880 Shares 5142 Views

iPhone မသုံးဘဲ Android ပဲ ကိုင်တဲ့ Bill Gates

Sep 26, 2017
880 5142

Steve Jobs နဲ့ Bill Gates တို့ဟာ ဒီနေ့ခေတ် နည်းပညာလောကကို ပုံဖော်ခဲ့ကြသူများ ဖြစ်ပါတယ်။ သူတို့ဟာ ပြိုင်ဖက်များ ဖြစ်သလို မိတ်ဆွေများလည်း ဖြစ်ခဲ့ပါတယ်။ သွားလေသူ Steve Jobs ရဲ့ iPhone ကို Bill Gates ဟာ သုံးဖူးသလားဆိုတဲ့ မေးခွန်းဟာ စိတ်ဝင်စားစရာကောင်းပါတယ်။

ဝင်းဒိုးဖုန်းများဟာ စမတ်ဖုန်းနယ်ပယ်မှာ မအောင်မြင်ခဲ့သလို အသုံးပြုရတာလည်း မကောင်းတဲ့အတွက် Bill Gates ဟာ ဘယ်ဖုန်းကို သုံးနေသလဲဆိုတာ လေ့လာကြည့်ရအောင်။ Fox News Sunday ရဲ့ Chris Wallace နဲ့ အင်တာဗျူးမှာ ဂိတ်စ်ဟာ ၀င်းဒိုးပီစီ သုံးနေပြီး မကြာခင်ကမှ Android Phone ကို ပြောင်းသုံးခဲ့တယ်လို့ ပြောပါတယ်။ ( ၀င်းဒိုးဖုန်းကနေ Android Phone ကို ပြောင်းကိုင်ခဲ့ပုံပေါ်ပါတယ်။ ) ဒါပေမယ့် ဖုန်းမှာ Microsoft Apps များစွာကို အဓိက ထည့်သွင်းထားပါတယ်။ Microsoft Store မှာလည်း Samsung Galaxy S8 နဲ့ S8 Plus တို့ကို ရောင်းချပေးနေပါတယ်။

လူအချို့ဟာ ဖုန်း ၂ လုံးကို တစ်ပြိုင်ထဲ ကိုင်လေ့ရှိတဲ့အတွက် ဂိတ်စ်မှာ နောက်ထပ် iPhone ၁ လုံးရှိသေးလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Wallace က ဂိတ်စ်ကို iPhone ကိုင်သေးလားလို့ မေးတဲ့အခါမှာတော့ ဂိတ်စ်က မကိုင်ဘူးလို့ ပြောခဲ့ပါတယ်။

Microsoft ရဲ့ စီအီးအို Satya Nadella ကတော့ Apple အပေါ် သဘောထား ပျော့ပြောင်းသူ ဖြစ်ပုံပေါ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က Microsoft Outlook Email စနစ်ကို iPhone ဖြင့် သရုပ်ပြခဲ့ဖူးပါတယ်။

ref : cnet

You may be interested

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ
FEATURES, Softwares & Application
177 shares54 views

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ

Ko Thuya - Jun 20, 2018

Google ရဲ့ Gmail, Maps စတဲ့ Apps များကိုတော့ စာဖတ်သူများ သိရှိကြပါတယ်။ ဒါပေမယ့် Google ဟာ Android Apps များစွာကို ဖန်တီးပေးထားပါတယ်။ အဲဒီအထဲကမှ သင် မသိတဲ့ Google ရဲ့ အကောင်းစား Android…

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ
Mobiles & Tablets, NEWS
260 shares55 views

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ

Ko Thuya - Jun 20, 2018

Xiaomi က Mi 8 နဲ့ Mi 8 SE တို့ရဲ့ China Stable Version များအတွက် MIUI 9.5 ROM ကို ဖြန့်ချီပေးလိုက်ပါတယ်။ သူတို့ရဲ့ ဗားရှင်းအမည်များကတော့ V9.5.6.0 (OEACNFA) နဲ့…

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds
Uncategorized
118 shares48 views

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds

Nwe Oo - Jun 20, 2018

[Zawgyi] PUBG Corp. ကတော့ စထွက်ကတည်းက ခုချိန်ထိ PlayerUnknown’s Battleground ဂိမ်းကိုဆော့နေတဲ့သူပေါင်း သန်း ၄၀၀ ရှိနေပြီလို့ ဖော်ပြလိုက်ပါပြီ။ တစ်လတစ်လကို Log in ဝင်ဆော့တဲ့သူပေါင်း ၂၂၇သန်းလောက်တောင်ရှိနေပြီး ဒီထက်ပိုများလာဖို့အတွက် အခုဆို Steam မှာ $29.99…

Leave a Comment

Most from this category