0 Shares 251 Views

ထိုင်ဝမ်မှာ iPhone 8 Plus အားသွင်းစဉ် စကရင် ကျွံထွက်မှု ဖြစ်ပွား

Sep 30, 2017
0 251

Apple က iPhone 8 နဲ့ iPhone 8 Plus တို့ကို ရောင်းချပေးလိုက်တာ တစ်ပတ်လောက်သာ ရှိပါသေးတယ်။ အချို့ iPhone အသစ်များမှာ အသေးအဖွဲ ပြဿနာများ ဖြစ်ပေါ်နေတဲ့ သတင်းများလည်း ထွက်ပေါ်နေပါတယ်။ အခုလည်း ထိုင်ဝမ်မှ iPhone 8 Plus ပိုင်ရှင်တစ်ဦးဟာ အားသွင်းစဉ်မှာ စကရင် ကျွံထွက်မှု ဖြစ်ပေါ်ခဲ့ပါတယ်။

ထိုင်ဝမ်နဲ့ တရုတ် မီဒီယာများရဲ့ သတင်းအရ အဲဒီ ဖုန်းကို Ms. Wu ဆိုသူ အမျိုးသမီး ပိုင်ဆိုင်ခြင်း ဖြစ်ပြီး သူမဟာ မကြာခင်ကမှ 64GB Rose Gold iPhone 8 Plus ကို ၀ယ်ယူခဲ့ခြင်း ဖြစ်ပါတယ်။ ဖုန်းဝယ်ယူပြီး ၅ ရက်အကြာမှာ ဒီပြဿနာ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါတယ်။ သူမဟာ ဖုန်းနဲ့ အတူပါလာတဲ့ အားသွင်းကြိုးကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်ပြီး အားစသွင်းတဲ့ အချိန်ကနေ ၃ မိနစ်လောက်မှာ ဖုန်းစကရင်ဟာ ကျွံထွက်လာတယ်လို့ ပြောပါတယ်။

ထိုင်ဝမ် မီဒီယာများက အခုတော့ ဖုန်းကို စစ်ဆေးဖို့အတွက် Apple ထံ ပို့ဆောင်လိုက်ပြီလို့ ပြောပါတယ်။ အခြား iPhone 8 Plus ပိုင်ရှင်များကလည်း ဒီလို ပြဿနာ ဖြစ်တယ်လို့ သတင်းပို့ထားကြပါတယ်။ ဂျပန် လူမျိုးတစ်ဦးက စကရင်ဟာ ကိုယ်ထည်ကနေ လုံးဝ ကျွတ်ထွက်သွားတယ်လို့ ပြောပါတယ်။

ဒါဟာ ဘက်ထရီကြောင့် ဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။ အတည်ပြုနိုင်ခြင်း မရှိတဲ့ သတင်းအရင်းအမြစ်များက iPhone 8 Plus ရဲ့ ဘက်ထရီဟာ Galaxy Note 7 ရဲ့ ဘက်ထရီများ ထုတ်လုပ်တဲ့ Amperex Technology Limited မှ ဖြစ်တယ်လို့ ဆိုပါတယ်။

iPhone 7 ဖုန်း အချို့လည်း ပေါက်ကွဲမှုများ ဖြစ်ခဲ့ဖူးပေမယ့် မပြောပလောက်တဲ့ အရေအတွက်သာ ပြဿနာ ဖြစ်ခဲ့တာ ဖြစ်ပြီး သန်းပေါင်းများစွာသော ဖုန်းများမှာ ပြဿနာ မရှိခဲ့ပါဘူး။ Apple က ဒီသတင်းကို တုန့်ပြန်ခြင်း မရှိသေးပါဘူး။

ref : tnw

You may be interested

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်
Android, HUBS, Mobiles & Tablets
0 shares0 views

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်

Ko Thuya - May 26, 2019

OPPO Reno 10x Zoom ကို ကြေညာစဉ်မှာ Ocean Green နဲ့ Jet Black အရောင်နှစ်ခုသာ ထုတ်လုပ်ထားပါတယ်။ အခုတော့ အမျိုးသမီးများ နှစ်သက်တဲ့ ပန်းရောင် မော်ဒယ်ကို ထုတ်လုပ်ပေးတော့မှာ ဖြစ်ပါတယ်။ တရုတ်မှာ ၁၈ ရက်နေ့တွင်…

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares15 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares382 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

Leave a Comment

Most from this category