141 Shares 32 Views

အချစ်ရေးကို ဟောကိန်းထုတ်ပေးမယ့် ဥာဏ်ရည်တု နည်းပညာ

Sep 30, 2017
141 32

တောင် ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သုတေသန ပညာရှင်များက အချစ်ရေး ပြတ်စဲမယ့် နေ့ရက်ကို ကြိုတင်ပြောပြနိုင်မယ့် ဥာဏ်ရည်တု နည်းပညာကို တီထွင်လိုက်ပါတယ်။ အဲဒီအတွက် အချစ်ရေး မပြတ်စဲခင်မှာ ချစ်သူများအနေဖြင့် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

သုတေသနပညာရှင်များက သူတို့ရဲ့ လေ့လာတွေ့ရှိမှုကို PLOS One ဂျာနယ်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ သူတို့ရဲ့ Machine Learning Algorithm ဟာ စုံတွဲ ၁၃၄ တွဲအတွက် နှစ်သိမ့်ဆွေးနွေး အကြံပေးချက်များကို နားထောင်ခဲ့ပြီး သုတေသနပညာရှင်များက စုံတွဲများရဲ့ သတင်းအချက်အလက်များကို ဆော့ဖ်ဝဲအား သင်ကြားပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆော့ဖ်ဝဲက စုံတွဲများရဲ့ အချစ်ရေး ပြတ်စဲမယ့် နေ့ကို ဟောကိန်းထုတ်နိုင်ခဲ့ပါတယ်။

သုတေသနပညာရှင်များက “ ချစ်သူစုံတွဲများအတွက် အကြံပေးတဲ့ ပညာရှင်များရဲ့ သတင်းအချက်အလက်များကို အသုံးပြုခြင်းဖြင့် ကျွန်တော်တို့ရဲ့ ဆော့ဖ်ဝဲဟာ ချစ်မှုရေးရာကို ကြိုတင်တွက်ချက်ပေးနိုင်ပါတယ်။ “ လို့ ပြောပါတယ်။

ဥာဏ်ရည်တု နည်းပညာကို စမတ်ဖုန်းများ ၊ စက်ရုပ်များ အပါအ၀င် ကဏ္ဍပေါင်းစုံမှာ အသုံးချဖို့ တီထွင်နေကြပါတယ်။ Apple iPhone အသစ်များမှာလည်း ဒီနည်းပညာပါတဲ့ Chip များ ထည့်သွင်းထားကြပါတယ်။ Huawei ကလည်း ဥာဏ်ရည်တု နည်းပညာပါတဲ့ Chip ကို မကြာခင်က မိတ်ဆက်ခဲ့ပါတယ်။ လာမယ့်နှစ်မှာ ထုတ်လုပ်ရောင်းချမယ့် စမတ်ဖုန်းများမှာ ဥာဏ်ရည်တု နည်းပညာပါတဲ့ Chip များကို ထည့်သွင်းထားကြမယ်လို့ ပညာရှင်များက ခန့်မှန်းထားကြပါတယ်။

ဒါပေမယ့်လည်း ဥာဏ်ရည်တု နည်းပညာပါတဲ့ စက်ရုပ်များဟာ အနာဂတ်မှာ လူသားမျိုးနွယ်ကို ဖျက်ဆီးလာနိုင်တယ်ဆိုတဲ့ အယူအဆကို ကိုင်စွဲထားတဲ့ ပညာရှင်များလည်း ရှိနေပါတယ်။

ref : tnw

You may be interested

Android Device က ရုပ်ရှင်၊ ဗီဒီယိုတွေကို TV မှာ ကြည့်ရှုနည်းများ
FEATURES, Mobile & Tablets, Softwares & Application
0 shares0 views

Android Device က ရုပ်ရှင်၊ ဗီဒီယိုတွေကို TV မှာ ကြည့်ရှုနည်းများ

Ko Thuya - Mar 26, 2019

သင့်ရဲ့ Android Device မှ ဓါတ်ပုံ၊ ဗီဒီယိုများကို တီဗီမှာ ကြည့်ချင်ရင် ချိတ်ဆက်နည်းများစွာ ရှိပါတယ်။ သင့်ရဲ့ဖုန်းကို စမတ်တီဗီများနဲ့သာ ၀ိုင်ဖိုင်ဆက်သွယ်မှုကနေ ကြိုးမဲ့ ချိတ်ဆက်နိုင်တာ မဟုတ်ဘဲ သာမာန်တီဗီများနဲ့လည်း ကြိုးမဲ့ သို့မဟုတ် ကြိုးဖြင့် ချိတ်ဆက်နည်းများ ရှိပါတယ်။ WiFi…

Sharp ကလည်း Foldable ဖုန်း ထုတ်တော့မှာလား
Mobiles & Tablets, NEWS
9 shares3 views

Sharp ကလည်း Foldable ဖုန်း ထုတ်တော့မှာလား

Nigma - Mar 26, 2019

မိုဘိုင်းနည်းပညာရဲ့ နောက်ထပ် ဆန်းသစ်မှုတခုကတာ့ ခေါက်ချိုးနိုင်တဲ့ Foldable ဖုန်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆည် Foldable ဖုန်းဆိုလို့ Samsung နဲ့ Huawei တို့ပဲ ကောင်းကောင်း ရှိပါတယ်။ မကြာမီအချိန်အတွင်း Xiaomi, Lenovo, Motorola စတဲ့ ကုမ္ပဏီတွေလည်း…

P30 မိတ်ဆက်ပွဲကို ပွဲဆူအောင် လုပ်ပေးတယ်ဆိုပြီး Apple အား ခနဲ့လိုက်တဲ့ Huawei
Android, Apple, Huawei
39 shares36 views

P30 မိတ်ဆက်ပွဲကို ပွဲဆူအောင် လုပ်ပေးတယ်ဆိုပြီး Apple အား ခနဲ့လိုက်တဲ့ Huawei

Ko Thuya - Mar 26, 2019

Apple က မနေ့က ၀န်ဆောင်မှု အသစ်များကို မနေ့ကပဲ ကြေညာလိုက်ပါတယ်။ ဟွာဝေးက ဒီနေ့မှာ P30 Series များကို မိတ်ဆက်တော့မှာပါ။ သူတို့ရဲ့ မိတ်ဆက်ပွဲများက အချိန်တိုက်ဆိုင်သွားပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး Huawei Ireland က Apple ကို…

Leave a Comment

Most from this category