204 Shares 133 Views

Amazon က ဒေါ်လာ ၇၀ သာရှိတဲ့ Fire TV အသစ်ကို မိတ်ဆက်

Sep 28, 2017
204 133

အမေဇုန်က သာမာန် တီဗီမှာ အွန်လိုင်း အခြေပြု ရုပ်ရှင်၊ ဗီဒီယိုနဲ့ တီဗီရှိုးများကို ထုတ်လွှင့်ပေးမယ့် Fire TV အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ တစ်နည်းအားဖြင့် Fire TV ဟာ သင့်ရဲ့ သာမာန် တီဗီကို စမတ်တီဗီ အဖြစ် အဆင့်မြှင့်ပေးနိုင်တဲ့ ကိရိယာ ဖြစ်ပါတယ်။ ဒေါ်လာ ၇၀ သာ တန်ကြေးရှိတဲ့အတွက် တန်ဖိုးကြီး စမတ်တီဗီများထက် များစွာ ဈေးသက်သာပါတယ်။

သူ့ကို တီဗီရဲ့ HDMI Port မှာ တပ်ဆင်ရမှာ ဖြစ်ပြီး ၀ိုင်ဖိုင်ဆက်သွယ်မှုကနေ အွန်လိုင်းမှ မီဒီယာများကို တီဗီမှာ ပြသပေးမှာ ဖြစ်ပါတယ်။ သူဟာ 4K နဲ့ High Dynamic Range (HDR) များကို ထောက်ပံ့ပါတယ်။ သူနဲ့ တွဲဖက် အသုံးပြုဖို့ Alexa ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် ပါတဲ့ Remote ကို ထုတ်လုပ်ပေးထားပါတယ်။ 4K ကို ထောက်ပံ့တဲ့ Streaming Box များထဲမှာ သူဟာ ဈေးအသက်သာဆုံး ဖြစ်ပါတယ်။

သူ့ရဲ့ ပုံသဏ္ဍာန်မှာ လေးထောင့် ဘူးနဲ့ ဆင်တူပြီး အရွယ်အစား သေးငယ်ပါတယ်။ အသံအပိုင်းမှာ သူဟာ Dolby Atmos နည်းပညာကို ထောက်ပံ့ပါတယ်။ သူ့မှာ 1.5GHz Quad-Core Processor ထည့်သွင်းထားပါတယ်။ အခြား Amazon ရဲ့ Streaming Devices များမှာလိုပဲ သူ့မှာ တီဗီနဲ့ ရုပ်ရှင် Apps များစွာ ပါဝင်ပါတယ်။ အောက်တိုဘာလ ၂၅ ရက်နေ့မှာ စတင် ရောင်းချမှာ ဖြစ်ပါတယ်။

ref : thenextweb

You may be interested

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား
Apple, HUBS, Mobiles & Tablets
123 shares20 views

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား

Ko Thuya - Aug 21, 2018

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယ်သာလန် နိုင်ငံ အမ်စတာဒမ်မှ Apple Store တစ်ခုမှာ အိုင်ပတ် တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ဘက်ထရီ ပြဿနာ သို့မဟုတ် အပူလွန်ကဲမှုကြောင့် ဖြစ်တယ်လို့ နယ်သာလန်မှ မီဒီယာတစ်ခု ဖြစ်တဲ့ AT5 က…

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23
HUBS, Mobiles & Tablets, NEWS
476 shares89 views

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23

Creepy Tyler - Aug 20, 2018

[Zawgyi] Vivo ရဲ့ ကိုယ်ပိုင် Digital Assistant ဖြစ်တဲ့ Jovi က ပြောထားတဲ့အတိုင်း Vivo X23 ဖုန်းဟာ ယနေ့၊ သြဂုတ်လ ၂၀ ရက်နေ့မှာ တရားဝင်ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Vivo ရဲ့ တရုတ်နိုင်ငံဝဘ်ဆိုဒ်ကနေ တရားဝင်ထွက်ရှိလာတာဖြစ်ပြီး၊…

Leave a Comment

Most from this category