172 Shares 71 Views

GoPro က Hero 6 Black Action Camera ကို မိတ်ဆက်

Sep 29, 2017
172 71

GoPro က အဆင့်မြင့် Action Camera အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ Hero 6 Black လို့ အမည်ပေးထားပြီး စတာလင်ပေါင် ၄၉၉ သတ်မှတ်ထားပါတယ်။ ကုမ္ပဏီက သူထုတ်လုပ်ဖူးသမျှ ကင်မရာများထဲမှာ စွမ်းဆောင်ရည် အမြင့်မားဆုံးလို့ ပြောပါတယ်။

ကင်မရာက တစ်စက္ကန့်လျှင် ၆၀ ဖရိမ်နှုန်းဖြင့် 4K Video များကို ရိုက်ကူးပေးနိုင်ပါတယ်။ တစ်စက္ကန့်လျှင် ၂၄၀ ဖရိမ်နှုန်းဖြင့် Full HD အနှေးဗီဒီယိုများကို ဖမ်းယူပေးနိုင်ပါတယ်။ ကုမ္ပဏီက သူ ရောင်းချခဲ့သမျှ Hero Camera များထဲမှာ အဆင့်အမြင့်ဆုံး ဗီဒီယို တည်ငြိမ်တဲ့ စွမ်းရည်ကို ထည့်ပေးထားတယ်လို့ ပြောပါတယ်။

ဒီလို စွမ်းဆောင်နိုင်ခြင်းမှာ GP1 Processor အသစ်ကြောင့် ဖြစ်ပါတယ်။ GP1 Processor အသစ်က ပိုမိုမြင့်မားတဲ့ ဖရိမ်နှုန်းများ၊ ပိုမိုကောင်းမွန်တဲ့ ရုပ်ပုံ အရည်အသွေးများကို ဖန်တီးပေးနိုင်ပါတယ်။ ဒါ့အပြင် အလင်းရောင်နည်းပါးတဲ့ အခြေအနေများမှာလည်း အရည်အသွေးမြင့်တဲ့ ဓါတ်ပုံ၊ ဗီဒီိယိုများကို ရိုက်ကူးပေးနိုင်ပါတယ်။

ကင်မရာက ဒေတာများ ကူးပြောင်းရာမှာ အလွန်လျှင်မြန်လာပါတယ်။ Touch Zoom စွမ်းဆောင်ချက် အသစ်လည်း ထည့်သွင်းပေးထားပါတယ်။ ရေအနက် ၁၀ မီတာအထိ ယူဆောင်အသုံးပြုနိုင်ပါတယ်။ RAW, HDR Modes များကိုလည်း သူက ထောက်ပံ့ပါတယ်။ အသံအမိန့်များဖြင့် ထိန်းချုပ်နိုင်ပြီး ဘာသာစကား ၁၀ မျိုးကို အသုံးပြုနိုင်ပါတယ်။ သူ့မှာ GPS, Accelerometer , Gyroscope များလည်း ပါပါတယ်။

WiFi, Bluetooth ဆက်သွယ်မှုများကို ထောက်ပံ့ပါတယ်။ လက်ရှိ ရောင်းချထားတဲ့ Karma, GoPro Mounts များနဲ့ သူ့ကို တွဲဖက် အသုံးပြုနိုင်ပါတယ်။

ref : pocket-lint

You may be interested

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ
FEATURES, Mobile & Tablets, Softwares & Application
0 shares0 views

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ

Ko Thuya - Apr 23, 2018

Desktop Version Website များဟာ Broadband Connection တွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်လို့ မိုဘိုင်းဗားရှင်းဝက်ဆိုက် အပါအ၀င် အခြားဝက်ဆိုက်များထက် အရွယ်အစားကြီးမားပါတယ်။ အဲဒီအတွက် ဖုန်းမှာ Tether ပြုလုပ်ပြီး ကွန်ပြူတာမှာ အင်တာနက် အသုံးပြုရင် တစ်နည်းအားဖြင့် ဖုန်းမှ အင်တာနက်ကို…

အကောင်းဆုံး Offline Android Apps များ
FEATURES, Softwares & Application
112 shares26 views

အကောင်းဆုံး Offline Android Apps များ

Ko Thuya - Apr 23, 2018

အခမဲ့ ၀ိုင်ဖိုင် မရလို့ပဲ ဖြစ်ဖြစ် ၊ မိုဘိုင်းဒေတာ သက်သာစေဖို့ပဲ ဖြစ်ဖြစ်၊ အင်တာနက်လိုင်း မမိတဲ့ နေရာရောက်နေလို့ပဲ ဖြစ်ဖြစ် Offline အသုံးပြုနိုင်တဲ့ Android Apps များစွာ ရှိပါတယ်။ အဲဒီအတွက် အကောင်းဆုံး Offline Android Apps…

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့
NEWS, Tech Update
77 shares48 views

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့

Nwe Oo Thant - Apr 23, 2018

[Zawgyi] ဒီတစ်ပတ်မှာတော့ Wikipedia ကနေ page previews ဆိုတဲ့ အသုံးဝင်တဲ့ feature သစ်လေးကို ထပ်ထည့်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကိုပြန်ကြည့်လိုက်လို့ Desktop Wikipedia တွေမှာ ကြီးကြီးမားမားပြောင်းလဲသွားတာကိုပြပါဆိုရင် ဒီ feature သစ်လေးကိုပြရမှာဖြစ်ကြောင်း Wikimedia ဖောင်ဒေးရှင်းကဆိုခဲ့ပါတယ်။ သူကတော့ စာဖတ်သူတွေအတွက်…

Leave a Comment

Most from this category