0 Shares 171 Views

Gionee က ၆ လက်မ Display , 5000mAh Battery ပါတဲ့ M7 Power ကို မိတ်ဆက်

Sep 29, 2017
0 171

Gionee က ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ M7 စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ M7 Power စမတ်ဖုန်းကို Thailand Mobile Expo 2017 မှာ ပြသလိုက်ပါတယ်။ သူ့ရဲ့ အဓိက စွမ်းရည်မှာ 5000mAh Battery ဖြစ်ပြီး ဘက်ထရီ သက်တမ်း အလွန် ကောင်းမွန်ပါတယ်။ အခြား Specifications အပိုင်းမှာ M7 Power ဟာ M7 ထက် အားနည်းပါတယ်။

Gionee M7 Power မှာ Octa-Core 1.4GHz Processor ပါတဲ့ Qualcomm Snapdragon 435 SoC မောင်းနှင်မှာ ဖြစ်ပါတယ်။ 4GB RAM, 64GB Storage ထည့်သွင်းထားသလို 256GB အထိ ၀င်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ Dual SIM Support ပါပေမယ့် Hybrid ဖြစ်တဲ့အတွက် microSD Card စိုက်ထားရင် SIM Card တစ်ခုသာ ထည့်သွင်းနိုင်ပါတယ်။

Gionee M7 Power မှာ ၆ လက်မ HD+ 1440×720 Display တပ်ဆင်ထားပြီး မျက်နှာပြင်အချိုးမှာ 18:9 ဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ အထက်နဲ့ အောက်မှ ဘောင်များဟာ အလွန် ပါးလွှာပြီး Physical Home Button တို့ကို ဖယ်ရှားထားပါတယ်။ အရှေ့ဘက်မှာ 8MP Camera နဲ့ အနောက်ဘက်မှာ 13MP Camera တပ်ဆင်ထားပါတယ်။ ထိုင်း ဘတ် ၉၉၉၀ ( ၂၉၉ ဒေါ်လာ ) သတ်မှတ်ထားပြီး မြန်မာငွေ အားဖြင့် ၄၀၀ ၀၀၀ ၀န်းကျင်ကျသင့်နိုင်ပါတယ်။ အပြာရင့်၊ အနက်နဲ့ ရွှေရောင်များ ရွေးချယ်နိုင်ပါတယ်။

ref : gsmarena

You may be interested

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares0 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares94 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း Lenovo ထုတ်ပြန်
NEWS
0 shares10 views

၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း Lenovo ထုတ်ပြန်

Nigma - May 25, 2019

တရုတ်နည်းပညာကုမ္ပဏီတခုဖြစ်တဲ့ Lenovo က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် စီးပွားရေးရလဒ်တွေကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Lenovo အတွက် မျှော်မှန်းထားတာထက်ကို အခြေအနေကောင်းတဲ့ ဘဏ္ဍာရေးနှစ်လို့ ဆိုရမှာပါ။ Intelligent Transformation လို့ အမည်ပေးထားတဲ့ စီးပွားရေးဗျူဟာနဲ့ လုပ်ငန်းလည်ပတ်မှုစွမ်းဆောင်ရည် ကောင်းမွန်မှုတို့ကြောင့် ကုမ္ပဏီအနေနဲ့ စံချိန်တင်ဝင်ငွေ ရရှိခဲ့တာ…

Leave a Comment

Most from this category