158 Shares 52 Views

စမတ်ဖုန်းကို ထိန်းချုပ်နိုင်တဲ့ ဂျက်ကတ် အင်္ကျီ

Sep 29, 2017
158 52

Google နဲ့ Levi တို့ ပူးပေါင်း၍ စမတ်ဖုန်း၊ တက်ဘလက်များကို ထိန်းချုပ်နိုင်တဲ့ ဂျက်ကတ် အင်္ကျီကို တီထွင်လိုက်ပါတယ်။ ဂျက်ကတ်မှာ ထိတွေ့မှုကို အာရုံခံနိုင်တဲ့ ခလုတ်များနဲ့ Bluetooth ဆက်သွယ်မှုများ ပါပါတယ်။

ဂျက်ကတ်ကို Levi’s Commuter Trucker Jacket လို့ အမည်ပေးထားပြီး ဂျက်ကတ်ကို ထိတွေ့ခြင်းဖြင့် စမတ်ဖုန်းမှ သီချင်းများကို ဖွင့်ခြင်း၊ Pause လုပ်ခြင်း၊ လမ်းညွှန်ချက်များကို အသံထွက် ပြောပြခိုင်းခြင်း၊ ၀င်လာတဲ့ Message များကို အသံထွက် ဖတ်ပြခိုင်းခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ ဂျက်ကတ်ကို ထိတွေ့မှု ပုံသဏ္ဍာန်အလိုက် ပြုလုပ်ရမယ့် အလုပ်များကို နှစ်သက်သလို ပြင်ဆင်နိုင်ဖို့ Mobile App ကို အသုံးပြုနိုင်ပါတယ်။

ဂျက်ကတ်ရဲ့ လက်ကောက်ဝတ်အနားမှာ Tag ကို ထည့်သွင်းထားပြီး အဲဒီနေရာကို ထိတွေ့ခြင်းဖြင့် စမတ်ဖုန်းကို ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။ သင်ထိတွေ့တဲ့အခါမှာလည်း တုန်ခါမှုဖြင့် သူက တုန့်ပြန်နိုင်ပါတယ်။ ဖုန်းထံ Notifications များ ၀င်လာရင် ဂျက်ကတ်မှာ LED မီးသီးလေးများဖြင့် ပြသမှာ ဖြစ်ပါတယ်။

ဂျက်ကတ်ဟာ ဒီဇိုင်း လှပပါတယ်။ စက်ဘီးစီးသူများအတွက် နွေးထွေးစေပြီး အိတ်ကပ်ထဲမှ စမတ်ဖုန်းကို ထုတ်စရာ မလိုဘဲ ဂျက်ကတ်ကနေ သီချင်းများကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဂျက်ကတ်ကို စတင် ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။ အွန်လိုင်းမှာ Levis.com ကနေ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Google က Project Jacquard လို့ခေါ်တဲ့ အဲဒီနည်းပညာကို လွန်ခဲ့တဲ့ နှစ်အနည်းငယ် ကျင်းပခဲ့တဲ့ Google I/O မှာ ပြသခဲ့ဖူးပြီး အ၀တ်အစားများမှာ ထိတွေ့မှုကို အာရုံခံနိုင်တဲ့ နည်းပညာ ဖြစ်ပါတယ်။

ref : tnw

You may be interested

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ
FEATURES, Mobile & Tablets, Softwares & Application
0 shares0 views

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ

Ko Thuya - Apr 23, 2018

Desktop Version Website များဟာ Broadband Connection တွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်လို့ မိုဘိုင်းဗားရှင်းဝက်ဆိုက် အပါအ၀င် အခြားဝက်ဆိုက်များထက် အရွယ်အစားကြီးမားပါတယ်။ အဲဒီအတွက် ဖုန်းမှာ Tether ပြုလုပ်ပြီး ကွန်ပြူတာမှာ အင်တာနက် အသုံးပြုရင် တစ်နည်းအားဖြင့် ဖုန်းမှ အင်တာနက်ကို…

အကောင်းဆုံး Offline Android Apps များ
FEATURES, Softwares & Application
112 shares26 views

အကောင်းဆုံး Offline Android Apps များ

Ko Thuya - Apr 23, 2018

အခမဲ့ ၀ိုင်ဖိုင် မရလို့ပဲ ဖြစ်ဖြစ် ၊ မိုဘိုင်းဒေတာ သက်သာစေဖို့ပဲ ဖြစ်ဖြစ်၊ အင်တာနက်လိုင်း မမိတဲ့ နေရာရောက်နေလို့ပဲ ဖြစ်ဖြစ် Offline အသုံးပြုနိုင်တဲ့ Android Apps များစွာ ရှိပါတယ်။ အဲဒီအတွက် အကောင်းဆုံး Offline Android Apps…

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့
NEWS, Tech Update
77 shares48 views

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့

Nwe Oo Thant - Apr 23, 2018

[Zawgyi] ဒီတစ်ပတ်မှာတော့ Wikipedia ကနေ page previews ဆိုတဲ့ အသုံးဝင်တဲ့ feature သစ်လေးကို ထပ်ထည့်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကိုပြန်ကြည့်လိုက်လို့ Desktop Wikipedia တွေမှာ ကြီးကြီးမားမားပြောင်းလဲသွားတာကိုပြပါဆိုရင် ဒီ feature သစ်လေးကိုပြရမှာဖြစ်ကြောင်း Wikimedia ဖောင်ဒေးရှင်းကဆိုခဲ့ပါတယ်။ သူကတော့ စာဖတ်သူတွေအတွက်…

Leave a Comment

Most from this category