ရေအောက်မှာ ရိုက်ကူးနိုင်တဲ့ AUKEY 4k Ultra HD Camera ဈေးနှုန်းချိုသာစွာ ထွက်ရှိ
ရေအောက်မှာရော မိုးရေထဲမှာပါ ရိုက်ကူးမှတ်တမ်းတင်နိုင်တဲ့ Sharp Action Shooting လို့ခေါ်တဲ့စနစ်ပါရှိတဲ့ 4k Ultra HD Camera ကို ဈေးကွက်ထဲ ဈေးနှုန်းချိုသာစွာနဲကစတင်ဖြန့်ချိလိုက်ပြီဖြစ်ပါတယ်။
4K Ultra HD 25fps 12 Megapixel Action Camera နဲ့ 170 Degree လို ကျယ်ပြန့်တဲ့ ရွေ့လျားမှုထောင်ချိုးရှိတဲ့ fisheye lens ပါရှိပါတယ်။ရေအောက်ဗီဒီယိုအတွက်သာမကပဲ ကိုယ့်ရဲ့ ခရီးစဉ်မှတ်တမ်းတွေ လုပ်ဆောင်ချက်တွေနဲ့ အားကစားပွဲတွေအပြင် အခြားကဏ္ဍပေါင်းစုံအတွက် အသုံးတည့်မယ့် အရာဖြစ်ပါတယ်။
အမျိုးအစားစုံလင်တဲ့ အပိုပစ္စည်းတွေနဲ့ ကင်မရာထောက်ရောပါဝင်မှာဖြစ်ပြီး လုပ်ဆောင်ချက်တချို့ကို တည်နေရာနဲ့လိုက်ပြီး တွဲစပ်အသုံးပြုနိုင်တဲ့ အရာတွေ တော်တော်များများထည့်ပေးထားတာဖြစ်လို့ ပရိုဆန်ဆန် ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
WiFi နဲ့ တွဲပြီး phone ကနေ သူနဲ့ပတ်သက်တဲ့ free app ကို ရယူနိုင်မှာဖြစ်ပါတယ်။ပုံနဲ့ ဗီဒီယိုတွေအတွက်လည်း ရိုးရှင်းတဲ့ခလုတ်တွေကို နှိပ်ရုံသာဖြစ်ပြီး 2.4GHz wrist remote ပါဝင်ပါတယ်။
ရေအောက် 30 မီတာကနေရိုက်ကူးမယ်ဆိုရင် ရေစက်ရေပြောက်တွေကို ရှင်းလင်းဖယ်ရှားပေးမှာဖြစ်ပြီးတော့ waterproof က အကောင်းမွန်ဆုံးလုပ်ဆောင်ချက်တွေပေးမှာဖြစ်ပါတယ်။Amazon မှာ မှာယူနိုင်ပြီး ရောင်းဈေးက $ 53.89 ဖြစ်ပါတယ်။Warranty Card ကတော့ 24 လ တောင် ပေးထားဖြစ်ပါတယ်။
မြန်မာငွေနဲ့ဆို ၇သောင်းကျော်လောက်ကျသင့်မှာဖြစ်ပါတယ်။
You may be interested

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ
Ko Thuya - Apr 23, 2018Desktop Version Website များဟာ Broadband Connection တွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်လို့ မိုဘိုင်းဗားရှင်းဝက်ဆိုက် အပါအ၀င် အခြားဝက်ဆိုက်များထက် အရွယ်အစားကြီးမားပါတယ်။ အဲဒီအတွက် ဖုန်းမှာ Tether ပြုလုပ်ပြီး ကွန်ပြူတာမှာ အင်တာနက် အသုံးပြုရင် တစ်နည်းအားဖြင့် ဖုန်းမှ အင်တာနက်ကို…

အကောင်းဆုံး Offline Android Apps များ
Ko Thuya - Apr 23, 2018အခမဲ့ ၀ိုင်ဖိုင် မရလို့ပဲ ဖြစ်ဖြစ် ၊ မိုဘိုင်းဒေတာ သက်သာစေဖို့ပဲ ဖြစ်ဖြစ်၊ အင်တာနက်လိုင်း မမိတဲ့ နေရာရောက်နေလို့ပဲ ဖြစ်ဖြစ် Offline အသုံးပြုနိုင်တဲ့ Android Apps များစွာ ရှိပါတယ်။ အဲဒီအတွက် အကောင်းဆုံး Offline Android Apps…

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့
Nwe Oo Thant - Apr 23, 2018[Zawgyi] ဒီတစ်ပတ်မှာတော့ Wikipedia ကနေ page previews ဆိုတဲ့ အသုံးဝင်တဲ့ feature သစ်လေးကို ထပ်ထည့်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကိုပြန်ကြည့်လိုက်လို့ Desktop Wikipedia တွေမှာ ကြီးကြီးမားမားပြောင်းလဲသွားတာကိုပြပါဆိုရင် ဒီ feature သစ်လေးကိုပြရမှာဖြစ်ကြောင်း Wikimedia ဖောင်ဒေးရှင်းကဆိုခဲ့ပါတယ်။ သူကတော့ စာဖတ်သူတွေအတွက်…
Most from this category

သတ္တုကိုယ်ထည်ဖုန်းတွေခေတ်ကို တစ်ကျော့ပြန်လည်လာမလား??
Nwe Oo Thant - Apr 23, 2018
Leave a Comment
You must be logged in to post a comment.