266 Shares 67 Views

ဘာသာပြန်စက်လိုရော WiFi Hotspot လိုပါ သုံးနိုင်မယ့် ကိရိယာ

Sep 28, 2017
266 67

တရုတ်ရဲ့ Google လို့ တင်စားခြင်း ခံရတဲ့ Baidu က ဘာသာပြန်စက်လိုရော WiFi Hotspot လိုပါ သုံးနိုင်မယ့် ကိရိယာကို တီထွင်နေပါတယ်။ သူက တရုတ်၊ ဂျပန်နဲ့ အင်္ဂလိပ် ဘာသာစကားများအကြားမှာ တစ်ခုကနေ တစ်ခုသို့ ဘာသာပြန်ပေးနိုင်ပါတယ်။ ဘာသာခြားတစ်ဦးက သင့်ကို ပြောလိုက်တဲ့ စကားကို သူက နားလည်ပြီး သင့် မိခင်ဘာသာစကားအဖြစ်သို့ သူက သင့်ကို အသံထွက် ဖတ်ပြမှာ ဖြစ်ပါတယ်။ ဘိုင်ဒူးက အဲဒီကိရိယာရဲ့ အမည်ကို မသတ်မှတ်ရသေးဘူးလို့ သိရပါတယ်။

Google Translate App အပါအ၀င် ဒီလို စွမ်းဆောင်ပေးနိုင်တဲ့ Phone Apps များစွာထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ဘိုင်ဒူး ကိရိယာရဲ့ အားသာချက်မှာ သင့်ဖုန်းရဲ့ ဘက်ထရီကို မစားသုံးပါဘူး။ ဒီထက်ပိုကောင်းတဲ့ အားသာချက်က သူဟာ Phone Apps တွေလို ဖွင့်ထားမှ အလုပ်လုပ်တာ မဟုတ်ဘဲ အချိန်ပြည့် အလုပ်လုပ်ပေးနိုင်ပါတယ်။ ဘိုင်ဒူးဟာ ဘာသာပြန်စက်မှာ အင်တာနက် ချိတ်ဆက်နိုင်အောင် ဖန်တီးနေပြီး သူ့ကို WiFi Hotspot လိုပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဘိုင်ဒူးက အဲဒီ ကိရိယာကို တရုတ်မှာ စတင် ရောင်းချပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ငှားရမ်းပေးမယ့် အစီအစဉ်လည်း ရှိသေးတဲ့အတွက် နိုင်ငံခြားမှ ဧည့်သည်များ ခဏတာ အလည်လာရင် အဆင်ပြေမှာ ဖြစ်ပါတယ်။ သူ့ကို ရောင်းချမယ့် အချိန်ကိုတော့ မသိရသေးပါဘူး။ ဘိုင်ဒူးကလည်း သူ့ကို တရားဝင် ကြေညာခြင်း မရှိသေးဘဲ သူ့ရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်များ ပေါက်ကြားထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ သူဟာ စမတ်ဖုန်းထက် အရွယ်အစား သေးငယ်နိုင်ပါတယ်။

ဘိုင်ဒူးက အစောပိုင်းမှာတော့ အခြားနိုင်ငံများသို့ အလည်သွားတဲ့ တရုတ်လူမျိုးများအတွက် သူ့ကို အဓိကထား ဖန်တီးပေးမှာ ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ ဂျပန်တွင် ရောင်းချမယ်လို့ သိရပါတယ်။

ref : theverge

You may be interested

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ
Facebook, HUBS, NEWS
0 shares0 views

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ

Ko Thuya - Apr 23, 2018

New York Times ရဲ့ သတင်းအရ သီရိလင်္ကာမှ လူများစု ဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် Sinhalese လူမျိုးများနဲ့ လူနည်းစု ဖြစ်တဲ့ မူဆလင်များအကြားမှာ Facebook မှ အမုန်းစကားများကြောင့် တင်းမာမှုများ ပိုမို ဆိုးရွားလာတယ်လို့ သိရပါတယ်။ သီရိလင်္ကာ လူမျိုးအများစုဟာ…

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ
Android, HUBS, Meizu
0 shares0 views

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ

Ko Thuya - Apr 23, 2018

မီဇူးက ၅.၉၅ လက်မ အရွယ် AMOLED Display တပ်ဆင်ထားတဲ့ 15 Plus ကို မိတ်ဆက်လိုက်ပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ QHD ဖြစ်ပါတယ်။ ခေတ်စားနေတဲ့ 18:9 မျက်နှာပြင် အချိုးကို မသုံးထားဘဲ 16:9 ကိုသာ သုံးထားပါတယ်။…

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့
NEWS, Tech Update
230 shares41 views

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့

Nwe Oo Thant - Apr 22, 2018

နေ့စဉ်ယူဆောင်သွားလာနေရတဲ့လျှပ်စစ်ပစ္စည်းတွေမှာ ပြန်လည်အားသွင်းအသုံးပြုရတဲဘက်ထရီတွေကို built-in ထည့်သွင်းထားပါတယ်။ စမတ်ဖုန်း၊ တက်ဘလက်နဲ့ vape တွေမှာတောင် ဘက်ထရီတွေနဲ့အသုံးပြုရတာဖြစ်လို့ တစ်ခုခုအမှားအယွင်းဖြစ်ရင်(ဥပမာ- အပူလွန်တာမျိုးဖြစ်ခဲ့ရင်) သုံးနေရင်လက်ထဲမှာတင် ပေါက်ကွဲတာ လောင်ကျွမ်းတာတွေကို  ဗီဒီယိုတွေမှာလည်း မြင်ဖူးပြီးသားဖြစ်မှာပါ။ ဒါကြောင့်လည်း လျှပ်စစ်ပစ္စည်းတွေဝယ်ရင်လည်း စိတ်ချတဲ့ဘက်ထရီတွေကို ရွေးဝယ်ဖို့အရေးကြီးပါတယ်။ အခုလည်း သုတေသီတွေ သိပ္ပံပညာရှင်တွေပူးပေါင်းပြီး…

Leave a Comment

Most from this category