0 Shares 289 Views

Facebook အကောင့်ကို မျက်နှာဖြင့် Login ၀င်နိုင်မည်

Sep 30, 2017
0 289

iPhone X လိုပဲ Facebook ကလည်း အကောင့်ကို မျက်နှာဖြင့် Login ၀င်နိုင်မယ့် နည်းပညာကို တီထွင်နေပါတယ်။ Facebook က လက်ရှိမှာ Users များအတွက် အကောင့်ကို လုံခြုံရေးနှစ်ထပ်ဖြင့် ကာကွယ်ထားနိုင်တဲ့ Two-Factor Authentication နည်းလမ်းကို ပံ့ပိုးပေးထားပါတယ်။ ယခုတီထွင်နေတဲ့ မျက်နှာ ခွဲခြမ်းစိတ်ဖြာတဲ့ နည်းပညာကတော့ Facebook အကောင့်များ လုံခြုံစေဖို့ နောက်ထပ် လုံခြုံရေးအလွှာတစ်ထပ် ဖြစ်လာနိုင်ပါတယ်။

Facebook က “ Users များ Facebook အကောင့်ကို ဟက်ခံနေရတဲ့ အချိန်မှာ လွယ်ကူ လျှင်မြန်စွာဖြင့် အကောင့်ကို ပြန်ပိုင်ဆိုင်နိုင်မယ့် နည်းလမ်း အသစ်တစ်ခုကို တီထွင်နေပါတယ်။ ဒါဟာ Two-Factor Authentication လိုမျိုး လုံခြုံရေး အလွှာတစ်ထပ် ဖြစ်ပါတယ်။ Users များ အသုံးပြုနေကျ Devices များမှာပဲ ဒီနည်းလမ်းကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းပညာက အကောင့်များကို ပိုမို လုံခြုံစေမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

ဒီစွမ်းဆောင်ချက်ဟာ Users များအတွက် တကယ်ကို အဆင်ပြေစေပြီး ဟက်ကာများရဲ့ အန္တရာယ်ကလည်း ကင်းဝေးစေတယ်ဆိုရင်တော့ Facebook က Users အားလုံးအတွက် ဖြန့်ချီပေးမှာ ဖြစ်ပါတယ်။ Facebook က လက်ရှိမှာ Two-Factor Authentication အပြင် သင့်အကောင့် Lock ကျချိန်မှာ သင် ယုံကြည်ရတဲ့ သူငယ်ချင်းများက သင့်အကောင့်ကို ပြန်လည် ရရှိအောင် ပြုလုပ်ပေးနိုင်တဲ့ Trusted Contacts ကို ဖန်တီးပေးထားပါတယ်။ ဒါ့အပြင် သူငယ်ချင်းများရဲ့ ဓါတ်ပုံကို မှန်ကန်စွာ ရွေးချယ်ပေးရင် အကောင့်ကို ပြန်လည် အသုံးပြုနိုင်တဲ့ နည်းလမ်းကိုလည်း ပံ့ပိုးပေးထားပါတယ်။

ref : techcrunch

You may be interested

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်
Android, HUBS, Mobiles & Tablets
0 shares0 views

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်

Ko Thuya - May 26, 2019

OPPO Reno 10x Zoom ကို ကြေညာစဉ်မှာ Ocean Green နဲ့ Jet Black အရောင်နှစ်ခုသာ ထုတ်လုပ်ထားပါတယ်။ အခုတော့ အမျိုးသမီးများ နှစ်သက်တဲ့ ပန်းရောင် မော်ဒယ်ကို ထုတ်လုပ်ပေးတော့မှာ ဖြစ်ပါတယ်။ တရုတ်မှာ ၁၈ ရက်နေ့တွင်…

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares15 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares382 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

Leave a Comment

Most from this category