1493 Shares 188 Views

V7+ ကြိုတင်မှာယူမှုသည် ကုမ္ပဏီမှ မျှော်မှန်းထားသည်ထက် များပြားနေကြောင်း သိရ

Sep 29, 2017
1493 188

စက်တင်ဘာလ ၂၅ ရက်နေ့မှာ မိတ်ဆက်ခဲ့တဲ့ Vivo V7+ ဟာ စမတ်ဖုန်းသုံးစွဲသူတွေ အကြား ရေပန်းစားနေပြီးတော့ ကြိုတင်မှာယူမှုတွေလည်း များပြားတယ်လို့ သိရပါတယ်။

Vivo ကုမ္ပဏီဟာ V7+ အတွက် Pre-Order ပြုလုပ်ရန်ရမယ့်ရက်ကို စက်တင်ဘာလ ၃၀ ရက်နေ့အထိသာ သတ်မှတ်ထားတာဖြစ်ပါတယ်။ အခုအချိန်အထိ အကြိုမှာယူမှုမှာ ကုမ္ပဏီက မျှော်မှန်းထားတဲ့ ပမာဏထက် များပြားနေကြောင်း အရောင်းဆိုင်တွေကနေ တစ်ဆင့်သိရှိရပါတယ်။

“V7+ ကို လူတွေတော်တော် စိတ်ဝင်စားကြတယ်။ အခုဆို Pre-Order တင်တဲ့နှုန်းက သိသိသာသာကို များနေပါတယ်။ ဒါက ကျွန်တော်တို့ တစ်ဆိုင်တည်းကို ပြောတာနော်။ ကျန်တဲ့ဆိုင်တွေမှာလည်း Pre-Order တင်တဲ့သူတွေ များမယ်လို့ ထင်ပါတယ်” လို့ စမတ်ဖုန်းအရောင်းဆိုင် ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

“V7+ အကြောင်းကို အင်တာနက်ပေါ်မှာ ဖတ်ရကတည်းက စိတ်ဝင်စားနေတာပါ။ ပြီးခဲ့တဲ့ ရက်က Launching Event မှာ ဈေးနှုန်းကို ကြေညာသွားတော့ ပိုပြီးဝယ်ချင်သွားတယ်။ ကိုယ်ကလည်း ဖုန်းအသစ်ဝယ်ဖို့ စိတ်ကူးနေချိန်၊ အခုလို ကိုယ်စိတ်ဝင်စားတဲ့ဖုန်းကလည်း သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ရောင်းမယ်ဆိုတော့ Pre-Order တင်ဖြစ်သွားတာပါ” လို့အကြိုမှာယူမှု ပြုလုပ်သူတစ်ကလည်း ပြောပါတယ်။

V7+ ဟာ 5.99 လက်မ ကျယ်ဝန်းတဲ့ မျက်နှာပြင်၊ ကျဉ်းမြောင်းတဲ့ ဘေးဘောင်တွေကြောင့် အမြင်အာရုံကို ပိုမိုဖမ်းစားနိုင်တဲ့ပုံစံလည်း ဖြစ်ပြီးတော့ အရှေ့ကင်မရာက 24MP ဖြစ်တဲ့အတွက် Selfie ကြိုက်သူ လူငယ်တွေအကြား စိတ်ဝင်စားမှုများပြားလျက်ရှိနေတယ်လို့ ဈေးကွက်တွင်းမှ ထွက်ပေါ်လာတဲ့ သတင်းစကားတွေအရ သိရှိရပါတယ်။

You may be interested

Xiaomi Black Shark 2 ကို ကြေညာမယ့် ရက်ကို သိရပြီ
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Black Shark 2 ကို ကြေညာမယ့် ရက်ကို သိရပြီ

Ko Thuya - Oct 16, 2018

Xiaomi Black Shark 2 ရဲ့ Teaser တစ်ခု ထွက်ပေါ်လာပါတယ်။ ပိုစတာမှာ အောက်တိုဘာလ ၂၃ ရက်လို့ ရေးသားထားတဲ့ အတွက် ဒီဖုန်းကို အဲနေ့မှာ ကြေညာနိုင်ပါတယ်။ ပိုစတာမှာ တရုတ်လို ရေးသားထားတဲ့အတွက် အဲဒီမှာ ကြေညာနိုင်ပါတယ်။ ရှောင်မီကတော့…

Dell က ကမ္ဘာ့ ပထမဆုံး ၄၉ လက်မ Ultra-wide QHD Monitor ကို ပြသ
Dell, HUBS, NEWS
0 shares6 views

Dell က ကမ္ဘာ့ ပထမဆုံး ၄၉ လက်မ Ultra-wide QHD Monitor ကို ပြသ

Ko Thuya - Oct 16, 2018

Dell UltraSharp U4919DW ဟာ ကမ္ဘာ့ ပထမဆုံး ၄၉ လက်မ Ultra-wide QHD Monitor ဖြစ်လာပါတယ်။ ဈေးကွက်ထဲမှ အခြား Ultra-wide Display များဟာ Full HD Resolution သာ ရှိပါတယ်။ ဒါ့အပြင်…

၂၀၁၉ ခုနှစ်မှာ အာကာသကို ခရီးသည် ပို့ဆောင်ပေးမယ့် Jeff Bezos
NEWS, Tech Update
0 shares6 views

၂၀၁၉ ခုနှစ်မှာ အာကာသကို ခရီးသည် ပို့ဆောင်ပေးမယ့် Jeff Bezos

Ko Thuya - Oct 16, 2018

Amazon CEO Jeff Bezos က ကုန်ပစ္စည်းများ ရောင်းချတဲ့ လုပ်ငန်း အပြင် Blue Origin အမည်ရ အာကာသ နည်းပညာ ကုမ္ပဏီကိုပါ တည်ထောင်ထားပါတယ်။ ဒီကုမ္ပဏီဟာ သူ့အတွက် အရေးအကြီးဆုံးလို့တောင် သူက ပြောပါတယ်။ သူက အာကာသ…

Leave a Comment

Most from this category