962 Shares 728 Views

iPhone X မှာ 3GB RAM နဲ့ 2716mAh Battery ပါရှိ

Sep 27, 2017
962 728

Apple က iPhone X ကို မိတ်ဆက်စဉ်မှာ RAM နဲ့ ဘက်ထရီ ပမာဏများကို ပြောကြားခြင်း မရှိခဲ့ပါဘူး။ Apple ဟာ သူ့ ဖုန်းများရဲ့ Internal Specifications များကို လျှို့ဝှက်ထားလေ့ရှိပါတယ်။ ဒါပေမယ့် တရုတ် ဆက်သွယ်ရေး အာဏာပိုင် TENCC က iPhone X မှာ 3GB RAM, 2716mAh Battery တပ်ဆင်ထားတယ်လို့ အတည်ပြုလိုက်ပါတယ်။

iPhone X ရဲ့ ဘက်ထရီဟာ အရွယ်အစား ပိုမိုကြီးမားတဲ့ iPhone 8 Plus ရဲ့ 2691mAh Battery ထက် ပိုမို ကြီးမားတာက ထူးခြားပါတယ်။ Apple ဟာ ဒီထက်ကြီးမားတဲ့ ဘက်ထရီများကို iPhone များမှာ ထည့်သွင်းပေးခဲ့ဖူးပါတယ်။ Apple ဟာ iPhone 7 Plus မှာ 2900mAh Battery ထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ်။

RAM ပမာဏအပိုင်းမှာ iPhone X ဟာ iPhone 8 Plus နဲ့ တူညီပါတယ်။ iPhone X ရဲ့ 3GB RAM ဟာ စွမ်းဆောင်ရည်မြင့် Android Phone များထက် အလွန် နည်းပါးနေပါတယ်။ ဒါပေမယ့် iPhone များဟာ RAM ပမာဏနည်းပါးလေ့ရှိပေမယ့် စွမ်းရည်မြင့်မားကြတယ်ဆိုတာ ယခင်ထုတ် iPhone များက သက်သေပြခဲ့ကြပြီးပါပြီ။ စွမ်းဆောင်ရည်မြင့် Android Phone များမှာတော့ အနည်းဆုံး 4GB RAM ထည့်သွင်းပေးထားပါတယ်။

ref : theverge

You may be interested

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2
Android, HUBS, Mobiles & Tablets
0 shares0 views

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2

Ko Thuya - Jun 19, 2018

ရှောင်မီက ဧပြီလမှာ Mi 6X ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Android One Version ကို မကြေညာခဲ့ပါဘူး။ အခုတော့ Swiss Online Store တစ်ခုမှာ Xiaomi Mi A2 ကို…

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်
FEATURES, HOW TO, Mobile & Tablets
147 shares668 views

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်

Ko Thuya - Jun 19, 2018

ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး စမတ်ဖုန်းများကို အသုံးပြုနေကြပါပြီ။ စမတ်ဖုန်းများရဲ့ ဘက်ထရီ သက်တမ်းဟာ များသောအားဖြင့် ၈ နာရီ ၀န်းကျင် ဖြစ်ကြပါတယ်။ ဒါပေမယ့် စမတ်ဖုန်းများရဲ့ ဘက်ထရီဟာ အသုံးပြုတာ ကြာလာတာနဲ့အမျှ စွမ်းရည် နည်းပါးလာကြပါတယ်။ အဲဒီအတွက် သင့် စမတ်ဖုန်း ဘက်ထရီ…

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple
Uncategorized
375 shares1172 views

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple

Nwe Oo - Jun 19, 2018

[Zawgyi]  Apple က တခြား Third-Party ဆားဗစ်သမားတွေပြင်ပြီးသား iPhone တွေ iPad တွေကိုပြင်ဆင်ပေးဖို့ ငြင်းဆန်တဲ့အတွက် သြစတေးလျတရားရုံးက Apple ကို A$9သန်း (ကန်ဒေါ်လာ၆.၅သန်း[or] ယူရို၅သန်း) ဒဏ်ငွေတပ်လိုက်ပါတယ်။ မနှစ်ကလည်း ဒီလိုပဲ အမှားအယွင်းဖြစ်နေတဲ့ iPhone, iPad…

Leave a Comment

Most from this category