168 Shares 90 Views

Asus က အပါးလွှာဆုံးနဲ့ အမြန်ဆုံး ZenBook Pro ကို မိတ်ဆက်

Sep 27, 2017
168 90

Asus က ZenBook Pro လက်တော့ အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ ZenBook Pro UX550 လို့ အမည်ပေးထားပြီး Asus က သူထုတ်လုပ်ခဲ့ဖူးသမျှ ZenBook Pro များထဲမှာ အမြန်ဆုံး၊ အပါးလွှာဆုံးနဲ့ အပေါ့ပါးဆုံး ဖြစ်တယ်လို့ ပြောပါတယ်။

သူ့မှာ သတ္တမမျိုးဆက် Intel Core i7 Processor မောင်းနှင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Intel က အဌမမျိုးဆက် Processors ကို ထုတ်လုပ်ရောင်းချနေပြီ ဖြစ်ပါတယ်။ သူ့မှာ စွမ်းရည်မြင့်မားတဲ့ Nvidia GTX 1050 Ti GPU ထည့်သွင်းထားပါတယ်။ ၁၅.၆ လက်မ Full HD Display တပ်ဆင်ထားပါတယ်။

512GB PCle SSD, 16GB RAM တပ်ဆင်ထားပါတယ်။ Thunderbolt 3 USB-C Port ၂ ခု၊ USB 3.1 Type-A Port ၂ ခု ထည့်သွင်းထားပါတယ်။ Windows Hello ကို ထောက်ပံ့တဲ့ လက်ဗွေရာ အာရုံခံ စနစ် ပါပါတယ်။ ထူးခြားတာက လက်တော့များမှာ မတွေ့ရတဲ့ လျှင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာ ပါရှိခြင်း ဖြစ်ပါတယ်။ ၄၉ မိနစ်အားသွင်းရင် ၆၀ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်တယ်လို့ Asus က ပြောပါတယ်။

ZenBook Pro UX550 ဟာ အဖက်ဖက်က ကောင်းမွန်တဲ့ လက်တော့ ဖြစ်သလို ဈေးနှုန်းကလည်း မသေးပါဘူး။ ၁၆၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေအားဖြင့် ၂၃ သိန်းဝန်းကျင် ကျသင့်နိုင်ပါတယ်။

ref : theverge

You may be interested

Dell က ကမ္ဘာ့ ပထမဆုံး ၄၉ လက်မ Ultra-wide QHD Monitor ကို ပြသ
Dell, HUBS, NEWS
0 shares0 views

Dell က ကမ္ဘာ့ ပထမဆုံး ၄၉ လက်မ Ultra-wide QHD Monitor ကို ပြသ

Ko Thuya - Oct 16, 2018

Dell UltraSharp U4919DW ဟာ ကမ္ဘာ့ ပထမဆုံး ၄၉ လက်မ Ultra-wide QHD Monitor ဖြစ်လာပါတယ်။ ဈေးကွက်ထဲမှ အခြား Ultra-wide Display များဟာ Full HD Resolution သာ ရှိပါတယ်။ ဒါ့အပြင်…

၂၀၁၉ ခုနှစ်မှာ အာကာသကို ခရီးသည် ပို့ဆောင်ပေးမယ့် Jeff Bezos
NEWS, Tech Update
0 shares0 views

၂၀၁၉ ခုနှစ်မှာ အာကာသကို ခရီးသည် ပို့ဆောင်ပေးမယ့် Jeff Bezos

Ko Thuya - Oct 16, 2018

Amazon CEO Jeff Bezos က ကုန်ပစ္စည်းများ ရောင်းချတဲ့ လုပ်ငန်း အပြင် Blue Origin အမည်ရ အာကာသ နည်းပညာ ကုမ္ပဏီကိုပါ တည်ထောင်ထားပါတယ်။ ဒီကုမ္ပဏီဟာ သူ့အတွက် အရေးအကြီးဆုံးလို့တောင် သူက ပြောပါတယ်။ သူက အာကာသ…

Microsoft က ပန်းရောင် Surface Laptop 2 ကို ပြသ
HUBS, Microsoft, NEWS
0 shares5 views

Microsoft က ပန်းရောင် Surface Laptop 2 ကို ပြသ

Ko Thuya - Oct 16, 2018

Microsoft က ပန်းရောင် Surface Laptop 2 ကို ပြသလိုက်ပြီး တရုတ်မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Surface ဌာနရဲ့ အကြီးအကဲ ဖြစ်သူ Panos Panay က အဲဒီ အရောင်ကို ဘေဂျင်းမှာ ပြသလိုက်တာပါ။ တရုတ်မှာသာ…

Leave a Comment

Most from this category