166 Shares 73 Views

Intel က လူ့ဦးနှောက်လို လေ့လာ သင်ယူနိုင်တဲ့ Chip ကို မိတ်ဆက်

Sep 27, 2017
166 73

Intel က ဥာဏ်ရည်တု နည်းပညာပါတဲ့ Chip ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီ Chip ဟာ လူ့ဦးနှောက်လို လေ့လာသင်ယူနိုင်စွမ်းရှိပါတယ်။ သူ့ကို Intel Loihi Test Chip လို့ အမည်ပေးထားပြီး သူ့ရဲ့ ပတ်ဝန်းကျင်မှ အရာများကို လေ့လာသင်ယူနိုင်ဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ သူဟာ ဥာဏ်ရည်တု နည်းပညာနဲ့ ပတ်သက်တဲ့ အလုပ်များအတွက် အလွန် အသုံးဝင်လာနိုင်ပါတယ်။ Intel က တစ်ကိုယ်ရေနဲ့ စီးပွားဖြစ် လုပ်ငန်းများရဲ့ စက်ရုပ်များအတွက် အလွန် အစွမ်းထက်မယ်လို့ ပြောပါတယ်။

“ Intel Loihi Test Chip မှာ လူ့ဦးနှောက်ရဲ့ အခြေခံ အလုပ်များကို ပုံစံတူ ပြုလုပ်နိုင်တဲ့ Digital Circuit ပါပြီး စွမ်းအင် စားသုံးမှု နည်းပါးစွာဖြင့် လေ့လာသင်ယူမှုများကို လျှင်မြန်စွာ ပြုလုပ်နိုင်ပါတယ်။ သူ့ကြောင့် ကွန်ပြူတာဟာ ယခင်ပြုလုပ်တဲ့ အပြူအမူများအပေါ် အခြေခံပြီး ကိုယ်တိုင် စီမံခန့်ခွဲခြင်း၊ ဆုံးဖြတ်ချက်များ ချခြင်းများကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ “ လို့ Intel Labs ရဲ့ မန်းနေးဂျင်း ဒါရိုက်တာ ဖြစ်သူ Michael Mayberry က ပြောပါတယ်။

Intel ဟာ ဥာဏ်ရည်တု နည်းပညာပါတဲ့ Chip ကို အရင်ဆုံး ဖန်တီးတဲ့ ကုမ္ပဏီ မဟုတ်ပါဘူး။ Google ကလည်း လူ့ဦးနှောက်လို သင်ယူမှုများ ပြုလုပ်နိုင်တဲ့ Cloud အခြေပြု Tensor Processing Units (TPUs) ကို ဖန်တီးထားပါတယ်။ ဒါပေမယ့် Intel ရဲ့ Loihi Test Chip ကတော့ သူ့ကို ထည့်သွင်းထားတဲ့ စက်ပစ္စည်းများထဲမှာ လေ့လာသင်ယူမှုများ ပြုလုပ်ဖို့ ဒီဇိုင်းထုတ်ထားပါတယ်။

လက်ရှိမှာ Intel Loihi ဟာ နမူနာမော်ဒယ် အဆင့်သာ ရှိသေးပြီး ကုမ္ပဏီက ပိုမို အဆင့်မြင့်လာအောင် လာမယ့်နှစ်မှာ တက္ကသိုလ်များ၊ အခြား သုတေသနပညာရှင်များနဲ့ ပူးပေါင်းမှာ ဖြစ်ပါတယ်။

ref : mashable

You may be interested

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ
FEATURES, Mobile & Tablets, Softwares & Application
0 shares0 views

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ

Ko Thuya - Apr 23, 2018

Desktop Version Website များဟာ Broadband Connection တွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်လို့ မိုဘိုင်းဗားရှင်းဝက်ဆိုက် အပါအ၀င် အခြားဝက်ဆိုက်များထက် အရွယ်အစားကြီးမားပါတယ်။ အဲဒီအတွက် ဖုန်းမှာ Tether ပြုလုပ်ပြီး ကွန်ပြူတာမှာ အင်တာနက် အသုံးပြုရင် တစ်နည်းအားဖြင့် ဖုန်းမှ အင်တာနက်ကို…

အကောင်းဆုံး Offline Android Apps များ
FEATURES, Softwares & Application
112 shares26 views

အကောင်းဆုံး Offline Android Apps များ

Ko Thuya - Apr 23, 2018

အခမဲ့ ၀ိုင်ဖိုင် မရလို့ပဲ ဖြစ်ဖြစ် ၊ မိုဘိုင်းဒေတာ သက်သာစေဖို့ပဲ ဖြစ်ဖြစ်၊ အင်တာနက်လိုင်း မမိတဲ့ နေရာရောက်နေလို့ပဲ ဖြစ်ဖြစ် Offline အသုံးပြုနိုင်တဲ့ Android Apps များစွာ ရှိပါတယ်။ အဲဒီအတွက် အကောင်းဆုံး Offline Android Apps…

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့
NEWS, Tech Update
77 shares48 views

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့

Nwe Oo Thant - Apr 23, 2018

[Zawgyi] ဒီတစ်ပတ်မှာတော့ Wikipedia ကနေ page previews ဆိုတဲ့ အသုံးဝင်တဲ့ feature သစ်လေးကို ထပ်ထည့်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကိုပြန်ကြည့်လိုက်လို့ Desktop Wikipedia တွေမှာ ကြီးကြီးမားမားပြောင်းလဲသွားတာကိုပြပါဆိုရင် ဒီ feature သစ်လေးကိုပြရမှာဖြစ်ကြောင်း Wikimedia ဖောင်ဒေးရှင်းကဆိုခဲ့ပါတယ်။ သူကတော့ စာဖတ်သူတွေအတွက်…

Leave a Comment

Most from this category