196 Shares 86 Views

ZTE က လာမယ့်လမှာ ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းကို မိတ်ဆက်မည်

Sep 29, 2017
196 86

ZTE က အောက်တိုဘာလ ၁၇ ရက်နေ့မှာ Axon M စမတ်ဖုန်းကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်က ခေါက်ချိုးနိုင်တဲ့ မျက်နှာပြင် ၂ ခု ပါရှိခြင်း ဖြစ်ပါတယ်။ မျက်နှာပြင် ၂ ခုကို ဆန့်ကား၍ အရွယ်ကြီး မျက်နှာပြင်အဖြစ် ပြောင်းလဲနိုင်ပါတယ်။

Axon M ဟာ ကွေးညွှတ်နိုင်တဲ့ မျက်နှာပြင် ၁ ခုပါတဲ့ Samsung Galaxy X လို မဟုတ်ဘဲ ZTE က Full HD Display ၂ ခုကို တွဲဆက်ထားပါတယ်။ မျက်နှာပြင် ၂ ခုရဲ့ အဆက်ဟာလည်း အလွန် ပါးလွှာပါတယ်။ မျက်နှာပြင် ၂ ခုကို ဆန့်ကား၍ အသုံးပြုလျှင် ၆.၈ လက်မ Display ဖြစ်သွားမှာ ဖြစ်ပါတယ်။

Axon M ကို ခေါက်ချိုးထားရင် အရှေ့နဲ့ အနောက်ဘက်မှာ မျက်နှာပြင် ၁ ခုစီကို အသုံးပြုနိုင်ပါတယ်။ ဒါဟာ Meizu Pro 7 ရဲ့ ဒီဇိုင်းနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် YotaPhone များနဲ့မတူဘဲ Axon M ရဲ့ မျက်နှာပြင် ၂ ခုစလုံးဟာ E-Ink မဟုတ်ဘဲ အရောင်များ ပံ့ပိုးပေးပါတယ်။

အမေရိကန်မှာ Axon M ကို ၆၅၀ ဒေါ်လာဖြင့် ရောင်းချနိုင်ပါတယ်။ သူ့မှာ Snapdragon 820 , 4GB RAM, 32GB Storage , 3120mAh Battery ပါမယ်လို့ သတင်းထွက်နေပါတယ်။

ref : gsmarena

You may be interested

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ရောင်းပြီ
Android, HUBS, Mobiles & Tablets
0 shares0 views

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ရောင်းပြီ

Ko Thuya - Jan 18, 2019

ZTE ရဲ့ ကုမ္ပဏီခွဲတစ်ခု ဖြစ်တဲ့ Nubia က နိုဝင်ဘာလမှာ Gaming Phone ဖြစ်တဲ့ Red Magic Mars ကို ကြေညာခဲ့ပါတယ်။ 6/64GB Model ကို ယွမ် ၂၇၀၀ ၊ 8/128GB ကို…

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်

Ko Thuya - Jan 18, 2019

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ အင်တာနက်မှာ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်လာပါတယ်။ ရှောင်မီက တရားဝင် ထုတ်ပြန်လိုက်တဲ့ ဓါတ်ပုံတွေတော့ မဟုတ်ပါဘူး။ ဓါတ်ပုံများမှာ Mi 9 ကို ရှုထောင့်မျိုးစုံကနေ မြင်ရပါတယ်။ အနောက်ဘက်မှာ 48MP Main…

ဘာသာစကား သင်ကြားပေးမယ့် Drops
Android, FEATURES, HUBS
47 shares20 views

ဘာသာစကား သင်ကြားပေးမယ့် Drops

Ko Thuya - Jan 17, 2019

Drops : Learn 31 new languages ဟာ Google Play Store ရဲ့ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး App စာရင်းထဲမှာ ပါဝင်ပါတယ်။ သူက ဘာသာစကား သင်ကြားပေးတဲ့ App ဖြစ်ပါတယ်။ ပျော်ရွှင်စွာဖြင့်…

Leave a Comment

Most from this category