစ်ပေါ်လာခဲ့တာပါ။ ဒီလို ပြီးပြည့်စုံတဲ့ လုပ်ဆောင်ချက်များနဲ့ ဒရုန်း အသစ်ဟာ ဒီနှစ် ပထမနှစ်ဝက်အတွင်း ဈေးကွက်ထဲ ရောက်ရှိလာ မှာဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၂၀၀၀ အောက်သာဖြစ်မှာပါ။

ဒါ့အပြင် Intel က ထို CES ပွဲတော်မှာ စက်ရုပ်တစ်ရုပ်အသွင် ပြောင်းလဲနိုင်မယ့် Hoverboard တစ်ခုကိုလည်း မိတ်ဆက်ပြသခဲ့ပါသေးတယ်။

Ref : CNet

You may be interested

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max

Ko Thuya - Sep 25, 2018

Apple က ပြီးခဲ့တဲ့ သောကြာနေ့မှာ iPhone XS နဲ့ iPhone XS Max တို့ကို ရောင်းချပေးလိုက်ပါတယ်။ Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက်…

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ
HUBS, Microsoft
39 shares12 views

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ

Creepy Tyler - Sep 25, 2018

Microsoft ကတော့ Surface Hub 2 ကို ပြသခဲ့ပြီး ၊ နောက်ဆုံးထွက်ဖြစ်လာမယ့် ဒီ device မှာ ပါလာမယ့်  Rotating Display အမည်ရ device ပုံစံအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပြသပေးမယ့် နည်းပညာကိုလည်း တစ်ခါတည်း ပြသခဲ့ပါတယ်။…

Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ
FEATURES, HOW TO, Softwares & Application
242 shares79 views

Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ

Ko Thuya - Sep 25, 2018

Google Chrome ဟာ ကမ္ဘာမှာ လူသုံးအများဆုံး ၀က်ဘရောက်စာ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Google Chrome မှာ လူသိနည်းတဲ့ လျှို့ဝှက် စွမ်းဆောင်ချက်များ ပါရှိပါတယ်။ အဲဒီအထဲမှာ Chrome ကို Text Editor လို အသုံးပြုခြင်း၊…

Leave a Comment

Most from this category