495 Shares 127 Views

Elon Musk က အလွန် လျှင်မြန်စွာ ဒုံးပျံဖြင့် ခရီးသွားနိုင်မယ့် နည်းပညာကို မိတ်ဆက်

Oct 01, 2017
495 127

အာကာသ နည်းပညာ ကုမ္ပဏီ SpaceX ရဲ့ တည်ထောင်သူနဲ့ စီအီးအို ဖြစ်သူ Elon Musk က အာကာသသို့ လွှတ်တင်လိုက်တဲ့ ဒုံးပျံများကို ကမ္ဘာမြေပေါ်သို့ အန္တရာယ်ကင်းစွာဖြင့် ပြန်လည် ဆင်းသက်နိုင်တဲ့ နည်းပညာကို စမ်းသပ် တီထွင်နေပါတယ်။ အဲဒီ နည်းပညာဟာ ဒုံးပျံများကို ပြန်လည် အသုံးပြုနိုင်တဲ့အတွက် ကုန်ကျစားရိတ် သက်သာပါတယ်။ အခုတော့ သူက အဲဒီ ဒုံးပျံနည်းပညာကို အသုံးပြု၍ ကမ္ဘာမြေမှ မြို့တစ်မြို့နဲ့ တစ်မြို့အကြား အလွန် လျှင်မြန်စွာ ခရီးသွားလာနိုင်မယ့် စီမံကိန်းကို မိတ်ဆက်လိုက်ပါတယ်။

ဒုံးပျံဖြင့် ကမ္ဘာမြေပေါ်မှ အလွန် ဝေးကွာတဲ့ ခရီးများကိုတောင် နာရီဝက်အတွင်း သွားနိုင်ပြီး ကမ္ဘာမြေရဲ့ ဘယ်နေရာကို မဆို ၁ နာရီအတွင်း သွားနိုင်မယ်လို့ Musk က ပြောပါတယ်။ ခရီးစားရိတ်ကလည်း လေယာဉ်များလောက်သာ ရှိတယ်လို့ သိရပါတယ်။ ဟောင်ကောင်ကနေ စင်ကာပူကို ၂၂ မိနစ်၊ လန်ဒန်ကနေ ဒူဘိုင်းကို ၂၉ မိနစ်၊ လော့စ်အင်ဂျလိစ်ကနေ တိုရန်တိုကို ၂၄ မိနစ်အတွင်း သွားနိုင်မယ်လို့ သရုပ်ပြ ဗီဒီယိုမှာ ပြသထားပါတယ်။

အဲဒီဒုံးပျံကို Big Fucking Rocket (BFR) လို့ အမည်ပေးထားပြီး သူက လာမယ့် ၆ လကနေ ၉ လအတွင်းမှာ ဒုံးပျံကို စတင် တည်ဆောက်မယ်လို့ ပြောပါတယ်။ BFR ဟာ ခရီးသည်တင်ယာဉ်ကို ကမ္ဘာပတ်လမ်းကြောင်းသို့ သယ်ဆောင်သွားမှာ ဖြစ်ပြီး ဦးတည်ရာ မြို့ရှိ Landing Pad ပေါ်ကို ခရီးသည်တင်ယာဉ်အား ပို့ဆောင်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ ဒုံးပျံကို Musk က ၂၀၂၄ ခုနှစ်မှာ အင်္ဂါဂြိုလ်သို့ လူသာများကို ပို့ဆောင်ပေးဖို့ အသုံးပြုမှာလည်း ဖြစ်ပါတယ်။

ref : theverge

You may be interested

iPhone 8 နဲ့ iPhone 8 Plus တို့အတွက် အသုံးဝင် Feature (၆) ခု
FEATURES, Mobile & Tablets
0 shares0 views

iPhone 8 နဲ့ iPhone 8 Plus တို့အတွက် အသုံးဝင် Feature (၆) ခု

Ko Thuya - Jun 25, 2018

Apple က iPhone 8 နဲ့ iPhone 8 Plus တို့ကို ရောင်းချပေးလိုက်ပါပြီ။ Apple ရဲ့ iPhone အသစ်များကို ပိုင်ဆိုင်ထားသူများအတွက် အကောင်းဆုံး အသုံးချနိုင်မယ့် Tips & Tricks (၅) ခုကို ဖော်ပြပေးလိုက်ပါတယ်။…

Huawei Honor 10 မှာ GPU Turbo နည်းပညာ ရပြီ
Android, Huawei, HUBS
0 shares14 views

Huawei Honor 10 မှာ GPU Turbo နည်းပညာ ရပြီ

Ko Thuya - Jun 25, 2018

ဟွာဝေးက Honor Play မှာ GPU Turbo နည်းပညာကို စတင် ထည့်သွင်းပေးခဲ့ပါတယ်။ ဒီနည်းပညာက Chipset ရဲ့ စွမ်းဆောင်ရည်ကို ၆၀ ရာခိုင်နှုန်း တိုးမြှင့်ပေးပြီး စွမ်းအင် စားသုံးမှုကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးပါတယ်။ အဲဒီနည်းပညာဟာ Honor…

Vivo NEX စမတ်ဖုန်းကို တစ်စစီဖြုတ်ကြည့်တဲ့အခါ?
NEWS, Vivo
204 shares342 views

Vivo NEX စမတ်ဖုန်းကို တစ်စစီဖြုတ်ကြည့်တဲ့အခါ?

Nwe Oo - Jun 25, 2018

[Zawgyi] ဖုန်းတစ်လုံးကို တစ်စစီဖြုတ်ကြည့်ရတဲ့ ရည်ရွယ်ချက်ကိုက ဒီဖုန်းဟာ ဘယ်လောက်ဖွင့်ရခက်လဲ ပြင်ဖို့ရောလွယ်ရဲ့လားဆိုတာကို သိနိုင်ဖို့ပါ။ ဒီလိုတစ်စစီဖြုတ်ကြည့်တဲ့အခါမျိုးမှာ ထူးထူးဆန်းဆန်းပစ္စည်းတွေဆို ပိုတောင်စိတ်ဝင်စားဖို့ကောင်းပါသေးတယ်။ ဥပမာ- Vivo NEX စမတ်ဖုန်းဆိုရင် ရိုက်မယ့်အချိန်မှ ကင်မရာလေးထွက်လာတဲ့ ပထမဆုံးဖုန်းပါ။ အခု MyFixGuide က ဒီ Vivo…

Leave a Comment

Most from this category