380 Shares 183 Views

Samsung Galaxy Note 8 အတွက် 5500mAh Battery Case

Oct 01, 2017
380 183

ဖုန်းများအတွက် Battery Case များကို ထုတ်လုပ်ရောင်းချနေတဲ့ ZeroLemon က Samsung Galaxy Note 8 အတွက် 5500mAh Battery Case ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ကို တပ်ဆင်ထားရင် အပိုရလာမယ့် အကျိုးကျေးဇူးများမှာ ၄၈ နာရီကြာ ဖုန်းပြောခြင်း၊ ၁၆ နာရီကြာ ဗီဒီယိုများ ကြည့်ခြင်း၊ ၇၄ နာရီကြာ သီချင်းနားထောင်ခြင်းတို့ ဖြစ်ကြပါတယ်။

Samsung Galaxy Note 8 အတွက် Battery Case ကို Galaxy S8 နဲ့ S8 Plus တို့အတွက် ထုတ်လုပ်ထားတဲ့ Battery Case များနဲ့ မတူအောင် အနည်းငယ် ဆန်းသစ်ထားပါတယ်။ 18.5:9 မျက်နှာပြင်အချိုးများနဲ့ လိုက်ဖက်အောင် Case ရဲ့ အထက်နဲ့ အောက်မှ ဘေးဘောင်များကို ပါးလွှာအောင် ဖန်တီးထားပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာအတွက် ဖောက်ထားတဲ့ နေရာရဲ့ အရွယ်အစားကလည်း အနည်းငယ် ကြီးမားလာတဲ့အတွက် အသုံးပြုရတဲ့အခါမှာ ပိုမို အဆင်ပြေလာပါတယ်။

လက်ရှိမှာ ZeroLemon 5500mAh Battery Case ကို အမေဇုန်မှာ လျှော့ဈေး ၃၉.၉၉ ဒေါ်လာဖြင့် ရောင်းချပေးနေပါတယ်။ ပုံမှန်ဈေးနှုန်းမှာ သူ့ထက် နှစ်ဆ ရှိနိုင်ပါတယ်။ လာမယ့် ရက်ပိုင်းအတွင်းမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ တစ်နှစ် အာမခံ၊ ဘ၀တစ်သက်တာ Customer Support များကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ နောက်ထုတ်တဲ့ စမတ်ဖုန်းများမှာ ဘက်ထရီများကို အသေတပ်ဆင်ထားတဲ့အတွက် Battery Case များဟာ အသုံးဝင်လာကြပါတယ်။ သူတို့ဟာ ဖုန်းကို ကာကွယ်ပေးနိုင်သလို ဘက်ထရီ သက်တမ်းကို တိုးမြှင့်ပေးပါတယ်။

ref : gsmarena

You may be interested

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ
Facebook, HUBS, NEWS
0 shares0 views

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ

Ko Thuya - Apr 23, 2018

New York Times ရဲ့ သတင်းအရ သီရိလင်္ကာမှ လူများစု ဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် Sinhalese လူမျိုးများနဲ့ လူနည်းစု ဖြစ်တဲ့ မူဆလင်များအကြားမှာ Facebook မှ အမုန်းစကားများကြောင့် တင်းမာမှုများ ပိုမို ဆိုးရွားလာတယ်လို့ သိရပါတယ်။ သီရိလင်္ကာ လူမျိုးအများစုဟာ…

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ
Android, HUBS, Meizu
0 shares0 views

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ

Ko Thuya - Apr 23, 2018

မီဇူးက ၅.၉၅ လက်မ အရွယ် AMOLED Display တပ်ဆင်ထားတဲ့ 15 Plus ကို မိတ်ဆက်လိုက်ပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ QHD ဖြစ်ပါတယ်။ ခေတ်စားနေတဲ့ 18:9 မျက်နှာပြင် အချိုးကို မသုံးထားဘဲ 16:9 ကိုသာ သုံးထားပါတယ်။…

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့
NEWS, Tech Update
230 shares41 views

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့

Nwe Oo Thant - Apr 22, 2018

နေ့စဉ်ယူဆောင်သွားလာနေရတဲ့လျှပ်စစ်ပစ္စည်းတွေမှာ ပြန်လည်အားသွင်းအသုံးပြုရတဲဘက်ထရီတွေကို built-in ထည့်သွင်းထားပါတယ်။ စမတ်ဖုန်း၊ တက်ဘလက်နဲ့ vape တွေမှာတောင် ဘက်ထရီတွေနဲ့အသုံးပြုရတာဖြစ်လို့ တစ်ခုခုအမှားအယွင်းဖြစ်ရင်(ဥပမာ- အပူလွန်တာမျိုးဖြစ်ခဲ့ရင်) သုံးနေရင်လက်ထဲမှာတင် ပေါက်ကွဲတာ လောင်ကျွမ်းတာတွေကို  ဗီဒီယိုတွေမှာလည်း မြင်ဖူးပြီးသားဖြစ်မှာပါ။ ဒါကြောင့်လည်း လျှပ်စစ်ပစ္စည်းတွေဝယ်ရင်လည်း စိတ်ချတဲ့ဘက်ထရီတွေကို ရွေးဝယ်ဖို့အရေးကြီးပါတယ်။ အခုလည်း သုတေသီတွေ သိပ္ပံပညာရှင်တွေပူးပေါင်းပြီး…

Leave a Comment

Most from this category