185 Shares 36 Views

ကောက်ပဲသီးနှံများကို စိုက်ပျိုး၊ ရိတ်သိမ်းနိုင်တဲ့ လယ်သမား စက်ရုပ်

Sep 27, 2017
185 36

လူသားများဟာ လယ်ယာစိုက်ပျိုးရေး လုပ်ခဲ့ကြတာ နှစ်ပေါင်း ၁၀ ၀၀၀ လောက် ရှိနေပြီ ဖြစ်ပြီး လယ်ယာလုပ်ငန်းမှာ တိရိစ္ဆာန်များ၊ စက်ကိရိယာများကို အသုံးပြုလာခဲ့ပါတယ်။ လက်မှုလယ်ယာကနေ စက်မှုလယ်ယာကို ပြောင်းလဲခဲ့တဲ့အတွက် သီးနှံအထွက်နှုန်းဟာ အလွန် မြင့်မားလာပါတယ်။ ပြီးခဲ့တဲ့ နှစ်များအတွင်းမှာ လယ်ယာလုပ်ငန်းမှာ ဒရုန်းများ၊ အလိုအလျှောက် မောင်းတဲ့ ယာဉ်စနစ်များလို နည်းပညာများကို အသုံးပြုလာကြပါတယ်။ ဒါပေမယ့် အဲဒီ နည်းပညာများနဲ့အတူ လူသားများ ကိုယ်တိုင် ပါဝင် လုပ်ကိုင်ကြရပါတယ်။

အခုတော့ Harper Adams University မှ သုတေသနပညာရှင်များနဲ့ Precision Decisions Company တို့ပူးပေါင်း၍ Hands Free Hectare စီမံကိန်းဖြင့် လူသားများအား လယ်ယာလုပ်ငန်းခွင်ကနေ အနားယူနိုင်အောင် ဖန်တီးလိုက်ကြပါတယ်။ သူတို့ တီထွင်ထားတဲ့ စက်ရုပ်က မျိုးစေ့ကြဲခြင်း ကနေ ရိတ်သိမ်းခြင်းများအထိ ပြုလုပ်နိုင်ကြပြီး လူသားများရဲ့ အကူအညီ လုံးဝ မလိုအပ်ဘူးလို့ သိရပါတယ်။ လယ်သမား စက်ရုပ်က ပိုးသတ်ဆေးများ ပက်ဖြန်းခြင်း၊ ဓါတ်မြေသြဇာများ ရောစပ်ခြင်းများကို ပြုလုပ်ရာမှာလည်း မှန်ကန်တိကျတယ်လို့ သိရပါတယ်။ လယ်သမား စက်ရုပ်က သီးနှံများ ရိတ်သိမ်းရမယ့် အချိန်ရောက်ရင်လည်း အလိုအလျှောက် သိရှိပါတယ်။

“ ဒီစီမံကိန်းဟာ လူမပါဘဲနဲ့ ကောက်ပဲသီးနှံများ စိုက်ပျိုးနိုင်တယ်ဆိုတာကို သက်သေပြလိုက်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ဒီစီမံကိန်းရဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ “ လို့ ပညာရှင်တစ်ဦးက ပြောပါတယ်။ တီထွင်သူများက ဆောင်းရာသီမှာ စက်ရုပ် လယ်သမားကို နောက်တစ်ကြိမ် စမ်းသပ်မှာ ဖြစ်ပါတယ်။

ref : digitaltrends

You may be interested

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2
Android, HUBS, Mobiles & Tablets
0 shares0 views

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2

Ko Thuya - Jun 19, 2018

ရှောင်မီက ဧပြီလမှာ Mi 6X ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Android One Version ကို မကြေညာခဲ့ပါဘူး။ အခုတော့ Swiss Online Store တစ်ခုမှာ Xiaomi Mi A2 ကို…

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်
FEATURES, HOW TO, Mobile & Tablets
147 shares668 views

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်

Ko Thuya - Jun 19, 2018

ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး စမတ်ဖုန်းများကို အသုံးပြုနေကြပါပြီ။ စမတ်ဖုန်းများရဲ့ ဘက်ထရီ သက်တမ်းဟာ များသောအားဖြင့် ၈ နာရီ ၀န်းကျင် ဖြစ်ကြပါတယ်။ ဒါပေမယ့် စမတ်ဖုန်းများရဲ့ ဘက်ထရီဟာ အသုံးပြုတာ ကြာလာတာနဲ့အမျှ စွမ်းရည် နည်းပါးလာကြပါတယ်။ အဲဒီအတွက် သင့် စမတ်ဖုန်း ဘက်ထရီ…

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple
Uncategorized
375 shares1150 views

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple

Nwe Oo - Jun 19, 2018

[Zawgyi]  Apple က တခြား Third-Party ဆားဗစ်သမားတွေပြင်ပြီးသား iPhone တွေ iPad တွေကိုပြင်ဆင်ပေးဖို့ ငြင်းဆန်တဲ့အတွက် သြစတေးလျတရားရုံးက Apple ကို A$9သန်း (ကန်ဒေါ်လာ၆.၅သန်း[or] ယူရို၅သန်း) ဒဏ်ငွေတပ်လိုက်ပါတယ်။ မနှစ်ကလည်း ဒီလိုပဲ အမှားအယွင်းဖြစ်နေတဲ့ iPhone, iPad…

Leave a Comment

Most from this category