456 Shares 587 Views

စက်တင်ဘာလအတွက် အကောင်းဆုံး Android Apps များ

Sep 26, 2017
456 587

လစဉ်လတိုင်း Android Apps အသစ်များစွာ ထွက်ပေါ်နေတဲ့အတွက် အကောင်းဆုံး Apps များကို ရှာဖွေရတာ မလွယ်ကူပါဘူး။ စာဖတ်သူများ အဆင်ပြေစေဖို့အတွက် Digital Times က စက်တင်ဘာလထွက် အကောင်းဆုံး Android Apps များကို ရွေးချယ်ပေးလိုက်ပါတယ်။

Split-Screen Creator

Android Phone များမှာ App ၂ ခုကို ဘေးချင်းယှဉ်၍တစ်ပြိုင်နက် အသုံးပြုနိုင်တဲ့ Split-Screen or Multi Window စွမ်းဆောင်ချက်များ ပါပါတယ်။ Samsung Galaxy Note 8 မှာတော့ Split-Screen ရဲ့ စွမ်းဆောင်ချက် အသစ်တစ်ခု ပါဝင်လာပါတယ်။ သူကတော့ App Pair ဖြစ်ပြီး ခလုတ်တစ်ချက်နှိပ်တာနဲ့ App ၂ ခုကို Split-Screen Mode ဖြင့် ဖွင့်ပေးမှာ ဖြစ်ပါတယ်။ အဲဒီ စွမ်းဆောင်ချက်ကို သင့်ရဲ့ Android မှာ သုံးချင်ရင် Split-Screen Creator အမည်ရ App ကို သုံးနိုင်ပါတယ်။ ဒါပေမယ့် သူဟာ App တိုင်းကိုတော့ တွဲဖက်၍ ဖွင့်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် MIUI နဲ့လည်း အလုပ်မလုပ်ပါဘူး။ YouTube ကြည့်ရင်း Facebook သုံးခြင်းလို App ၂ ခုကို တစ်ပြိုင်နက် သုံးချင်သူများအတွက် စမ်းကြည့်သင့်တဲ့ App ဖြစ်ပါတယ်။

Download

nPlayer

nPlayer က Media Player အသစ် ဖြစ်ပါတယ်။ Media Player များစွာ ရှိပေမယ့် သူ့ရဲ့ ထူးခြားချက်က ဖိုင်ဖော်မက်များစွာကို ထောက်ပံ့ခြင်း ဖြစ်ပါတယ်။ အဲဒီအတွက် ဖိုင်ဖော်မက်များကို ပြောင်းလဲခြင်း၊ Codecs များ ထည့်သွင်းခြင်းများ ပြုလုပ်စရာ မလိုတော့ပါဘူး။ သူ့ရဲ့ User Interface က အသုံးပြုရတာ လွယ်ကူပါတယ်။ သူဟာ Pop-Up Player ကို ပံ့ပိုးပေးထားတဲ့အတွက် အခြား Apps များကို အသုံးပြုနေစဉ်မှာလည်း ရုပ်ရှင်၊ ဗီဒီယိုများကို ကြည့်နိုင်ပါတယ်။ ဒါ့အပြင် စွမ်းဆောင်ချက်များစွာ သူ့မှာ ပါရှိပါတယ်။

Download

Tinycards by Duolingo

နာမည်ကျော် အွန်လိုင်းအခြေပြု ဘာသာစကား သင်ကြားတဲ့ ၀န်ဆောင်မှု Duolingo က ဖန်တီးထားခြင်း ဖြစ်ပြီး Tinycards က ကဒ်များကို အသုံးပြု၍ ဘာသာစကားများကို သင်ကြားပေးပါတယ်။ လက်ရှိမှာ Duolingo ကို အသုံးပြုနေသူများ သာမက အသုံးမပြုသူများကပါ သူ့ကို အသုံးပြုနိုင်ပါတယ်။ သူက ဂိမ်းကစားခြင်းဖြင့် ဘာသာစကားများကို သင်ကြားပေးပါတယ်။ Levels များတိုးတက်လာလေလေ ၊ သင်ဟာ ဘာသာစကားကို ပိုမို တတ်ကျွမ်းလာလေလေ ဖြစ်ပါတယ်။ သူ့မှာ စမတ်ကျတဲ့ သင်ကြားရေး နည်းစနစ်များကို ထည့်သွင်းထားတဲ့အတွက် သင်ယူရာမှာ အလွန်လျှင်မြန်ပါတယ်။

Download

Mixer Create

Mixer Create ကို Microsoft က ဖန်တီးထားခြင်း ဖြစ်ပြီး ဂိမ်းကစားသူများ၊ တိုက်ရိုက် ရုပ်သံထုတ်လွှင့်သူများအတွက် ရည်ရွယ်ဖန်တီးထားပါတယ်။ သူ့မှာ ဖုန်းကနေ ဂိမ်းကစားခြင်းကို တိုက်ရိုက် ထုတ်လွှင့်နိုင်ပါတယ်။ ဒါ့အပြင် သင့်ကိုယ်သင် ဗီဒီယို ရိုက်ကူးပြီး အွန်လိုင်းမှာ တိုက်ရိုက် ထုတ်လွှင့်နိုင်ပါတယ်။ သင့်ရဲ့ ဗီဒီိယိုကို ကြည့်ရှုနေသူများနဲ့လည်း စကားပြောနိုင်ပါတယ်။

Download

ref : androidpit, androidheadlines

You may be interested

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ
FEATURES, Mobile & Tablets, Softwares & Application
0 shares0 views

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ

Ko Thuya - Apr 23, 2018

Desktop Version Website များဟာ Broadband Connection တွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်လို့ မိုဘိုင်းဗားရှင်းဝက်ဆိုက် အပါအ၀င် အခြားဝက်ဆိုက်များထက် အရွယ်အစားကြီးမားပါတယ်။ အဲဒီအတွက် ဖုန်းမှာ Tether ပြုလုပ်ပြီး ကွန်ပြူတာမှာ အင်တာနက် အသုံးပြုရင် တစ်နည်းအားဖြင့် ဖုန်းမှ အင်တာနက်ကို…

အကောင်းဆုံး Offline Android Apps များ
FEATURES, Softwares & Application
112 shares26 views

အကောင်းဆုံး Offline Android Apps များ

Ko Thuya - Apr 23, 2018

အခမဲ့ ၀ိုင်ဖိုင် မရလို့ပဲ ဖြစ်ဖြစ် ၊ မိုဘိုင်းဒေတာ သက်သာစေဖို့ပဲ ဖြစ်ဖြစ်၊ အင်တာနက်လိုင်း မမိတဲ့ နေရာရောက်နေလို့ပဲ ဖြစ်ဖြစ် Offline အသုံးပြုနိုင်တဲ့ Android Apps များစွာ ရှိပါတယ်။ အဲဒီအတွက် အကောင်းဆုံး Offline Android Apps…

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့
NEWS, Tech Update
77 shares48 views

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့

Nwe Oo Thant - Apr 23, 2018

[Zawgyi] ဒီတစ်ပတ်မှာတော့ Wikipedia ကနေ page previews ဆိုတဲ့ အသုံးဝင်တဲ့ feature သစ်လေးကို ထပ်ထည့်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကိုပြန်ကြည့်လိုက်လို့ Desktop Wikipedia တွေမှာ ကြီးကြီးမားမားပြောင်းလဲသွားတာကိုပြပါဆိုရင် ဒီ feature သစ်လေးကိုပြရမှာဖြစ်ကြောင်း Wikimedia ဖောင်ဒေးရှင်းကဆိုခဲ့ပါတယ်။ သူကတော့ စာဖတ်သူတွေအတွက်…

Leave a Comment

Most from this category