308 Shares 166 Views

၂၀၁၈ ခုနှစ်ထုတ် စွမ်းဆောင်ရည်မြင့် ဖုန်းများအားလုံးမှာ ဥာဏ်ရည်တု နည်းပညာပါတဲ့ Chip များ ပါမည်

Sep 28, 2017
308 166

Korea Advanced Institutue of Technology မှ ပါမောက္ခ ဖြစ်သူ Yoo Hoi-jun က ၂၀၁၈ ခုနှစ်ထုတ် စွမ်းဆောင်ရည်မြင့် ဖုန်းများအားလုံးမှာ ဥာဏ်ရည်တု နည်းပညာပါတဲ့ Chip များ ပါမယ်လို့ The Korea Herald ကို ပြောပါတယ်။

Samsung က AI Chips ကို မကြာခင် စတင် ထုတ်လုပ်မှာ ဖြစ်ပြီး လာမယ့်နှစ်အနည်းငယ်အတွင်းမှာ စီးပွားဖြစ် ရောင်းချဖို့ ရည်မှန်းထားပါတယ်။ ဒီသတင်းသာ မှန်မယ်ဆိုရင် Samsung ဟာ Huawei , Apple , Microsoft တို့ရဲ့ Consumer Gadgets များမှာ AI Processors များကို ထည့်သွင်းမယ့် နည်းပညာကို အမီလိုက်မှာ ဖြစ်ပါတယ်။

Samsung ဟာ ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းကို ဖန်တီးနေတယ်ဆိုတဲ့သတင်းလည်း ထွက်နေတဲ့အတွက် AI Chip ဟာ အဲဒီ စမတ်ဖုန်းမှာ ပါလာနိုင်ပါတယ်။ Huawei က ဥာဏ်ရည်တု နည်းပညာပါတဲ့ Kirin 970 Chip ကို မိတ်ဆက်ထားပြီး ဖြစ်ပြီး Apple iPhone X မှာလည်း ဥာဏ်ရည်တု နည်းပညာပါတဲ့ A11 Bionic Chip ထည့်သွင်းထားပါတယ်။

Samsung က AI ကို သုတေသနပြုလုပ်ဖို့အတွက် ကနေဒါမှာ စက်ရုံအသစ်တစ်ခုကို တည်ဆောက်ထားပါတယ်။ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Bixby ဟာ AI Processor ကြောင့် အလွန် အစွမ်းထက်လာနိုင်ပါတယ်။ Bixby ဟာ အလွန် ရှုပ်ထွေးတဲ့ အလုပ်များကိုတောင်ပြုလုပ်လာနိုင်မှာ ဖြစ်ပါတယ်။

ref : thenextweb

You may be interested

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ
NEWS
845 shares280 views

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ

Nigma - Dec 10, 2018

(Zawgyi) Twitter CEO Jack Dorsey ဟာ မြန်မာနိုင်ငံအကြောင်း ချီးကျူးပြောဆိုမှုကြောင့် ဝေဖန်ခံနေရပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်နေတဲ့ မြန်မာနိုင်ငံကို လည်ပတ်ဖို့ အကောင်းဆုံးနေရာတခု ဖြစ်ကြောင်း Jack Dorsey က တနင်္ဂနွေနေ့မှာ ရေးသားခဲ့အပြီးမှာ ဝေဖန်ခံခဲ့ရတာပါ။ Jack…

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ
HUBS, Mobiles & Tablets, NEWS
151 shares57 views

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ

Ko Thuya - Dec 10, 2018

ZTE က မကြာခင်ကပဲ မျက်နှာပြင် နှစ်ခု ပါတဲ့ Nubia X ကို ကြေညာခဲ့ပါတယ်။ သူ့အတွက် 64 or 256GB များ ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ 512GB ပါတဲ့ Starry Night Model ကို…

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro
Android, HUBS, Mobiles & Tablets
208 shares32 views

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro

Ko Thuya - Dec 10, 2018

OPPO Myanmar က Seize the Night ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ မိတ်ဆက်ပေးလာတဲ့ high-end R series အသစ် OPPO R17 Pro ကိုတော့ (၈၉၉,၉၀၀) ကျပ်ဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့ ကစပြီး…

Leave a Comment

Most from this category