147 Shares 31 Views

ပါးစပ်ကနေ ခိုင်းလိုက်တာနဲ့ ကော်ဖီဖျော်ပေးမယ့် စမတ် ကော်ဖီဖျော်စက်

Sep 30, 2017
147 31

ဗြိတိန် အခြေစိုက် ကုမ္ပဏီတစ်ခုက ဒုတိယမျိုးဆက် Smarter Coffee အမည်ရ ကော်ဖီဖျော်စက်ကို ဖန်တီးလိုက်ပါတယ်။ သူ့ကို ၀ိုင်ဖိုင်ကနေ စမတ်ဖုန်းနဲ့ ချိတ်ဆက်နိုင်ပြီး Smarter App မှာ ကော်ဖီပြင်းအား၊ အပူချိန်နဲ့ ပမာဏတို့ အပါအ၀င် သင့် အကြိုက်အရသာကို သတ်မှတ်နိုင်ပါတယ်။

ဒါ့အပြင် သင် အိပ်ယာနိုးတာနဲ့ ပူနွေးတဲ့ ကော်ဖီတစ်ခွက်ကို အဆင်သင့် ဖျော်ထားအောင်လည်း ခိုင်းစေနိုင်ပါတယ်။ သူက Philips Hue စမတ်မီးလုံး လို အခြား စမတ်ကိရိယာများနဲ့ ချိတ်ဆက်နိုင်ပြီး မီးလုံးဖွင့်လိုက်တာနဲ့ ကော်ဖီဖျော်ပေးမှာ ဖြစ်ပါတယ်။ Nest Cam နဲ့ ချိတ်ဆက်ထားရင် သင်ကော်ဖီသောက်တတ်တဲ့ အချိန်မှာ မီးဖိုချောင်ထဲ ၀င်လိုက်တာနဲ့ ကော်ဖီ ဖျော်ပေးမှာ ဖြစ်ပါတယ်။

စမတ် ကော်ဖီဖျော်စက်ဟာ Google Home စမတ်စပီကာနဲ့ Alexa တို့နဲ့လည်း တွဲဖက် အလုပ်လုပ်နိုင်တဲ့အတွက် သူ့ကို အသံအမိန့်များဖြင့် ခိုင်းစေနိုင်ပါတယ်။ “ အမေရိကန် ဈေးကွက်ကို တိုးချဲ့လိုက်တာဟာ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ Consumers များရဲ့ နေ့စဉ် လူနေမှုဘ၀များကို နည်းပညာက ပိုမိုလွယ်ကူလာစေမှာ ဖြစ်ပါတယ်။ “ လို့ Smarter ရဲ့ စီအီးအို ဖြစ်သူ Christian Lane က ပြောပါတယ်။

Smarter Coffee ကို အောက်တိုဘာလ ၂ ရက်နေ့မှာ ၂၄၉.၉၉ ဒေါ်လာဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက iKettle နဲ့ FridgeCam တို့ကိုလည်း ထုတ်လုပ်ထားပါတယ်။ iKettle က စမတ်ဖုန်းကနေ ခိုင်းလိုက်တာနဲ့ ရေနွေးကျိုပေးမှာ ဖြစ်ပြီး FridgeCam က အဝေးတစ်နေရာကနေ ဖုန်းဖြင့် ရေခဲသေတ္တာထဲမှာ လိုအပ်နေတဲ့ အစားအစာများကို ကြည့်နိုင်မှာ ဖြစ်ပါတယ်။

ref : digitaltrends

You may be interested

Xiaomi Black Shark 2 ကို ကြေညာမယ့် ရက်ကို သိရပြီ
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Black Shark 2 ကို ကြေညာမယ့် ရက်ကို သိရပြီ

Ko Thuya - Oct 16, 2018

Xiaomi Black Shark 2 ရဲ့ Teaser တစ်ခု ထွက်ပေါ်လာပါတယ်။ ပိုစတာမှာ အောက်တိုဘာလ ၂၃ ရက်လို့ ရေးသားထားတဲ့ အတွက် ဒီဖုန်းကို အဲနေ့မှာ ကြေညာနိုင်ပါတယ်။ ပိုစတာမှာ တရုတ်လို ရေးသားထားတဲ့အတွက် အဲဒီမှာ ကြေညာနိုင်ပါတယ်။ ရှောင်မီကတော့…

Dell က ကမ္ဘာ့ ပထမဆုံး ၄၉ လက်မ Ultra-wide QHD Monitor ကို ပြသ
Dell, HUBS, NEWS
0 shares6 views

Dell က ကမ္ဘာ့ ပထမဆုံး ၄၉ လက်မ Ultra-wide QHD Monitor ကို ပြသ

Ko Thuya - Oct 16, 2018

Dell UltraSharp U4919DW ဟာ ကမ္ဘာ့ ပထမဆုံး ၄၉ လက်မ Ultra-wide QHD Monitor ဖြစ်လာပါတယ်။ ဈေးကွက်ထဲမှ အခြား Ultra-wide Display များဟာ Full HD Resolution သာ ရှိပါတယ်။ ဒါ့အပြင်…

၂၀၁၉ ခုနှစ်မှာ အာကာသကို ခရီးသည် ပို့ဆောင်ပေးမယ့် Jeff Bezos
NEWS, Tech Update
0 shares6 views

၂၀၁၉ ခုနှစ်မှာ အာကာသကို ခရီးသည် ပို့ဆောင်ပေးမယ့် Jeff Bezos

Ko Thuya - Oct 16, 2018

Amazon CEO Jeff Bezos က ကုန်ပစ္စည်းများ ရောင်းချတဲ့ လုပ်ငန်း အပြင် Blue Origin အမည်ရ အာကာသ နည်းပညာ ကုမ္ပဏီကိုပါ တည်ထောင်ထားပါတယ်။ ဒီကုမ္ပဏီဟာ သူ့အတွက် အရေးအကြီးဆုံးလို့တောင် သူက ပြောပါတယ်။ သူက အာကာသ…

Leave a Comment

Most from this category