542 Shares 283 Views

Huawei က FullView Display နဲ့ ကင်မရာ လေးလုံးပါတဲ့ Nova 2i ကို ကြေညာ

Sep 30, 2017
542 283

Huawei က စမတ်ဖုန်း အသစ်တစ်လုံးကို မလေးရှားရှိ Vmall ရဲ့ အွန်လိုင်းနဲ့ မြေပြင် အရောင်းဆိုင်များမှာ မိတ်ဆက်လိုက်ပါတယ်။ Huawei Nova 2i လို့ အမည်ပေးထားပြီး မကြာခင်က တရုတ်မှာ ကြေညာခဲ့တဲ့ Huawei Maimang 6 ရဲ့ နိုင်ငံတကာ ဗားရှင်း ဖြစ်ပါတယ်။

Huawei Nova 2i မှာ Octa-Core Kirin 659 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 4GB RAM , 64GB Internal Storage ထည့်သွင်းထားပါတယ်။ စကရင်အချိုးမှာ 18:9 ဖြစ်ပါတယ်။ Huawei က Resolution ကိုတော့ ပြောကြားထားခြင်း မရှိသေးပါဘူး။ စကရင်ရဲ့ ဘယ်နဲ့ညာမှ ဘေးဘောင်များဟာ မရှိသလောက် ပါးလွှာပါတယ်။ အထက်နဲ့ အောက်မှ ဘေးဘောင်များကိုလည်း ပါးလွှာအောင် ဖန်တီးပေးထားပါတယ်။

စကရင်ရဲ့ အထက်မှ ဘေးဘောင်မှာ 13MP+2MP Cameras များကို တပ်ဆင်ထားပြီး Selfies များ ရိုက်ကူးရင် ထူးခြားဆန်းသစ်တဲ့ Effects များကို ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 16MP+2MP Cameras များ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။

Huawei Nova 2i မှာ 3340mAh Battery တပ်ဆင်ထားပြီး Android 7.0 Nougat အခြေပြု EMUI 5.1 ထည့်သွင်းထားပါတယ်။ သူ့ကို Gestures မျိုးစုံဖြင့် အသုံးပြုနိုင်ပါတယ်။ သတင်း၊ ဆောင်းပါး တစ်ပုဒ်ကို ဖွင့်ထားရင်းကနေ စကရင်မှာ S ပုံသဏ္ဍာန် ရေးဆွဲရင် သတင်း၊ ဆောင်းပါး အစ အဆုံးကို Screenshot ရိုက်ပေးမှာ ဖြစ်ပါတယ်။ လက်တစ်ချောင်းဖြင့် စကရင်ကို နှစ်ချက်နှိပ်ရင် Screenshot ရိုက်ပေးမှာ ဖြစ်ပြီး လက်နှစ်ချောင်းဖြင့် စကရင်ကို နှစ်ချက်နှိပ်ရင် Screen Recording ပြုလုပ်ပေးမှာပါ။ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။

ref : gsmarena

You may be interested

စက်ရုပ်များ မလုပ်နိုင်မယ့် သေချာတဲ့ အနာဂတ် အလုပ်အကိုင်များ
FEATURES, Life Style, Softwares & Application
0 shares0 views

စက်ရုပ်များ မလုပ်နိုင်မယ့် သေချာတဲ့ အနာဂတ် အလုပ်အကိုင်များ

Ko Thuya - Oct 16, 2018

စက်ရုပ်များဟာ ကုန်ထုတ်စွမ်းအား တိုးတက်စေတဲ့ အတွက် အကျိုးကျေးဇူးများစွာ ရှိပါတယ်။ ဒါပေမယ့် လာမယ့် ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ လူသားတွေရဲ့ အလုပ်အကိုင်များဟာ စိုးရိမ်စရာ ဖြစ်လာပါတယ်။ စီးပွားရေး ပညာရှင် Mariano Mamertino က ကမ္ဘာ့ နံပါတ်တစ် အလုပ်အကိုင် ၀က်ဆိုက်…

Xiaomi Black Shark 2 ကို ကြေညာမယ့် ရက်ကို သိရပြီ
Android, HUBS, Mobiles & Tablets
0 shares3 views

Xiaomi Black Shark 2 ကို ကြေညာမယ့် ရက်ကို သိရပြီ

Ko Thuya - Oct 16, 2018

Xiaomi Black Shark 2 ရဲ့ Teaser တစ်ခု ထွက်ပေါ်လာပါတယ်။ ပိုစတာမှာ အောက်တိုဘာလ ၂၃ ရက်လို့ ရေးသားထားတဲ့ အတွက် ဒီဖုန်းကို အဲနေ့မှာ ကြေညာနိုင်ပါတယ်။ ပိုစတာမှာ တရုတ်လို ရေးသားထားတဲ့အတွက် အဲဒီမှာ ကြေညာနိုင်ပါတယ်။ ရှောင်မီကတော့…

Dell က ကမ္ဘာ့ ပထမဆုံး ၄၉ လက်မ Ultra-wide QHD Monitor ကို ပြသ
Dell, HUBS, NEWS
0 shares9 views

Dell က ကမ္ဘာ့ ပထမဆုံး ၄၉ လက်မ Ultra-wide QHD Monitor ကို ပြသ

Ko Thuya - Oct 16, 2018

Dell UltraSharp U4919DW ဟာ ကမ္ဘာ့ ပထမဆုံး ၄၉ လက်မ Ultra-wide QHD Monitor ဖြစ်လာပါတယ်။ ဈေးကွက်ထဲမှ အခြား Ultra-wide Display များဟာ Full HD Resolution သာ ရှိပါတယ်။ ဒါ့အပြင်…

Leave a Comment

Most from this category