156 Shares 51 Views

ဒူဘိုင်းက မောင်းသူမဲ့ ကားပျံ တက္ကစီကို စမ်းသပ် ပျံသန်းပြီ

Sep 27, 2017
156 51

ဒူဘိုင်းက မောင်းသူမဲ့ ကားပျံ တက္ကစီကို စတင် စမ်းသပ် ပျံသန်းလိုက်ပြီး လူနှစ်ယောက်စီးနင်းနိုင်ပါတယ်။ ကားပျံ တက္ကစီဟာ အရွယ်ကြီး ဒရုန်းပုံသဏ္ဍာန် ဖြစ်ပါတယ်။ သူ့ရဲ့ အမည်ဟာ Autonomous Air Taxi (AAT) ဖြစ်ပြီး ဒူဘိုင်းက ဒါဟာ ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့ ကားပျံ တက္ကစီ ၀န်ဆောင်မှုလို့ ပြောပါတယ်။ AAT ကို လျှပ်စစ်စွမ်းအင်ဖြင့် မောင်းနှင်မှာ ဖြစ်တဲ့အတွက် သဘာဝ ပတ်ဝန်းကျင်ကို ပျက်ဆီးစေခြင်း မရှိပါဘူး။ လက်ရှိ စမ်းသပ်နေတဲ့ နမူနာ မော်ဒယ်ဟာ တစ်ခါအားသွင်းထားရင် ၃၀ မိနစ် ပျံသန်းနိုင်ပါတယ်။ တစ်နာရီလျှင် ၃၁ မိုင်နှုန်းဖြင့် ပျံသန်းနိုင်ပြီး အမြန်ဆုံး အနေဖြင့် တစ်နာရီလျှင် ၆၂ မိုင်နှုန်းဖြင့် ပျံသန်းနိုင်ပါတယ်။

ဒရုန်းကို ခရီးသည် မပါဘဲ အမြင့်မီတာ ၂၀၀ မှာ စမ်းသပ်ပျံသန်းခဲ့ကြပါတယ်။ AAT ဟာ အမြင့် ၂ မီတာခန့်ရှိပြီး ဂျာမနီ ကုမ္ပဏီ Volocopter က ဖန်တီးပေးထားခြင်း ဖြစ်ပါတယ်။ ဒရုန်းမှာ ပန်ကာပေါင်း ၁၈ ခု ပါရှိပါတယ်။ သူ့မှာ အရေးပေါ် လေထီးများ ပါပါတယ်။ သီးခြားစီ အလုပ်လုပ်တဲ့ ဘက်ထရီ ၉ ခု တပ်ဆင်ထားပါတယ်။ ဘက်ထရီတစ်ခုကို အားသွင်းဖို့ အချိန် ၂ နာရီကြာပေမယ့် နောက်ဆုံးထုတ် မော်ဒယ်များမှာ အားသွင်းချိန်ဟာ သိသိသာသာ လျော့နည်းသွားမယ်လို့ ဒူဘိုင်း အစိုးရက ပြောပါတယ်။

Users များက App ကနေ သူ့ကို ခေါ်ယူခြင်း၊ သူရောက်ရှိနေတဲ့ တည်နေရာကို မြေပုံမှာ ခြေရာခံခြင်းများကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒူဘိုင်း အစိုးရက လာမယ့် ၅ နှစ်အတွင်းမှာ AAT နဲ့ သူ့ရဲ့ ၀န်ဆောင်မှုများကို တိုးတက်စေမယ့် ဥပဒေများ ၊ စည်းမျဉ်းများကို ဖန်တီးမယ်လို့ ကြေညာထားပါတယ်။

ref : theverge

You may be interested

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ
Facebook, HUBS, NEWS
0 shares0 views

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ

Ko Thuya - Apr 23, 2018

New York Times ရဲ့ သတင်းအရ သီရိလင်္ကာမှ လူများစု ဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် Sinhalese လူမျိုးများနဲ့ လူနည်းစု ဖြစ်တဲ့ မူဆလင်များအကြားမှာ Facebook မှ အမုန်းစကားများကြောင့် တင်းမာမှုများ ပိုမို ဆိုးရွားလာတယ်လို့ သိရပါတယ်။ သီရိလင်္ကာ လူမျိုးအများစုဟာ…

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ
Android, HUBS, Meizu
0 shares0 views

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ

Ko Thuya - Apr 23, 2018

မီဇူးက ၅.၉၅ လက်မ အရွယ် AMOLED Display တပ်ဆင်ထားတဲ့ 15 Plus ကို မိတ်ဆက်လိုက်ပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ QHD ဖြစ်ပါတယ်။ ခေတ်စားနေတဲ့ 18:9 မျက်နှာပြင် အချိုးကို မသုံးထားဘဲ 16:9 ကိုသာ သုံးထားပါတယ်။…

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့
NEWS, Tech Update
230 shares41 views

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့

Nwe Oo Thant - Apr 22, 2018

နေ့စဉ်ယူဆောင်သွားလာနေရတဲ့လျှပ်စစ်ပစ္စည်းတွေမှာ ပြန်လည်အားသွင်းအသုံးပြုရတဲဘက်ထရီတွေကို built-in ထည့်သွင်းထားပါတယ်။ စမတ်ဖုန်း၊ တက်ဘလက်နဲ့ vape တွေမှာတောင် ဘက်ထရီတွေနဲ့အသုံးပြုရတာဖြစ်လို့ တစ်ခုခုအမှားအယွင်းဖြစ်ရင်(ဥပမာ- အပူလွန်တာမျိုးဖြစ်ခဲ့ရင်) သုံးနေရင်လက်ထဲမှာတင် ပေါက်ကွဲတာ လောင်ကျွမ်းတာတွေကို  ဗီဒီယိုတွေမှာလည်း မြင်ဖူးပြီးသားဖြစ်မှာပါ။ ဒါကြောင့်လည်း လျှပ်စစ်ပစ္စည်းတွေဝယ်ရင်လည်း စိတ်ချတဲ့ဘက်ထရီတွေကို ရွေးဝယ်ဖို့အရေးကြီးပါတယ်။ အခုလည်း သုတေသီတွေ သိပ္ပံပညာရှင်တွေပူးပေါင်းပြီး…

Leave a Comment

Most from this category