13 Shares 56 Views

၂၀၁၉ ခုနှစ်မှာ Google ရဲ့ မိုးပျံဘောလုံးများကနေ ထုတ်လွှင့်တဲ့ အင်တာနက်ကို ဖုန်းများကနေ သုံးနိုင်မည်

Sep 27, 2017
13 56

၂၀၁၉ ခုနှစ်မှာတော့ Google ရဲ့ မိုးပျံဘောလုံးများကနေ ထုတ်လွှင့်တဲ့ အင်တာနက်ကို အသုံးပြု၍ သင့် စမတ်ဖုန်းကနေ Facebook ကြည့်ခြင်း၊ အီးမေး စစ်ခြင်းများ ပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ Google ရဲ့ မိခင် ကုမ္ပဏီ Alphabet ရဲ့ Project Loon စီမံကိန်းဟာ မြေပြင်အခြေပြု Cell Towers များအစား မိုးပျံဘောလုံးများဖြင့် မြေပြင်မှ လူများအတွက် အင်တာနက် ထုတ်လွှင့်ပေးနိုင်တဲ့ နည်းပညာကို တီထွင်နေပါတယ်။ အခုတော့ Google က သူ့ရဲ့ နည်းပညာကို ပီရူးမှာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး လာမယ့် နှစ်အနည်းငယ်အတွင်းမှာ စီးပွားဖြစ် ၀န်ဆောင်မှုပေးနိုင်တော့မှာ ဖြစ်ပါတယ်။

ယခုနှစ်မှာ ပီရူးတွင် စမ်းသပ်စဉ်မှာ Loon အဖွဲ့ဟာ Carrier တစ်ခုဖြစ်တဲ့ Telefonica နဲ့ ပူးပေါင်းခဲ့ပါတယ်။ Loon အဖွဲ့ဟာ ပီရူး ရေဘေးကြုံတွေ့စဉ်မှာ မိုးပျံဘောလုံးများဖြင့် ဆွစ်ဇာလန် နိုင်ငံ အရွယ်အစားရှိတဲ့ ဧရိယာကို အင်တာနက် ထုတ်လွှင့်ပေးနိုင်ခဲ့ပါတယ်။

မိုးပျံဘောလုံးများဟာ Cell Towers များ တည်ဆောက်ဖို့ ခက်ခဲတဲ့ ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသများမှာတောင် အင်တာနက် ထုတ်လွှင့်ပေးနိုင်ကြပါတယ်။ ကုမ္ပဏီက ၀န်ဆောင်မှုကို ၂၀၁၉ ခုနှစ်မှာ စတင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ Google က ဒီဝန်ဆောင်မှုအတွက် Carriers များနဲ့ ပူးပေါင်းလုပ်ဆောင်မှာ ဖြစ်ပြီး မိုဘိုင်း ကွန်ယက် အော်ပရေတာများစွာနဲ့ ဆွေးနွေးပြီးပါပြီ။

Google ရဲ့ မိုးပျံဘောလုံးများလိုပဲ Facebook ကလည်း နေရောင်ခြည် စွမ်းအင်သုံး မောင်းသူမဲ့ ဒရုန်းများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ နည်းပညာကို တီထွင်နေကြပါတယ်။ အချို့ကလည်း အာကာသမှ ဂြိုလ်တုများကနေ ကမ္ဘာသို့ အင်တာနက် ထုတ်လွှင့်ပေးမယ့် နည်းပညာများကို ရှာဖွေနေကြပါတယ်။

ref : cnet

You may be interested

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား
Apple, HUBS, Mobiles & Tablets
123 shares20 views

နယ်သာလန်မှ Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား

Ko Thuya - Aug 21, 2018

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယ်သာလန် နိုင်ငံ အမ်စတာဒမ်မှ Apple Store တစ်ခုမှာ အိုင်ပတ် တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ဘက်ထရီ ပြဿနာ သို့မဟုတ် အပူလွန်ကဲမှုကြောင့် ဖြစ်တယ်လို့ နယ်သာလန်မှ မီဒီယာတစ်ခု ဖြစ်တဲ့ AT5 က…

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23
HUBS, Mobiles & Tablets, NEWS
476 shares89 views

Waterdrop Notch ပါ Display နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Vivo X23

Creepy Tyler - Aug 20, 2018

[Zawgyi] Vivo ရဲ့ ကိုယ်ပိုင် Digital Assistant ဖြစ်တဲ့ Jovi က ပြောထားတဲ့အတိုင်း Vivo X23 ဖုန်းဟာ ယနေ့၊ သြဂုတ်လ ၂၀ ရက်နေ့မှာ တရားဝင်ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Vivo ရဲ့ တရုတ်နိုင်ငံဝဘ်ဆိုဒ်ကနေ တရားဝင်ထွက်ရှိလာတာဖြစ်ပြီး၊…

Leave a Comment

Most from this category