144 Shares 71 Views

Boeing က Jetpack ကို တီထွင်နိုင်သူကို ဒေါ်လာ ၂ သန်း ပေးမည်

Sep 28, 2017
144 71

လေယာဉ်နဲ့ အာကာသယာဉ်များကို တီထွင်နေတဲ့ Boeing က လူတစ်ဦး ပျံသန်းနိုင်မယ့် Jetpack ကို တီထွင်တဲ့ GoFly ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးလိုက်ပါတယ်။ ကမ္ဘာအ၀န်းမှ စိတ်ဝင်စားတဲ့ လူတိုင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရှိပါတယ်။ ဘိုးရင်းရဲ့ နည်းပညာ အရာရှိချုပ်ဖြစ်သူ Greg Hyslop က ယာဉ်ပျံဟာ ဒေါင်လိုက် ပျံတက်နိုင်ရမှာ ဖြစ်ပြီး လူတစ်ဦးကို မိုင် ၂၀ အထိ သယ်ဆောင်နိုင်ရမယ်လို့ YouTube Video တစ်ခုမှာ ပြောကြားထားပါတယ်။

“ လူတွေ ပျံသန်းနိုင်ဖို့ ဒီစီမံကိန်းကို ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။ ဒါဟာ အနာဂတ် သယ်ယူပို့ဆောင်ရေး စနစ် ဖြစ်လာမှာပါ။ တစ်နေရာကနေ တစ်နေရာသို့ အချိန်တိုအတွင်း သွားလာနိုင်မှာ ဖြစ်ပါတယ်။ “ လို့ GoFly ပြိုင်ပွဲရဲ့ အကြီးအကဲ ဖြစ်သူ Gwen Lighter က Business Insider ကို ပြောပါတယ်။

အဲဒီပြိုင်ပွဲကို အင်္ဂါနေ့မှာ တက္ကဆက်ပြည်နယ် Fort Worth မှာ ပြုလုပ်တဲ့ SAE 2017 AeroTech Congress & Exhibition မှာ ကြေညာခြင်း ဖြစ်ပါတယ်။ ပြိုင်ပွဲဟာ အဆင့် ၃ ဆင့်ရှိမှာ ဖြစ်ပါတယ်။ ပထမ အဆင့်ကို ၂၀၁၈ ခုနှစ် မေလမှာ ကျင်းပမှာ ဖြစ်ပြီး အကောင်းဆုံး ဒီဇိုင်းကို ဖန်တီးနိုင်သူအား ဒေါ်လာ ၂၀ ၀၀၀ ချီးမြှင့်မှာပါ။

ဒုတိယ အဆင့်ကို ၂၀၁၉ ခုနှစ် မတ်လမှာ ကျင်းပမှာ ဖြစ်ပြီး အကောင်းဆုံး ဒေါင်လိုက် ပျံတက်နိုင်တဲ့ နမူနာမော်ဒယ်ကို ဒေါ်လာ ၅၀ ၀၀၀ ချီးမြှင့်မှာ ဖြစ်ပါတယ်။ ဖိုင်နယ် ပြိုင်ပွဲကို ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ ကျင်းပမှာ ဖြစ်ပါတယ်။

ref : businessinsider

You may be interested

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ
FEATURES, Softwares & Application
177 shares54 views

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ

Ko Thuya - Jun 20, 2018

Google ရဲ့ Gmail, Maps စတဲ့ Apps များကိုတော့ စာဖတ်သူများ သိရှိကြပါတယ်။ ဒါပေမယ့် Google ဟာ Android Apps များစွာကို ဖန်တီးပေးထားပါတယ်။ အဲဒီအထဲကမှ သင် မသိတဲ့ Google ရဲ့ အကောင်းစား Android…

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ
Mobiles & Tablets, NEWS
260 shares55 views

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ

Ko Thuya - Jun 20, 2018

Xiaomi က Mi 8 နဲ့ Mi 8 SE တို့ရဲ့ China Stable Version များအတွက် MIUI 9.5 ROM ကို ဖြန့်ချီပေးလိုက်ပါတယ်။ သူတို့ရဲ့ ဗားရှင်းအမည်များကတော့ V9.5.6.0 (OEACNFA) နဲ့…

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds
Uncategorized
118 shares48 views

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds

Nwe Oo - Jun 20, 2018

[Zawgyi] PUBG Corp. ကတော့ စထွက်ကတည်းက ခုချိန်ထိ PlayerUnknown’s Battleground ဂိမ်းကိုဆော့နေတဲ့သူပေါင်း သန်း ၄၀၀ ရှိနေပြီလို့ ဖော်ပြလိုက်ပါပြီ။ တစ်လတစ်လကို Log in ဝင်ဆော့တဲ့သူပေါင်း ၂၂၇သန်းလောက်တောင်ရှိနေပြီး ဒီထက်ပိုများလာဖို့အတွက် အခုဆို Steam မှာ $29.99…

Leave a Comment

Most from this category