125 Shares 63 Views

Snapchat အသုံးပြုသူတွေအနေနဲ့ ကောင်းကင်ကို နေ့ည ပုံစံမျိုးစုံပြောင်းလဲရိုက်နိုင်ပြီ

Sep 26, 2017
125 63

Snapchat က iOS app ရဲ့ update အနေနဲ့ ပိုမိုကောင်းမွန်တဲ့ ရိုက်ချက်တွေနဲ့အတူ ပြင်ဆင်မှုတွေပါရှိပြီဖြစ်ပါတယ်။

Company က ဒီနေ့မှာပဲ သူ့ရဲ့ feature ဖြစ်တဲ့ “Sky Filters” ဖြစ်တဲ့ ကောင်းကင်နောက်ခံထားဓာတ်ပုံတွေမှာ အမြင်အမျိုးမျိုးဖြစ်အောင် ပြောင်းလဲပစ်နိုင်မှာဖြစ်ပါတယ်။Company ဟာ Sky Filters ရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး အသုံးပြုသူဟာ Snapchat ကို ဖွင့်လိုက်တာနဲ့ ကောင်းကင်ကို ပုံစံအမျိုးမျိုးပြောင်းလဲရိုက်နိုင်မှာဖြစ်ပြီး ကိုယ်ကြိုက်ရာ အနေအထားကို ရွေးခြယ်နိုင်မှာဖြစ်ပါတယ်။နေ့ခင်းပိုင်းမှာ ရိုက်သည့်တိုင် ကြယ်တွေစုံတဲ့ညကောင်းကင်ကို ပြောင်းနိုင်သလို၊

တိမ်ထူထူပုံသဏ္ဍာန်၊နေရောင်ခြည်လင်းလက်သာယာတဲ့နေ့ပုံစံ၊သက်တန့်ရောင်ဖြာကျတဲ့ ညနေခင်း အစရှိတဲ့ နေ့ပုံစံ ညပုံစံတွေမျိုးစုံကို ပြောင်းလဲနိုင်ပါတယ်။ရိုးရှင်းတဲ့ လုပ်ဆောင်ချက်ဖြစ်လို့ တကူးတက ပြင်ဆင်နေစရာမလိုပဲ Filters တွေမှာဝင်ပြောင်းပြီး ကောင်းကင်ပုံစံ အမျိုးမျိုးကို တခါထဲ ပြောင်းလဲနိုင်တာ အားသာချက်ဖြစ်ပါတယ်။ဒီလိုမှမဟုတ်ပဲ ပုံရိုက်ပြီး စိတ်ကြိုက်အနေအထားကို ပြောင်းလဲချင်လဲ ရ၇ှိပါတယ်။

ပန်းချီကားတချပ်လို လိုရာဆွဲနိုင်တဲ့ ကောင်းကင်နောက်ခံဓာတ်ပုံတွေကို အသုံးပြုနိုင်ပြီဖြစ်တယ်လို့ Company က ပြောကြားပါတယ်။Snapchat က သိပ်မကြာခင် နှစ်ကာလအတွင်းမှာပဲ Lenses,Bitmoji,motion tracking stickers တို့အပြင် တခြားဟာတွေ ထပ်မံပေါင်းထည့်ခဲ့ပါတယ်။Snapchat ရဲ့ အသစ်တိုးလာတဲ့ထဲမှာ ‘Crowd Surf’ feature ဟာ multivideo နဲ့ live event ရိုက်ကူးမှုတွေအတွက် အထူးကောင်းမွန်ပါတယ်။

Snapchat ကို App Store မှာ free ရယူပြီး အသုံးပြုနိုင်ပါတယ်။

ref;bgr

You may be interested

Android Device က ရုပ်ရှင်၊ ဗီဒီယိုတွေကို TV မှာ ကြည့်ရှုနည်းများ
FEATURES, Mobile & Tablets, Softwares & Application
0 shares0 views

Android Device က ရုပ်ရှင်၊ ဗီဒီယိုတွေကို TV မှာ ကြည့်ရှုနည်းများ

Ko Thuya - Mar 26, 2019

သင့်ရဲ့ Android Device မှ ဓါတ်ပုံ၊ ဗီဒီယိုများကို တီဗီမှာ ကြည့်ချင်ရင် ချိတ်ဆက်နည်းများစွာ ရှိပါတယ်။ သင့်ရဲ့ဖုန်းကို စမတ်တီဗီများနဲ့သာ ၀ိုင်ဖိုင်ဆက်သွယ်မှုကနေ ကြိုးမဲ့ ချိတ်ဆက်နိုင်တာ မဟုတ်ဘဲ သာမာန်တီဗီများနဲ့လည်း ကြိုးမဲ့ သို့မဟုတ် ကြိုးဖြင့် ချိတ်ဆက်နည်းများ ရှိပါတယ်။ WiFi…

Sharp ကလည်း Foldable ဖုန်း ထုတ်တော့မှာလား
Mobiles & Tablets, NEWS
9 shares3 views

Sharp ကလည်း Foldable ဖုန်း ထုတ်တော့မှာလား

Nigma - Mar 26, 2019

မိုဘိုင်းနည်းပညာရဲ့ နောက်ထပ် ဆန်းသစ်မှုတခုကတာ့ ခေါက်ချိုးနိုင်တဲ့ Foldable ဖုန်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆည် Foldable ဖုန်းဆိုလို့ Samsung နဲ့ Huawei တို့ပဲ ကောင်းကောင်း ရှိပါတယ်။ မကြာမီအချိန်အတွင်း Xiaomi, Lenovo, Motorola စတဲ့ ကုမ္ပဏီတွေလည်း…

P30 မိတ်ဆက်ပွဲကို ပွဲဆူအောင် လုပ်ပေးတယ်ဆိုပြီး Apple အား ခနဲ့လိုက်တဲ့ Huawei
Android, Apple, Huawei
39 shares36 views

P30 မိတ်ဆက်ပွဲကို ပွဲဆူအောင် လုပ်ပေးတယ်ဆိုပြီး Apple အား ခနဲ့လိုက်တဲ့ Huawei

Ko Thuya - Mar 26, 2019

Apple က မနေ့က ၀န်ဆောင်မှု အသစ်များကို မနေ့ကပဲ ကြေညာလိုက်ပါတယ်။ ဟွာဝေးက ဒီနေ့မှာ P30 Series များကို မိတ်ဆက်တော့မှာပါ။ သူတို့ရဲ့ မိတ်ဆက်ပွဲများက အချိန်တိုက်ဆိုင်သွားပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး Huawei Ireland က Apple ကို…

Leave a Comment

Most from this category