548 Shares 101 Views

စိန်၊ ရွှေ၊ တိုက်တေနီယမ်ဖြင့် ပြုလုပ်ထားတဲ့ iPhone X , iPhone 8 , iPhone 8 Plus ကို မှာနိုင်ပြီ

Sep 27, 2017
548 101

ရုရှား ကုမ္ပဏီ Caviar ဟာ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများရဲ့ ကိုယ်ထည်ကို ရွှေ၊ တိုက်တေနီယမ်နဲ့ အခြား သတ္တုများဖြင့် ဖန်တီး ရောင်းချတဲ့အတွက် နာမည်ကြီးပါတယ်။ အခုလည်း မကြာမီက ကြေညာခဲ့တဲ့ iPhone X, iPhone 8 နဲ့ iPhone 8 Plus တို့ရဲ့ တန်ဖိုးကြီး မော်ဒယ်များကို မိတ်ဆက်လိုက်ပါတယ်။ Caviar က MiG-35 Jet-Fighter , Satan ICBM နဲ့ T-14 Armata Tank တို့လို တိုက်ခိုက်ရေးယာဉ်များကို နှစ်သက်သူများအတွက်လည်း သူတို့ရဲ့ Theme များပါတဲ့ မော်ဒယ်များကို ထုတ်လုပ်ပေးထားပါတယ်။

Caviar က ဖုန်းသုံးလုံးအတွက် မော်ဒယ်များစွာကို ထုတ်လုပ်ပေးထားပါတယ်။ Love Collections မှာ စိန်များ ခြယ်သထားပြီး အနောက်သားရေ တပ်ဆင်ထားတဲ့ မော်ဒယ် ပါဝင်ပါတယ်။ ဗလာဒီမာပူတင်နဲ့ ဒေါ်နယ်ထရမ့်တို့ရဲ့ မျက်နှာများကို ရွှေဖြင့် ထုထွင်းထားတဲ့ မော်ဒယ်များကိုလည်း ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ရုရှားရဲ့ မာဂါဒန်ဒေသမှ မိုးကြိုးသွားကျောက်ဖြင့် တည်ဆောက်ထားတဲ့ iPhone X ကိုလည်း Trend အသစ်အနေဖြင့် Caviar က ဖန်တီးပေးထားပါတယ်။ Caviar ရဲ့ iPhone များဟာ တန်ဖိုးကြီးမားပါတယ်။ တန်ဖိုးအနည်းဆုံး iPhone 8 ဟာ ဒေါ်လာ ၃၀၀၀ တန်ကြေးရှိပြီး မြန်မာငွေ သိန်း ၄၀ ၀န်းကျင်ကျသင့်နိုင်ပါတယ်။ မိုးကြိုးသွားကျောက် iPhone X ဟာ ဒေါ်လာ ၄၅၀၀ ဖြစ်ပြီး မြန်မာငွေ ၆၁ သိန်းဝန်းကျင် ကျသင့်နိုင်ပါတယ်။

ref : gsmarena

You may be interested

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ
FEATURES, Softwares & Application
177 shares54 views

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ

Ko Thuya - Jun 20, 2018

Google ရဲ့ Gmail, Maps စတဲ့ Apps များကိုတော့ စာဖတ်သူများ သိရှိကြပါတယ်။ ဒါပေမယ့် Google ဟာ Android Apps များစွာကို ဖန်တီးပေးထားပါတယ်။ အဲဒီအထဲကမှ သင် မသိတဲ့ Google ရဲ့ အကောင်းစား Android…

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ
Mobiles & Tablets, NEWS
260 shares55 views

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ

Ko Thuya - Jun 20, 2018

Xiaomi က Mi 8 နဲ့ Mi 8 SE တို့ရဲ့ China Stable Version များအတွက် MIUI 9.5 ROM ကို ဖြန့်ချီပေးလိုက်ပါတယ်။ သူတို့ရဲ့ ဗားရှင်းအမည်များကတော့ V9.5.6.0 (OEACNFA) နဲ့…

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds
Uncategorized
118 shares48 views

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds

Nwe Oo - Jun 20, 2018

[Zawgyi] PUBG Corp. ကတော့ စထွက်ကတည်းက ခုချိန်ထိ PlayerUnknown’s Battleground ဂိမ်းကိုဆော့နေတဲ့သူပေါင်း သန်း ၄၀၀ ရှိနေပြီလို့ ဖော်ပြလိုက်ပါပြီ။ တစ်လတစ်လကို Log in ဝင်ဆော့တဲ့သူပေါင်း ၂၂၇သန်းလောက်တောင်ရှိနေပြီး ဒီထက်ပိုများလာဖို့အတွက် အခုဆို Steam မှာ $29.99…

Leave a Comment

Most from this category